ကို႐ိုနာဗိုင္းရပ္စ္ စတင္ေတြ႕ရွိတဲ့ တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕အေၾကာင္း သတင္းေရးခဲ့သူ ေထာင္ (၄) ႏွစ္က်..

ကိုဗစ်စတင်ဖြစ်ပွားရာ တရုတ်ပြည် ဝူဟန်မြို့မှာ ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) စတင်ကူးစက်ဖြစ်ပွားမှုနဲ့ ဆက်စပ်အကြောင်းအရာများကို သတင်းရေးသားခဲ့သူ တရုတ်အမျိုးသမီး စီတီဇင်ဂျာနယ်လစ်တစ်ဦး ထောင်ဒဏ် (၄) နှစ် ချမှတ်ခံရကြောင်း သိရပါတယ်။

၂၀၂၀ မေလကတည်းက ဖမ်းဆီးခံခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် Zhang Zhan ကို အငြင်းပွားဖွယ်ရာများ ဖန်တီးမှုနဲ့ ပြဿနာဖြစ်စေမှုဖြင့် စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်မှာ တက်ကြွလှုပ်ရှားသူတွေကို မကြာခဏ ထိုစွဲချက်ဖြင့် တရားစွဲဆိုလေ့ရှိပါတယ်။ ရှေ့နေဟောင်းဖြစ်သူ Zhang Zhan ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် လနဲ့ချီပြီး အစာငတ်ခံဆန္ဒပြခဲ့ကြောင်းနဲ့ သူမဟာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်း သူမရဲ့ရှေ့နေက ပြောပါတယ်။

ရှန်ဟိုင်းမြို့ တရားရုံးတခုမှာ ယနေ့ ဒီဇင်ဘာ ၂၈ ရက် အမိန့်ချမှတ်ခဲ့တဲ့ တရားခွင်ကို Zhang Zhan တက်‌ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Zhang Zhan ကို စွဲချက်တင်ထားတဲ့ အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ထွက်ပေါ်လာခဲ့ရာမှာ သူမက ဖေဖေါ်ဝါရီလအတွင်း ကိုဗစ်စတင်ရာ ဝူဟန်မြို့သို့ သွားရောက်ပြီး သတင်းအတော်များများ တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

Zhang Zhan က အခြား လွတ်လပ်တဲ့ဂျာနယ်လစ်များ ထိန်းသိမ်းခံရမှုနဲ့ ရောဂါဖြစ်ပွားသူတွေရဲ့ မိသားစုတွေကို အနှောင့်အယှက်ပြုခံရကြောင်း သတင်းများ ရေးသားတင်ဆက်ခဲ့တယ်လို့ Chinese Human Rights Defenders (CHRD) က ဆိုပါတယ်။ Zhang Zhan ရဲ့ သတင်းရေးသားမှုတွေကို ဖေဖေါ်ဝါရီလအတွင်း ဆိုရှယ်မီဒီယာမှာ အများအပြား မျှဝေခဲ့ပြီးနောက် တရုတ်အာဏာပိုင်တွေက သူမကို သတိပြုမိလာခဲ့ကြပါတယ်။

ထို့နောက် မေ ၁၄ ရက်နေ့မှာတော့ Zhang Zhan ဟာ ဝူဟန်မြို့ကနေ ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ နောက်တစ်ရက်အကြာမှာ သူမကို ဝူဟန်နဲ့ မိုင် ၄၀၀ ကျော်ဝေးတဲ့ ရှန်ဟိုင်းမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Zhang Zhan ဟာ ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိတဲ့ ဝူဟန်အကြောင်းကို သတင်းရေးသားမှုကြောင့် ပြဿနာကြုံရတဲ့ ပထမဆုံး စီတီဇင်ဂျာနယ်လစ် မဟုတ်ဘူးလို့ ဆိုပါတယ်။

ထိုသို့ သတင်းရေးသားခဲ့တဲ့ စီတီဇင်ဂျာနယ်လစ် အနည်းဆုံး (၃) ဦးဟာ ဖေဖေါ်ဝါရီလအတွင်း ပျောက်ဆုံးသွားခဲ့ပြီး လက်ရှိအချိန်အထိ ၎င်းတို့ထဲမှတစ်ဦးဟာ မည်သည့်နေရာမှာ ရောက်ရှိနေကြောင်း မသိရသေးပါဘူး။ ယခုဖြစ်ရပ်ဟာ စီတင်ဇင်ဂျာနယ်လစ် Zhang Zhan အတွက် အာဏာပိုင်တွေနဲ့ ပထမဆုံးအကြိမ် ပြဿနာဖြစ်ခဲ့တာ မဟုတ်ဘူးလို့ဆိုပါတယ်။

Zhang Zhan ဟာ ဖမ်းဆီးခံထားရစဉ် စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုခံယူရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်လို့ သိရပါတယ်။
crd

zawgyi

ကိုဗစ္စတင္ျဖစ္ပြားရာ တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕မွာ ကမာၻ႔ကပ္ေရာဂါျဖစ္ေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (SARS-CoV-2) စတင္ကူးစက္ျဖစ္ပြားမႈနဲ႔ ဆက္စပ္အေၾကာင္းအရာမ်ားကို သတင္းေရးသားခဲ့သူ တ႐ုတ္အမ်ိဳးသမီး စီတီဇင္ဂ်ာနယ္လစ္တစ္ဦး ေထာင္ဒဏ္ (၄) ႏွစ္ ခ်မွတ္ခံရေၾကာင္း သိရပါတယ္။

