ကိုဗစ္ကာကြယ္ေဆး ဘယ္ေလာက္ေပးရ၊ ေပးရ ေပးၿပီးဝယ္မယ္လို႔ အတိုင္ပင္ခံပုဂၢိဳလ္ေျပာ

နိုင်ငံအတော်အနေနဲ့ ကိုဗစ်ကာကွယ်ဆေးကို ဘယ်လောက်ပေးရ၊ ပေးရ ပေးပြီးဝယ်သွားမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်းအချိန်က သတင်းမီဒီယာများကို ပြောကြားသွားပါတယ်။

ယနေ့ နေပြည်တော် ကုတင် ၁၀၀၀ဆေးရုံရှိ သူနာပြုသင်တန်းကျောင်းမှာပြုလုပ်သည့် ကျန်းမာရေးဝန်ထမ်းများအား COVISHIELD ကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားသို့ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့စဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။

“ကိုယ့်နိုင်ငံက ထုတ်တယ်ဆိုရင်တမျိုးပေါ့။ ကြိုက်သလောက်ထုတ်လို့ရတယ်။ ခုတော့ တခြားနိုင်ငံကနေပေးရတာ။ ကိုယ်လိုချင်သလောက်လည်း ချက်ချင်းရမှာမဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ။ ဘယ်လောက်ပဲ ပေးရပေးရ ပေးပြီးဝယ်မှာပါ”လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
crd

zawgyi

ႏိုင္ငံအေတာ္အေနနဲ႔ ကိုဗစ္ကာကြယ္ေဆးကို ဘယ္ေလာက္ေပးရ၊ ေပးရ ေပးၿပီးဝယ္သြားမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ယေန႔ နံနက္ပိုင္းအခ်ိန္က သတင္းမီဒီယာမ်ားကို ေျပာၾကားသြားပါတယ္။

ယေန႔ ေနျပည္ေတာ္ ကုတင္ ၁၀၀၀ေဆး႐ုံရွိ သူနာျပဳသင္တန္းေက်ာင္းမွာျပဳလုပ္သည့္ က်န္းမာေရးဝန္ထမ္းမ်ားအား COVISHIELD ကာကြယ္ေဆးထိုးႏွံျခင္းအခမ္းအနားသို႔ အတိုင္ပင္ခံပုဂၢိဳလ္ကိုယ္တိုင္ သြားေရာက္ၾကည့္ရႈခဲ့စဥ္မွာ ထည့္သြင္းေျပာၾကားခဲ့တာပါ။

“ကိုယ့္ႏိုင္ငံက ထုတ္တယ္ဆိုရင္တမ်ိဳးေပါ့။ ႀကိဳက္သေလာက္ထုတ္လို႔ရတယ္။ ခုေတာ့ တျခားႏိုင္ငံကေနေပးရတာ။ ကိုယ္လိုခ်င္သေလာက္လည္း ခ်က္ခ်င္းရမွာမဟုတ္ဘူး။ ႏိုင္ငံေတာ္ကေတာ့ ေပးမွာပဲ။ ဘယ္ေလာက္ပဲ ေပးရေပးရ ေပးၿပီးဝယ္မွာပါ”လို႔ အတိုင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *