ျမန္မာ့တပ္မေတာ္မွာ ျမင္ေတြ႕ရေတာ့မည့္ ႐ုရွားႏိုင္ငံထုတ္ The Orlan-10E ကင္းလွည့္ဒ႐ုန္း

ရုရှားနိုင်ငံဟာ Pantsir-S1 လေကြောင်းကာကွယ်ရေးစနစ်တွေ မြန်မာနိုင်ငံကိုရောင်းချဖို့ သဘောတူညီပြီးနောက်ပိုင်းThe Orlan-10E စောင့်ကြည့်ဒရုန်းတွေ ဆက်လက်ရောင်းချပေးမယ်လို့ The defense post သတင်းဌာနက ဖော်ပြသွားပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံပြီးစစ်လက်နက်တွေဝယ်ယူရေး လက်မှတ်တွေထိုးခဲ့ရာမှာ The Orlan-10E ကင်းလှည့်ဒရုန်းတွေရောင်းချဖို့လည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

Thedefensepost ရဲ့ဖော်ပြမှုအရ မြန်မာ့တပ်မတော်ဟာ Pantsir-S1 လေကြောင်းကာကွယ်ရေးစနစ်ကို
“ဝ” ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသအနီးအနားက ရှမ်းပြည်နယ်မှာ တပ်ဆင်လိမ့်မယ်လို့ ယူဆရကြောင်းလည်း ပါရှိပါတယ်။ရုရှားတပ်မတော်ဟာ The Orlan-10E ဒရုန်းတွေကို ၂၀၁၀ ပြည့်နှစ်ကတည်းက လေကြောင်းကင်းထောက်လုပ်ငန်းနဲ့ စောင့်ကြည့်လုပ်ငန်းတွေမှာ တီထွင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီဒရုန်းတွေဟာ အမြင့်ဆုံး မီတာ ၆၀၀၀ ( ၃.၇ မိုင်) အထိ ပျံသန်းနိုင်ပြီး အမြန်ဆုံးတစ်နာရီ မိုင် ၇၀ နှုန်း နဲ့ ၁၈ နာရီအထိ မနားတမ်းပျံသန်းနိုင်ကာ မိုင် ၉၀ အကွာအဝေးကနေ ထိန်းချုပ်နိုင်တယ်လို့ Forbes မဂ္ဂဇင်းမှာ ဖော်ပြပါရှိပါတယ်။

ဒရုန်းရဲ့ အရှည်က ၁ .၈ မီတာ (၅ ပေ၊ ၉ လက်မ) တောင်ပံက ၃ .၁ မီတာ (၁၀ပေ ၁ လက်မ) အကျယ်ရှိပါတယ်။ အများဆုံးသယ်ဆောင်နိုင်တဲ့ အလေးချိန်က ၁၈ ကီလိုဂရမ်( ပေါင် ၄၀) ဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံကနေ လက်နက်တွေ အဓိကဝယ်ယူတဲ့နိုင်ငံဖြစ်ပြီး

၂၀၀၁ ခုနှစ်နောက်ပိုင်းမှာ ရုရှားဆီကနေ MiG-29 ဂျက်တိုက်လေယာဉ် အစင်း ၃၀၊Yak-130 လေ့ကျင့်ရေးဂျက်လေယာဉ် ၁၂ စင်း၊ Mi-24 ၁၀ စင်း၊ Mi-35P ရဟတ်ယာဉ်တွေနဲ့Pechora-2M လေကြောင်း ဒုံးခွင်းစနစ်တွေကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

Ref : O-Media

zawgyi

႐ုရွားႏိုင္ငံဟာ Pantsir-S1 ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ ျမန္မာႏိုင္ငံကိုေရာင္းခ်ဖို႔ သေဘာတူညီၿပီးေနာက္ပိုင္းThe Orlan-10E ေစာင့္ၾကည့္ဒ႐ုန္းေတြ ဆက္လက္ေရာင္းခ်ေပးမယ္လို႔ The defense post သတင္းဌာနက ေဖာ္ျပသြားပါတယ္။

ၿပီးခဲ့တဲ့တစ္ပတ္က ႐ုရွားကာကြယ္ေရးဝန္ႀကီး ျမန္မာႏိုင္ငံကို ေရာက္ရွိလာခဲ့ၿပီး ျမန္မာ့တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ေတြ႕ဆုံၿပီးစစ္လက္နက္ေတြဝယ္ယူေရး လက္မွတ္ေတြထိုးခဲ့ရာမွာ The Orlan-10E ကင္းလွည့္ဒ႐ုန္းေတြေရာင္းခ်ဖို႔လည္း သေဘာတူခဲ့တယ္လို႔ ဆိုပါတယ္။

Thedefensepost ရဲ႕ေဖာ္ျပမႈအရ ျမန္မာ့တပ္မေတာ္ဟာ Pantsir-S1 ေလေၾကာင္းကာကြယ္ေရးစနစ္ကို
“ဝ” ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရေဒသအနီးအနားက ရွမ္းျပည္နယ္မွာ တပ္ဆင္လိမ့္မယ္လို႔ ယူဆရေၾကာင္းလည္း ပါရွိပါတယ္။႐ုရွားတပ္မေတာ္ဟာ The Orlan-10E ဒ႐ုန္းေတြကို ၂၀၁၀ ျပည့္ႏွစ္ကတည္းက ေလေၾကာင္းကင္းေထာက္လုပ္ငန္းနဲ႔ ေစာင့္ၾကည့္လုပ္ငန္းေတြမွာ တီထြင္အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

အဲဒီဒ႐ုန္းေတြဟာ အျမင့္ဆုံး မီတာ ၆၀၀၀ ( ၃.၇ မိုင္) အထိ ပ်ံသန္းႏိုင္ၿပီး အျမန္ဆုံးတစ္နာရီ မိုင္ ၇၀ ႏႈန္း နဲ႔ ၁၈ နာရီအထိ မနားတမ္းပ်ံသန္းႏိုင္ကာ မိုင္ ၉၀ အကြာအေဝးကေန ထိန္းခ်ဳပ္ႏိုင္တယ္လို႔ Forbes မဂၢဇင္းမွာ ေဖာ္ျပပါရွိပါတယ္။

ဒ႐ုန္းရဲ႕ အရွည္က ၁ .၈ မီတာ (၅ ေပ၊ ၉ လက္မ) ေတာင္ပံက ၃ .၁ မီတာ (၁၀ေပ ၁ လက္မ) အက်ယ္ရွိပါတယ္။ အမ်ားဆုံးသယ္ေဆာင္ႏိုင္တဲ့ အေလးခ်ိန္က ၁၈ ကီလိုဂရမ္( ေပါင္ ၄၀) ျဖစ္ပါတယ္။ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံကေန လက္နက္ေတြ အဓိကဝယ္ယူတဲ့ႏိုင္ငံျဖစ္ၿပီး

၂၀၀၁ ခုႏွစ္ေနာက္ပိုင္းမွာ ႐ုရွားဆီကေန MiG-29 ဂ်က္တိုက္ေလယာဥ္ အစင္း ၃၀၊Yak-130 ေလ့က်င့္ေရးဂ်က္ေလယာဥ္ ၁၂ စင္း၊ Mi-24 ၁၀ စင္း၊ Mi-35P ရဟတ္ယာဥ္ေတြနဲ႔Pechora-2M ေလေၾကာင္း ဒုံးခြင္းစနစ္ေတြကို ဝယ္ယူခဲ့တယ္လို႔ သိရပါတယ္။

Ref : O-Media

Leave a Reply

Your email address will not be published. Required fields are marked *