၂၀၂၀ ေမလကတည္းက ဖမ္းဆီးခံခဲ့တဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ Zhang Zhan ကို အျငင္းပြားဖြယ္ရာမ်ား ဖန္တီးမႈနဲ႔ ျပႆနာျဖစ္ေစမႈျဖင့္ စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္မွာ တက္ႂကြလႈပ္ရွားသူေတြကို မၾကာခဏ ထိုစြဲခ်က္ျဖင့္ တရားစြဲဆိုေလ့ရွိပါတယ္။ ေရွ႕ေနေဟာင္းျဖစ္သူ Zhang Zhan ဟာ ဖမ္းဆီးထိန္းသိမ္းခံထားရစဥ္ လနဲ႔ခ်ီၿပီး အစာငတ္ခံဆႏၵျပခဲ့ေၾကာင္းနဲ႔ သူမဟာ က်န္းမာေရးမေကာင္းျဖစ္ေနေၾကာင္း သူမရဲ႕ေရွ႕ေနက ေျပာပါတယ္။

ရွန္ဟိုင္းၿမိဳ႕ တရား႐ုံးတခုမွာ ယေန႔ ဒီဇင္ဘာ ၂၈ ရက္ အမိန႔္ခ်မွတ္ခဲ့တဲ့ တရားခြင္ကို Zhang Zhan တက္‌ေရာက္ခဲ့တယ္လို႔ ဆိုပါတယ္။ Zhang Zhan ကို စြဲခ်က္တင္ထားတဲ့ အမႈနဲ႔ပတ္သက္တဲ့ စာ႐ြက္စာတမ္းေတြ ထြက္ေပၚလာခဲ့ရာမွာ သူမက ေဖေဖၚဝါရီလအတြင္း ကိုဗစ္စတင္ရာ ဝူဟန္ၿမိဳ႕သို႔ သြားေရာက္ၿပီး သတင္းအေတာ္မ်ားမ်ား တင္ဆက္ခဲ့တယ္လို႔ သိရပါတယ္။

Zhang Zhan က အျခား လြတ္လပ္တဲ့ဂ်ာနယ္လစ္မ်ား ထိန္းသိမ္းခံရမႈနဲ႔ ေရာဂါျဖစ္ပြားသူေတြရဲ႕ မိသားစုေတြကို အေႏွာင့္အယွက္ျပဳခံရေၾကာင္း သတင္းမ်ား ေရးသားတင္ဆက္ခဲ့တယ္လို႔ Chinese Human Rights Defenders (CHRD) က ဆိုပါတယ္။ Zhang Zhan ရဲ႕ သတင္းေရးသားမႈေတြကို ေဖေဖၚဝါရီလအတြင္း ဆိုရွယ္မီဒီယာမွာ အမ်ားအျပား မွ်ေဝခဲ့ၿပီးေနာက္ တ႐ုတ္အာဏာပိုင္ေတြက သူမကို သတိျပဳမိလာခဲ့ၾကပါတယ္။

ထို႔ေနာက္ ေမ ၁၄ ရက္ေန႔မွာေတာ့ Zhang Zhan ဟာ ဝူဟန္ၿမိဳ႕ကေန ေပ်ာက္သြားခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္တစ္ရက္အၾကာမွာ သူမကို ဝူဟန္နဲ႔ မိုင္ ၄၀၀ ေက်ာ္ေဝးတဲ့ ရွန္ဟိုင္းၿမိဳ႕မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလိုက္ျခင္းျဖစ္ေၾကာင္း သတင္းထြက္ေပၚလာခဲ့ပါတယ္။ Zhang Zhan ဟာ ကို႐ိုနာဗိုင္းရပ္စ္စတင္ေတြ႕ရွိတဲ့ ဝူဟန္အေၾကာင္းကို သတင္းေရးသားမႈေၾကာင့္ ျပႆနာႀကဳံရတဲ့ ပထမဆုံး စီတီဇင္ဂ်ာနယ္လစ္ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ထိုသို႔ သတင္းေရးသားခဲ့တဲ့ စီတီဇင္ဂ်ာနယ္လစ္ အနည္းဆုံး (၃) ဦးဟာ ေဖေဖၚဝါရီလအတြင္း ေပ်ာက္ဆုံးသြားခဲ့ၿပီး လက္ရွိအခ်ိန္အထိ ၎တို႔ထဲမွတစ္ဦးဟာ မည္သည့္ေနရာမွာ ေရာက္ရွိေနေၾကာင္း မသိရေသးပါဘူး။ ယခုျဖစ္ရပ္ဟာ စီတင္ဇင္ဂ်ာနယ္လစ္ Zhang Zhan အတြက္ အာဏာပိုင္ေတြနဲ႔ ပထမဆုံးအႀကိမ္ ျပႆနာျဖစ္ခဲ့တာ မဟုတ္ဘူးလို႔ဆိုပါတယ္။

Zhang Zhan ဟာ ဖမ္းဆီးခံထားရစဥ္ စိတ္ပိုင္းဆိုင္ရာ စစ္ေဆးမႈခံယူရန္ အတင္းအက်ပ္ ဖိအားေပးခံခဲ့ရတယ္လို႔ သိရပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *