ထရမ့္ပ္နဲ႔ တူတဲ့ ငါးမန္းပုံ လူမႈမီဒီယာမ်ားတြင္ ေရပန္းစား(ပင္လယ္နက္ထဲက ထရမ့္ပ္ )

အေမရိက သမၼတေဟာင္း ဒြန္နယ္ထရမ့္ပ္ႏွင့္ ဆင္တူသည္ ၉ ေပရွည္ေသာ ငါးမန္းတစ္ေကာင္သည္ ပုံမ်ားထဲတြင္ တစ္ခုခုကို ကိုက္ရန္အဆင္သင့္ ျပင္ထား သကဲ့သို႔ သူ၏ပါးစပ္ကိုဖြင့္ကာ ၾကည္လင္ေသာ ေရမ်က္ႏွာျပင္ေအာက္တြင္ သူ၏ သြားမ်ားကို ျပသေနသည္။

ဒီဇင္ဘာ ၁၉ ရက္က ဖေလာ္ရီဒါျပည္နယ္၊ ဂ်ဴပီတာမွ ေရေအာက္ဓာတ္ပုံဆရာႏွင့္ ဗီဒီယို႐ိုက္ကူးေရး သမား အသက္ ၂၇ ႏွစ္အ႐ြယ္ Tanner Mansell က ယခု ပုံမ်ားကို ႐ိုက္ကူးခဲ့သည္။

တြစ္တာအသုံးျပဳသူ တစ္ဦး က“ ငါက ငါးမန္းကို ႀကိဳတင္ ေတာင္းပန္ခ်င္တယ္၊ ဒါေပမဲ့ သူက ထရမ့္ပ္နဲ႔ ေတာ္ေတာ္တူတယ္” ဟုေျပာၾကားခဲ့သည္။ အျခားတစ္ ဦး က“ ဒြန္နယ္ထရမ့္ပ္ ငါးမန္း”ဟု ေရးသည္။အသုံးျပဳသူတစ္ဦးက “ပင္လယ္နက္ထဲက ထရမ့္ပ္ ” ဟုထပ္မံ အမည္ေပးခဲ့သည္။

Tanner Mansell က“ ဓာတ္ပုံကို ကြၽန္ေတာ္ စတင္တဲ့ အခ်ိန္က ဒါကို သတိမျပဳမိဘူး။ ထရမ့္ပ္နဲ႔ တူတယ္ဆိုတဲ့ မွတ္ခ်က္ေတြကို ျမင္မွ ကိုယ္တိုင္ သတိထားမိလိုက္တယ္။ “ ဒါ ရယ္စရာေကာင္းၿပီး ထူးျခားတယ္။ လူနဲ႔ငါးမန္း ႏႈိင္းယွဥ္ထားတာကို ဘယ္သူမွ မၾကားဖူးၾကဘူး “ဟု ေျပာခဲ့သည္။
မင္းသုတဟန္

Ref: The Star
CRD – ChannelKeyMyanmar

Unicode

အမေရိက သမ္မတဟောင်း ဒွန်နယ်ထရမ့်ပ်နှင့် ဆင်တူသည် ၉ ပေရှည်သော ငါးမန်းတစ်ကောင်သည် ပုံများထဲတွင် တစ်ခုခုကို ကိုက်ရန်အဆင်သင့် ပြင်ထား သကဲ့သို့ သူ၏ပါးစပ်ကိုဖွင့်ကာ ကြည်လင်သော ရေမျက်နှာပြင်အောက်တွင် သူ၏ သွားများကို ပြသနေသည်။

ဒီဇင်ဘာ ၁၉ ရက်က ဖလော်ရီဒါပြည်နယ်၊ ဂျူပီတာမှ ရေအောက်ဓာတ်ပုံဆရာနှင့် ဗီဒီယိုရိုက်ကူးရေး သမား အသက် ၂၇ နှစ်အရွယ် Tanner Mansell က ယခု ပုံများကို ရိုက်ကူးခဲ့သည်။

တွစ်တာအသုံးပြုသူ တစ်ဦး က“ ငါက ငါးမန်းကို ကြိုတင် တောင်းပန်ချင်တယ်၊ ဒါပေမဲ့ သူက ထရမ့်ပ်နဲ့ တော်တော်တူတယ်” ဟုပြောကြားခဲ့သည်။ အခြားတစ် ဦး က“ ဒွန်နယ်ထရမ့်ပ် ငါးမန်း”ဟု ရေးသည်။
အသုံးပြုသူတစ်ဦးက “ပင်လယ်နက်ထဲက ထရမ့်ပ် ” ဟုထပ်မံ အမည်ပေးခဲ့သည်။

Tanner Mansell က“ ဓာတ်ပုံကို ကျွန်တော် စတင်တဲ့ အချိန်က ဒါကို သတိမပြုမိဘူး။ ထရမ့်ပ်နဲ့ တူတယ်ဆိုတဲ့ မှတ်ချက်တွေကို မြင်မှ ကိုယ်တိုင် သတိထားမိလိုက်တယ်။ “ ဒါ ရယ်စရာကောင်းပြီး ထူးခြားတယ်။ လူနဲ့ငါးမန်း နှိုင်းယှဉ်ထားတာကို ဘယ်သူမှ မကြားဖူးကြဘူး “ဟု ပြောခဲ့သည်။
မင်းသုတဟန်

Ref: The Star
CRD – ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *