ဇန်နဝါရီလအတွက် မီတာခ(၁၅၀) ယူနစ်ကင်းလွတ်ခွင့်ပေး




CRD – Omedia

Unicode

ဇန်နဝါရီလ တစ်လလုံးအတွက် မီတာခတွေကို (၁၅၀) ယူနစ် ကင်းလွတ်ခွင့်ပေးသွားမယ်လို့ အစိုးရက ဇန်နဝါရီလ (၂၇ )ရက်နေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

အခုကင်းလွတ်ခွင့်မှာလည်း ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေ အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွေကို ကင်းလွတ်ခွင့်ပေးထားတာပါ။

ကိုဗစ်ကြောင့် ပြည်သူတွေ စိတ်ဓာတ်ရေးရာနဲ့ စီးပွားရေးအရ ကြပ်တည်းတာတွေကို အထိုက်အလျောက် ဖြေလျော့နိုင်ဖို့ လစဉ် (၁၅၀) ယူနစ် ကျပ်ငွေ (၁၁၅၅၀) ဖိုး ကင်းလွတ်ခွင့်ပေးနေတာ ဖြစ်ပါတယ်။

ကင်းလွတ်ခွင့်ပေးတာကိုတော့ ကိုဗစ်ကပ်ဘေးစခဲ့တဲ့ ၂၀၂၀ ဧပြီလ ကစပြီး အခု ၂၀၂၁ ဇန်နဝါရီလအထိ ကင်းလွတ်ခွင့်ပေးနေတာလည်း ဖြစ်ပါတယ်။
CRD – Omedia

Leave a Reply

Your email address will not be published. Required fields are marked *