တ႐ုတ္တြင္ ကိုဗစ္ စစ္ေ ဆးမႈ ကို စအိုတို႔ပတ္ နမူ နာယူၿပီး စ စ္ေ ဆး

ကိုဗစ္ေရာဂါပိုးရွိမရွိကို အာေခါင္တို႔ပတ္၊ ႏွာေခါင္းတို ႔ပတ္ယူစစ္ေဆးတဲ့စနစ္နဲ႔ စစ္ေဆးၾကေပ မယ့္ တ႐ုတ္ႏိုင္ငံကေ တာ့ ဒီတို႔ပတ္နမူနာ ယူမႈေတြထက္ပိုၿပီး အဆင္ေျပေစမယ့္ စအိုတို႔ပတ္နမူနာယူတဲ့ စစ္ေဆးမႈေတြလုပ္ေနခဲ့တယ္လို႔ သတင္းရင္းျမစ္ စ္ခုက ေဖာ္ျပထားပါ တယ္။

ၿပီးခဲ့တဲ့ တစ္ပတ္က ေပက်င္းၿမိဳ႕မွာ ကိုးႏွစ္အ႐ြယ္ကေလးအပါအဝင္ ကိုဗစ္ကူးစက္လူနာေတြ ျပန္ေတြ႕ရွိရၿပီးေနာက္ သူတို႔ရဲ႕ အိမ္နီးနားခ်င္းေတြကို ပိုးရွိမရွိစစ္ေဆးရာမွာ အသက္အႏၲရာယ္စိုးရိမ္ရတဲ့သူေတြကို ခက္ခက္ခဲခဲစစ္ေဆးခဲ့ရလို႔ စအိုထဲက တို႔ပတ္ယူၿပီး စစ္ေဆးခဲ့တာလို႔ ဆိုပါတယ္။

ႏွာေခါင္းနဲ႔ အာေခါင္တို႔ပတ္ေမႊေႏွာက္ရယူတာ ခံရခက္ေစအတြက္ စအိုထဲကို သုံးစင္တီမီတာကေန ငါးစင္တီမီတာအထိ စစ္ေဆးတံကို ႏွစ္ႀကိမ္ထိုးထည့္ၿပီး ဆယ္စကၠန႔္အၾကာမွာ ျပန္ထုတ္ယူလို႔ နမူနာေသတၱာထဲ ထည့္သြင္းစစ္ေဆးတာက ပိုမိုသက္သာထိေရာက္တာေတြ႕ရတယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံက ထုတ္လႊင့္မႈျပဳလုပ္သြားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ (၁၇) ရက္ေန႔ကစလို႔ ေပက်င္းမွာ ေနထိုင္သူသုံးသန္းေက်ာ္ကို ကို႐ိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးမႈေတြလုပ္ခဲ့ၿပီး စအိုတို႔ပတ္ယူစစ္ေဆးတာကို မႏွစ္ကတည္းက စတင္လုပ္ေဆာင္ေနခဲ့တာျဖစ္ ပါတယ္။

Unicode

ကိုဗစ်ရောဂါပိုးရှိမရှိကို အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်ယူစစ်ဆေးတဲ့စနစ်နဲ့ စစ်ဆေးကြပေမယ့် တရုတ်နိုင်ငံကတော့ ဒီတို့ပတ်နမူနာယူမှုတွေထက်ပိုပြီး အဆင်ပြေစေမယ့် စအိုတို့ပတ်နမူနာယူတဲ့ စစ်ဆေးမှုတွေလုပ်နေခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ပေကျင်းမြို့မှာ ကိုးနှစ်အရွယ်ကလေးအပါအဝင် ကိုဗစ်ကူးစက်လူနာတွေ ပြန်တွေ့ရှိရပြီးနောက် သူတို့ရဲ့ အိမ်နီးနားချင်းတွေကို ပိုးရှိမရှိစစ်ဆေးရာမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေကို ခက်ခက်ခဲခဲစစ်ဆေးခဲ့ရလို့ စအိုထဲက တို့ပတ်ယူပြီး စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

နှာခေါင်းနဲ့ အာခေါင်တို့ပတ်မွှေနှောက်ရယူတာ ခံရခက်စေအတွက် စအိုထဲကို သုံးစင်တီမီတာကနေ ငါးစင်တီမီတာအထိ စစ်ဆေးတံကို နှစ်ကြိမ်ထိုးထည့်ပြီး ဆယ်စက္ကန့်အကြာမှာ ပြန်ထုတ်ယူလို့ နမူနာသေတ္တာထဲ ထည့်သွင်းစစ်ဆေးတာက ပိုမိုသက်သာထိရောက်တာတွေ့ရတယ်လို့ နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်မှုပြုလုပ်သွားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၇) ရက်နေ့ကစလို့ ပေကျင်းမှာ နေထိုင်သူသုံးသန်းကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးမှုတွေလုပ်ခဲ့ပြီး စအိုတို့ပတ်ယူစစ်ဆေးတာကို မနှစ်ကတည်းက စတင်လုပ်ဆောင်နေခဲ့တာဖြစ် ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *