ျမန္မာႏိုင္ငံတြင္း ဘဂၤလီတို႔အေပၚ Genocide က်ဴးလြန္မႈရွိ-မရွိ စိစစ္ေရးႀကီးၾကပ္ဖို႔ ကန္ဝန္ႀကီးသစ္ Blinken သေဘာတူ

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးသစ္ Antony Blinken က သူ႔ကို ရာထူး ရာထူး ခန႔္အပ္ ဖို႔ အတည္ျပဳေရး အထက္လႊတ္ေတာ္ ၾကားနာ စစ္ေဆးပြဲမွာ ဘဂၤလီအေရးနဲ႔ပတ္သက္ၿပီး အခုလို တုံ႔ျပန္ ေျဖၾကားခဲ့ပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ အတည္ျပဳ ခန႔္အပ္ခံရမယ္ဆိုရင္ ျမန္မာႏိုင္ငံက ဘဂၤလီေတြ အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြက လူမ်ိဳးတုန္း သတ္ျဖတ္မႈ ေျမာက္မေျမာက္ အေမရိကန္ အစိုးရ ဝန္ႀကီးဌာနေတြအၾကား သုံးသပ္ေဆြးေႏြးမႈေတြ ျပဳလုပ္တာကို ႀကီးမႉးဦးေဆာင္ သြား မလားလို႔ Massachusettes ျပည္နယ္၊ အထက္လႊတ္ေတာ္အမတ္ Ed Murkey ရဲ႕ ေမးခြန္းအေပၚ Antony Blinken က ႀကီးမႉးသြားမယ္ဆိုၿပီး ေျဖၾကားသြားတာပါ။

ဒီ ေမးခြန္းကို အထက္လႊတ္ေတာ္ ႏိုင္ငံျခား ဆက္ဆံေရး ေကာ္မတီမွာ ဇန္နဝါရီလ ၁၉ ရက္ေန႔က ျပဳလုပ္တဲ့ Mr. Blinken ကို ႏိုင္ငံျခားေရးဝန္ႀကီး အျဖစ္ ခန႔္အပ္အတည္ ျပဳေရး ၾကားနာ စစ္ေဆးပြဲမွာ မက္ဆာခ်ဴးဆက္ျပည္နယ္က ဒီမိုကရက္ အထက္ လႊတ္ေတာ္ အမတ္ Ed Merkey က ေမးျမန္းခဲ့တာ ျဖစ္ပါတယ္။Antony Blinken ကို ႏိုင္ငံျခားေရး ဝန္ႀကီးအျဖစ္ အထက္လႊတ္ေတာ္က ဇန္နဝါရီ ၂၆ရက္ေန႔က အတည္ျပဳခန႔္အပ္ခဲ့ၿပီးျဖစ္ပါတယ္။

ဝါရင့္ သံတမန္ တစ္ဦး ျဖစ္သူ Antony Blinken က သမၼတ ဘားရက္ အိုဘားမား လက္ထက္မွာ ဒုတိယ ႏိုင္ငံျခားေရး ဝန္ႀကီး အျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။ဒုတိယ ဝန္ႀကီးအျဖစ္ တာဝန္ ထမ္းေဆာင္ေနတုန္းမွာ ျမန္မာႏိုင္ငံကို ၂၀၁၅ ခုႏွစ္ ေမလအတြင္းက တစ္ႀကိမ္နဲ႔ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ လအတြင္းက တစ္ႀကိမ္၊ ႏွစ္ႀကိမ္တိုင္ သြားေရာက္ခဲ့ဖူးသူ ျဖစ္ပါတယ္။

ကမာၻ တစ္ဝွမ္း ဒုကၡသည္ အက်ပ္အတည္းေတြ႕ႀကဳံေနရခ်ိန္ ၂၀၁၅ ခုႏွစ္ ခရီးစဥ္အတြင္း ျမန္မာႏိုင္ငံကို လာေရာက္တဲ့ အခ်ိန္မွာ Antony Blinken က အိႏၵိယ သမုဒၵရာ ပင္လယ္ျပင္မွာ ထြက္ေျပးၾကတဲ့ ေလွစီးေျပးဒုကၡသည္ေတြထဲက တဝက္ေလာက္က ျမန္မာ ႏိုင္ငံ ရခိုင္ ျပည္နယ္က ျဖစ္တယ္ဆိုၿပီး ကမာၻ႔ကုလသမဂၢ နဲ႔ အျခားအဖြဲ႕ေတြ ကေန ရရွိထားတဲ့ အေထာက္အထားေတြ ကိုးကားၿပီး ေျပာၾကားဖူးပါတယ္။

႐ိုဟင္ဂ်ာ အသုံးကို လက္မခံတဲ့ ျမန္မာႏိုင္ငံက ၂၀၁၇ ခုႏွစ္ အတြင္းရခိုင္ျပည္နယ္ကေန ဘဂၤလားေဒ့ရွ္ဘက္ကို ထြက္ေျပး ခဲ့ၾကတဲ့ ဘဂၤလီ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ဘဂၤလားေဒ့ရွ္နဲ႔ တ႐ုတ္ႏိုင္ငံနဲ႔အတူ သုံးႏိုင္ငံ ေဆြးေႏြးမႈေတြ ဒီႏွစ္အစပိုင္းမွာျပဳလုပ္ခဲ့ပါတယ္။
VOA

Unicode

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် Antony Blinken က သူ့ကို ရာထူး ရာထူး ခန့်အပ် ဖို့ အတည်ပြုရေး အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး အခုလို တုံ့ပြန် ဖြေကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်ခံရမယ်ဆိုရင် မြန်မာနိုင်ငံက ဘင်္ဂလီတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက လူမျိုးတုန်း သတ်ဖြတ်မှု မြောက်မမြောက် အမေရိကန် အစိုးရ ဝန်ကြီးဌာနတွေအကြား သုံးသပ်ဆွေးနွေးမှုတွေ ပြုလုပ်တာကို ကြီးမှူးဦးဆောင် သွား မလားလို့ Massachusettes ပြည်နယ်၊ အထက်လွှတ်တော်အမတ် Ed Murkey ရဲ့ မေးခွန်းအပေါ် Antony Blinken က ကြီးမှူးသွားမယ်ဆိုပြီး ဖြေကြားသွားတာပါ။

ဒီ မေးခွန်းကို အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီမှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ Mr. Blinken ကို နိုင်ငံခြားရေးဝန်ကြီး အဖြစ် ခန့်အပ်အတည် ပြုရေး ကြားနာ စစ်ဆေးပွဲမှာ မက်ဆာချူးဆက်ပြည်နယ်က ဒီမိုကရက် အထက် လွှတ်တော် အမတ် Ed Merkey က မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Antony Blinken ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အထက်လွှတ်တော်က ဇန်နဝါရီ ၂၆ရက်နေ့က အတည်ပြုခန့်အပ်ခဲ့ပြီးဖြစ်ပါတယ်။

ဝါရင့် သံတမန် တစ်ဦး ဖြစ်သူ Antony Blinken က သမ္မတ ဘားရက် အိုဘားမား လက်ထက်မှာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ဒုတိယ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတုန်းမှာ မြန်မာနိုင်ငံကို ၂၀၁၅ ခုနှစ် မေလအတွင်းက တစ်ကြိမ်နဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ လအတွင်းက တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

ကမ္ဘာ တစ်ဝှမ်း ဒုက္ခသည် အကျပ်အတည်းတွေ့ကြုံနေရချိန် ၂၀၁၅ ခုနှစ် ခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာရောက်တဲ့ အချိန်မှာ Antony Blinken က အိန္ဒိယ သမုဒ္ဒရာ ပင်လယ်ပြင်မှာ ထွက်ပြေးကြတဲ့ လှေစီးပြေးဒုက္ခသည်တွေထဲက တဝက်လောက်က မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်က ဖြစ်တယ်ဆိုပြီး ကမ္ဘာ့ကုလသမဂ္ဂ နဲ့ အခြားအဖွဲ့တွေ ကနေ ရရှိထားတဲ့ အထောက်အထားတွေ ကိုးကားပြီး ပြောကြားဖူးပါတယ်။

ရိုဟင်ဂျာ အသုံးကို လက်မခံတဲ့ မြန်မာနိုင်ငံက ၂၀၁၇ ခုနှစ် အတွင်းရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး ခဲ့ကြတဲ့ ဘင်္ဂလီ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံနဲ့အတူ သုံးနိုင်ငံ ဆွေးနွေးမှုတွေ ဒီနှစ်အစပိုင်းမှာပြုလုပ်ခဲ့ပါတယ်။
VOA

Leave a Reply

Your email address will not be published. Required fields are marked *