ယူေကႏိုင္ငံရွိ Oxford ကာကြယ္ေဆးထုတ္စက္႐ုံ ဗုံးလန႔္မႈျဖစ္ပြား

ယူေကႏိုင္ငံ Wrexham စက္မႈဇုံရွိ Oxford-AstraZeneca ကာကြယ္ေဆးပုလင္းသြတ္စက္႐ုံကို မေန႔က ဇန္နဝါရီလ ၂၇ ရက္ေန႔မွာ ဗုံးလို႔ယူဆရတဲ့အထုပ္ တစ္ထုပ္ေရာက္လာခဲ့လို႔ ဗုံးလန႔္မႈျဖစ္ပြားခဲ့ပါတယ္။အခုထိသိရသေလာက္ကေတာ့ …

Wrexham စက္မႈဇုံရွိ Workhardt ကာကြယ္ေဆးပုလင္းသြတ္စက္႐ုံမွာျဖစ္ခဲ့တာပါ။ စက္႐ုံကလုပ္သားအခ်ိဳ႕ကို ေဘးကင္းရာကိုေ႐ႊ႕ေျပာင္းခဲ့ပါတယ္။ဗုံးရွာေဖြဖယ္ထုတ္ေရးအဖြဲ႕ေရာက္လာခဲ့ပါတယ္။ရဲတပ္ဖြဲ႕က အဲ့ဒီေနရာကို လတ္တေလာေရွာင္ရွားဖို႔ သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ကာကြယ္ေဆးအသည္းအသန္လိုအပ္ေနခ်ိန္မို႔ ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က ဥေရာပသမဂၢကို ကာကြယ္ေဆးတင္ပို႔မႈမပိတ္ပင္ဖို႔ ပန္ၾကားထားခ်ိန္ျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္႐ုံးကို အေျခအေနေတြမျပတ္သတင္းပို႔ေနပါတယ္။Oxford ကာကြယ္ေဆးထုတ္လုပ္ေနမႈလုပ္ငန္းစဥ္ မထိခိုက္ခဲ့ပါ။ ယခုပုံမွန္အတိုင္းျပန္လည္လည္ပတ္ေနပါၿပီတဲ့။သံသယျဖစ္ဖြယ္အထုပ္ကို ဗုံးဖယ္ရွားေရးစက္႐ုံနဲ႔ ဖယ္ရွားခဲ့ၿပီး စစ္တပ္ကစစ္ေဆးဖို႔ယူေဆာင္သြားပါတယ္။အခုအျဖစ္အပ်က္အေသးစိတ္ကို သိရေအာင္ရဲနဲ႔အတူႀကိဳးပမ္းေဆာင္႐ြက္ေနတယ္လို႔ေဝလ Welsh First Minister ျဖစ္သူ Mark Drakeford ကဆိုထားပါတယ္။

မူရင္းေရးသားသူ – ဆရာ Richard Myo Thant ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

ယူကေနိုင်ငံ Wrexham စက်မှုဇုံရှိ Oxford-AstraZeneca ကာကွယ်ဆေးပုလင်းသွတ်စက်ရုံကို မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ဗုံးလို့ယူဆရတဲ့အထုပ် တစ်ထုပ်ရောက်လာခဲ့လို့ ဗုံးလန့်မှုဖြစ်ပွားခဲ့ပါတယ်။
အခုထိသိရသလောက်ကတော့ …

Wrexham စက်မှုဇုံရှိ Workhardt ကာကွယ်ဆေးပုလင်းသွတ်စက်ရုံမှာဖြစ်ခဲ့တာပါ။ စက်ရုံကလုပ်သားအချို့ကို ဘေးကင်းရာကိုရွှေ့ပြောင်းခဲ့ပါတယ်။ဗုံးရှာဖွေဖယ်ထုတ်ရေးအဖွဲ့ရောက်လာခဲ့ပါတယ်။ရဲတပ်ဖွဲ့က အဲ့ဒီနေရာကို လတ်တလောရှောင်ရှားဖို့ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ကာကွယ်ဆေးအသည်းအသန်လိုအပ်နေချိန်မို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဥရောပသမဂ္ဂကို ကာကွယ်ဆေးတင်ပို့မှုမပိတ်ပင်ဖို့ ပန်ကြားထားချိန်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရုံးကို အခြေအနေတွေမပြတ်သတင်းပို့နေပါတယ်။Oxford ကာကွယ်ဆေးထုတ်လုပ်နေမှုလုပ်ငန်းစဉ် မထိခိုက်ခဲ့ပါ။ ယခုပုံမှန်အတိုင်းပြန်လည်လည်ပတ်နေပါပြီတဲ့။သံသယဖြစ်ဖွယ်အထုပ်ကို ဗုံးဖယ်ရှားရေးစက်ရုံနဲ့ ဖယ်ရှားခဲ့ပြီး စစ်တပ်ကစစ်ဆေးဖို့ယူဆောင်သွားပါတယ်။အခုအဖြစ်အပျက်အသေးစိတ်ကို သိရအောင်ရဲနဲ့အတူကြိုးပမ်းဆောင်ရွက်နေတယ်လို့ဝေလ Welsh First Minister ဖြစ်သူ Mark Drakeford ကဆိုထားပါတယ်။
မူရင်းရေးသားသူ – ဆရာ Richard Myo Thant လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *