အားလုံးေမွ်ာ္လင့္ေနတဲ့ တစ္လုံ းတည္းပဲထိုးဖို႔လို တဲ့ Johnson & Johnson ရဲ႕ Phase 3 ကာကြယ္ေဆးစမ္းသပ္မႈရလဒ္ကိုေ နာက္အပတ္ထဲမွာသိရမည္ဟုဆို(တစ္လုံးတည္းေပမယ့္စြမ္းမယ့္ေဆး)

အားလုံးေမွ်ာ္လင့္ေနတဲ့ တစ္လုံးတည္းပဲထိုးဖို႔လိုတဲ့ Johnson & Johnson ရဲ႕ Phase 3 ကာကြယ္ေ းစမ္းသပ္မႈရလဒ္ကိုေ နာ က္အပတ္ထဲမွာ သိရမယ္လို႔ဆိုပါတယ္။J&J – Janssen Pharmaceuticals – Johnson & Johnson စသည္ျဖင့္ နာမည္ကိုေရာေခၚတ တ္ၾကပ ါတယ္။

တကယ္ေတာ့ Janssen Pharmaceuticals ဟာ ၁၉၅၃ မွာထူေထာင္ခဲ့တဲ့ 🇧🇪 ဘယ္ဂ်ီယံေဆးဝါးထုတ္လုပ္ေရးကုမၸဏီျဖစ္ၿပီး 🇺🇸 အေမရိကန္ကုမၸဏီ Johnson & Johnson က Janssen Pharmaceuticals ကို ၁၉၆၁ မွာဝယ္ယူခဲ့တာပါ။ကိုဗစ္အတြက္ Janssen Pharmaceuticals က 🇮🇱 အစၥေရးက Beth Israel Deaconess Medical Center နဲ႔ပူးေပါင္းၿပီး #တစ္လုံးပဲထိုးဖို႔လိုတဲ့ “Ad26.COV2.S” ဆိုတဲ့ ကိုဗစ္ကာကြယ္ေဆးကိုထုတ္ပါတယ္။

အဲ့ဒီ Ad26.COV2.S ကို Johnson & Johnson Covid-19 vaccine လို႔ေခၚသလို Janssen Covid-19 vaccine လို႔လည္းေခၚပါတယ္။”J ေတြမ်ားရင္ရႈပ္တတ္တာမို႔” ရွင္းျပတာပါ။သိထားရမယ့္အခ်က္ေတြကိုေျပာျပပါ့မယ္။အခု Phase 3 စမ္းသပ္မႈၿပီးကာနီးေနၿပီး ေဒတာကိုေနာက္အပတ္ရမယ္လို႔ဆိုပါတယ္။non-for-profit #ကိုဗစ္ကာလမွာအက်ိဳးအျမတ္အတြက္မထုတ္ဘူးဆိုတဲ့ ရည္႐ြယ္ခ်က္ေကာင္းနဲ႔ လုပ္ခဲ့တာပါ။

Oxford ကာကြယ္ေဆးလိုပဲ Adenovirus vector နဲ႔လုပ္ထားတဲ့ကာကြယ္ေဆးပါ။သယ္ယူပို႔ေဆာင္ထိုးႏွံရတာ Oxford ကာကြယ္ေဆးလိုပဲ #သာမန္ေရခဲသေတၱာအပူခ်ိန္မွာ လနဲ႔ခ်ီသိမ္းလို႔ရတယ္လို႔ဆိုပါတယ္။Phase 1 – 2 မွာ လူေပါင္း ၁၀၄၅ ေယာက္စမ္းသပ္ခဲ့ပါတယ္။

Neutralizing antibody titers ဟာ အားလုံးမွာ ၂၉ ရက္ေျမာက္ေန႔မွာ ၉၀ ရာႏႈန္းေက်ာ္ထြက္တယ္လို႔ဆိုပါတယ္။၅၇ ရက္မွာ ၁၀၀ ရာႏႈန္းအထိတက္ၿပီး ၇၁ ရက္အထိတည္ၿငိမ္မႈရွိတယ္လို႔ ဆိုပါတယ္။Phase 3 ကို လူေပါင္း ၄၅၀၀၀ မွာစမ္းသပ္ဖို႔စီမံထားပါတယ္။

အခုထိကနဦးေတြ႕ရွိခ်က္ေတြအရေတာ့ အာနိသင္ထိေရာက္မႈ ၇၀ ရာႏႈန္းေက်ာ္အထိေတြ႕ရထားပါတယ္။
🇺🇸 အေမရိကန္ Operation Warp Speed ရဲ႕ chief scientific adviser ျဖစ္သူ Dr Moncef Saloui ကေတာ့ အာနိသင္ထိေရာက္မႈ (၈၀ – ၈၅) ရာႏႈန္းအထိမွန္းထားပါသတဲ့။အခုလို တစ္လုံးထဲထိုးဖို႔လိုတဲ့ ကိုဗစ္ကာကြယ္ေဆးေပၚေပါက္လာရင္ ကမာၻႀကီးမွာကာကြယ္ေဆးရရွိမႈျမန္ဆန္လာမွာမို႔ သတင္းေကာင္းတစ္ခုျဖစ္ပါတယ္။

Johnson & Johnson ဟာ တစ္လုံးတည္းထိုးဖို႔လိုတဲ့ကာကြယ္ေဆးကို ထြင္ခဲ့ေပမယ့္ အပိုေဆာင္းတဲ့အေနနဲ႔ ဒုတိယတစ္လုံးပါထိုးၿပီးစမ္းသပ္မႈပါလုပ္ခဲ့ပါတယ္။ပထမတစ္လုံးထိုးၿပီး ဒုတိယတစ္လုံးကို ၂ လအၾကာထိုးၾကည့္ရာမွာ neutralising antibodies ထြက္မႈ #သုံးဆတိုးလာတာေတြ႕ရတယ္လို႔ ဆိုပါတယ္။

Johnson & Johnson ဟာ သူ႔တစ္လုံးတည္းေသာ ကာကြယ္ေဆးကဘယ္ေလာက္အထိခံမလဲဆိုတာရယ္၊ အခုအသစ္ေတြ႕ရတဲ့ ဗီဇကြဲေတြအတြက္ပါစမ္းသပ္ေနတယ္လို႔ဆိုပါတယ္။အပိုေဆာင္းစမ္းသပ္ထားတဲ့ (၂) လုံးထိုးစမ္းသပ္မႈကို ႏိုဝင္ဘာလကစလူစုခဲ့ၿပီး မတ္လ – ဧၿပီလေလာက္မွာ ရလဒ္သိႏိုင္မယ္လို႔ဆိုပါေၾကာင္း။

မူရင္းေရးသားသူ – ဆရာ Richard Myo Thant အား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

အားလုံးမျှော်လင့်နေတဲ့ တစ်လုံးတည်းပဲထိုးဖို့လိုတဲ့ Johnson & Johnson ရဲ့ Phase 3 ကာကွယ်ဆေးစမ်းသပ်မှုရလဒ်ကိုေ နာက်အပတ်ထဲမှာသိရမယ်လို့ဆိုပါတယ်။J&J – Janssen Pharmaceuticals – Johnson & Johnson စသည်ဖြင့် နာမည်ကိုရောခေါ်တတ်ကြပါတယ်။

တကယ်တော့ Janssen Pharmaceuticals ဟာ ၁၉၅၃ မှာထူထောင်ခဲ့တဲ့ 🇧🇪 ဘယ်ဂျီယံဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး 🇺🇸 အမေရိကန်ကုမ္ပဏီ Johnson & Johnson က Janssen Pharmaceuticals ကို ၁၉၆၁ မှာဝယ်ယူခဲ့တာပါ။ကိုဗစ်အတွက် Janssen Pharmaceuticals က 🇮🇱 အစ္စရေးက Beth Israel Deaconess Medical Center နဲ့ပူးပေါင်းပြီး #တစ်လုံးပဲထိုးဖို့လိုတဲ့ “Ad26.COV2.S” ဆိုတဲ့ ကိုဗစ်ကာကွယ်ဆေးကိုထုတ်ပါတယ်။

အဲ့ဒီ Ad26.COV2.S ကို Johnson & Johnson Covid-19 vaccine လို့ခေါ်သလို Janssen Covid-19 vaccine လို့လည်းခေါ်ပါတယ်။”J တွေများရင်ရှုပ်တတ်တာမို့” ရှင်းပြတာပါ။သိထားရမယ့်အချက်တွေကိုပြောပြပါ့မယ်။အခု Phase 3 စမ်းသပ်မှုပြီးကာနီးနေပြီး ဒေတာကိုနောက်အပတ်ရမယ်လို့ဆိုပါတယ်။non-for-profit #ကိုဗစ်ကာလမှာအကျိုးအမြတ်အတွက်မထုတ်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့တာပါ။

Oxford ကာကွယ်ဆေးလိုပဲ Adenovirus vector နဲ့လုပ်ထားတဲ့ကာကွယ်ဆေးပါ။သယ်ယူပို့ဆောင်ထိုးနှံရတာ Oxford ကာကွယ်ဆေးလိုပဲ #သာမန်ရေခဲသတ္တောအပူချိန်မှာ လနဲ့ချီသိမ်းလို့ရတယ်လို့ဆိုပါတယ်။
▪️Phase 1 – 2 မှာ လူပေါင်း ၁၀၄၅ ယောက်စမ်းသပ်ခဲ့ပါတယ်။

Neutralizing antibody titers ဟာ အားလုံးမှာ ၂၉ ရက်မြောက်နေ့မှာ ၉၀ ရာနှုန်းကျော်ထွက်တယ်လို့ဆိုပါတယ်။၅၇ ရက်မှာ ၁၀၀ ရာနှုန်းအထိတက်ပြီး ၇၁ ရက်အထိတည်ငြိမ်မှုရှိတယ်လို့ ဆိုပါတယ်။Phase 3 ကို လူပေါင်း ၄၅၀၀၀ မှာစမ်းသပ်ဖို့စီမံထားပါတယ်။

အခုထိကနဦးတွေ့ရှိချက်တွေအရတော့ အာနိသင်ထိရောက်မှု ၇၀ ရာနှုန်းကျော်အထိတွေ့ရထားပါတယ်။
🇺🇸 အမေရိကန် Operation Warp Speed ရဲ့ chief scientific adviser ဖြစ်သူ Dr Moncef Saloui ကတော့ အာနိသင်ထိရောက်မှု (၈၀ – ၈၅) ရာနှုန်းအထိမှန်းထားပါသတဲ့။အခုလို တစ်လုံးထဲထိုးဖို့လိုတဲ့ ကိုဗစ်ကာကွယ်ဆေးပေါ်ပေါက်လာရင် ကမ္ဘာကြီးမှာကာကွယ်ဆေးရရှိမှုမြန်ဆန်လာမှာမို့ သတင်းကောင်းတစ်ခုဖြစ်ပါတယ်။

Johnson & Johnson ဟာ တစ်လုံးတည်းထိုးဖို့လိုတဲ့ကာကွယ်ဆေးကို ထွင်ခဲ့ပေမယ့် အပိုဆောင်းတဲ့အနေနဲ့ ဒုတိယတစ်လုံးပါထိုးပြီးစမ်းသပ်မှုပါလုပ်ခဲ့ပါတယ်။ပထမတစ်လုံးထိုးပြီး ဒုတိယတစ်လုံးကို ၂ လအကြာထိုးကြည့်ရာမှာ neutralising antibodies ထွက်မှု #သုံးဆတိုးလာတာတွေ့ရတယ်လို့ ဆိုပါတယ်။

Johnson & Johnson ဟာ သူ့တစ်လုံးတည်းသော ကာကွယ်ဆေးကဘယ်လောက်အထိခံမလဲဆိုတာရယ်၊ အခုအသစ်တွေ့ရတဲ့ ဗီဇကွဲတွေအတွက်ပါစမ်းသပ်နေတယ်လို့ဆိုပါတယ်။အပိုဆောင်းစမ်းသပ်ထားတဲ့ (၂) လုံးထိုးစမ်းသပ်မှုကို နိုဝင်ဘာလကစလူစုခဲ့ပြီး မတ်လ – ဧပြီလလောက်မှာ ရလဒ်သိနိုင်မယ်လို့ဆိုပါကြောင်း။

မူရင်းရေးသားသူ – ဆရာ Richard Myo Thant အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *