တ႐ုတ္ျပည္ဝူဟန္ၿမိဳ႕ကိုေရာက္ရွိေနတဲ့ WHO ရဲ႕ ကိုဗစ္ျဖစ္ပြားရာ အစရွာေဖြစုံစမ္းေရးအဖြဲ႕ ဟာ ယေန႔ေန႔လည္ခင္းမွာ ေဟာ္တယ္ Q ဝင္တာ (၁၄) ရက္ျပည့္ၿပီျ

WHO အဖြဲ႕ဟာေဟာ္တယ္ကထြက္ခြာၿပီး ဘတ္စကားေပၚတက္သြားတာေတြ႕လိုက္ရပါ တယ္။ေဟာ္တ ယ္ ကြာရန္တင္းဝင္ေနစဥ္ (၁၄) ရက္အ တြင္းမွာ တ႐ုတ္ပညာရွင္ေတြနဲ႔ အြန္လိုင္းကေနမီတင္ထိုင္ခဲ့ၾကပါတယ္။အခုေတာ့ ေလ့လာဖို႔လိုအပ္တဲ့ေနရာေတြကိုဆက္ေလ့လာမွာျဖစ္ပါတယ္။

WHO ရဲ႕ ကိုဗစ္ျဖစ္ပြားမႈအစ စုံစမ္းစစ္ေဆးေရးအဖြဲ႕ေစလြတ္ဖို႔ကိစၥဟာ ကိုဗစ္ျဖစ္တာတစ္ႏွစ္ေက်ာ္ၾကာတဲ့တိုင္ေအာင္ ေႏွာင့္ေႏွးခဲ့ရၿပီး လြန္ခဲ့တဲ့ ႏွစ္ပတ္ကမွ သြားခြင့္ရခဲ့တာပါ။ဒီကိစၥဟာႏိုင္ငံေရးပါဝင္ပတ္သက္မႈေတြမ်ားတယ္လို႔ ပါဝင္လိုက္ပါသြားတဲ့အဖြဲ႕သားေတြကဆိုပါတယ္။

🇨🇳တ႐ုတ္ဘက္က သူတို႔ပညာရွင္ေတြဟာ ေပက်င္း၊ ရွန္ဟိုင္းနဲ႔အျခားၿမိဳ႕ေတြမွာ အခုေရာဂါျဖစ္တာနဲ႔ နပမ္းလုံးေနရၿပီးမအားဘူးလို႔ဆိုပါတယ္။ဝူဟန္ၿမိဳ႕ရွိ မႏွစ္က ကိုဗစ္နဲ႔ေသဆုံးခဲ့ရသူေတြရဲ႕ေဆြမ်ိဳးေတြက WHO အဖြဲ႕နဲ႔ေတြ႕ခြင့္ေတာင္းခဲ့ေပမယ့္ တ႐ုတ္အာဏာပိုင္ေတြက ေပးမေတြ႕ဘူးလို႔ဆိုပါတယ္။

တ႐ုတ္ဆိုရွယ္မီဒီယာေတြမွာ သူတို႔ရဲ႕ Group ေတြကို အာဏာပိုင္ေတြက ဖယ္ရွားၿပီး အသံတိတ္ေအာင္လုပ္ေနတယ္လို႔ဆိုပါတယ္။မိသားစုဝင္ေတြ (၁၀၀) ေလာက္ေျပာဆိုေနတဲ့ WeChat Group ဟာ လြန္ခဲ့တဲ့ ၁၀ ရက္က delete လုပ္ဖယ္ရွားခံခဲ့ရပါတယ္တဲ့။

ဒါဟာ အာဏာပိုင္ေတြရဲ႕ေၾကာက္လန႔္မႈကို႔ျပေနတယ္လို႔ အသက္ ၅၁ ႏွစ္ရွိ Zhang Hai ကဆိုပါတယ္။
အာဏာပိုင္ေတြရဲ႕သတင္းအေမွာင္ခ်ျခင္းေၾကာင့္ သူတို႔မိသားစုဝင္ေတြဟာ သတင္းအမွန္မသိရတဲ့အတြက္မေသသင့္ပဲေသခဲ့ရတယ္ဆိုၿပီး မေက်နပ္ၾကတာျဖစ္ပါတယ္။

မူရင္းေရးသားသူ – ဆရာ Richard Myo Thant အား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

WHO အဖွဲ့ဟာဟော်တယ်ကထွက်ခွာပြီး ဘတ်စကားပေါ်တက်သွားတာတွေ့လိုက်ရပါတယ်။ဟော်တယ် ကွာရန်တင်းဝင်နေစဉ် (၁၄) ရက်အတွင်းမှာ တရုတ်ပညာရှင်တွေနဲ့ အွန်လိုင်းကနေမီတင်ထိုင်ခဲ့ကြပါတယ်။
အခုတော့ လေ့လာဖို့လိုအပ်တဲ့နေရာတွေကိုဆက်လေ့လာမှာဖြစ်ပါတယ်။

WHO ရဲ့ ကိုဗစ်ဖြစ်ပွားမှုအစ စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွတ်ဖို့ကိစ္စဟာ ကိုဗစ်ဖြစ်တာတစ်နှစ်ကျော်ကြာတဲ့တိုင်အောင် နှောင့်နှေးခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သွားခွင့်ရခဲ့တာပါ။ဒီကိစ္စဟာနိုင်ငံရေးပါဝင်ပတ်သက်မှုတွေများတယ်လို့ ပါဝင်လိုက်ပါသွားတဲ့အဖွဲ့သားတွေကဆိုပါတယ်။

🇨🇳တရုတ်ဘက်က သူတို့ပညာရှင်တွေဟာ ပေကျင်း၊ ရှန်ဟိုင်းနဲ့အခြားမြို့တွေမှာ အခုရောဂါဖြစ်တာနဲ့ နပမ်းလုံးနေရပြီးမအားဘူးလို့ဆိုပါတယ်။ဝူဟန်မြို့ရှိ မနှစ်က ကိုဗစ်နဲ့သေဆုံးခဲ့ရသူတွေရဲ့ဆွေမျိုးတွေက WHO အဖွဲ့နဲ့တွေ့ခွင့်တောင်းခဲ့ပေမယ့် တရုတ်အာဏာပိုင်တွေက ပေးမတွေ့ဘူးလို့ဆိုပါတယ်။

တရုတ်ဆိုရှယ်မီဒီယာတွေမှာ သူတို့ရဲ့ Group တွေကို အာဏာပိုင်တွေက ဖယ်ရှားပြီး အသံတိတ်အောင်လုပ်နေတယ်လို့ဆိုပါတယ်။မိသားစုဝင်တွေ (၁၀၀) လောက်ပြောဆိုနေတဲ့ WeChat Group ဟာ လွန်ခဲ့တဲ့ ၁၀ ရက်က delete လုပ်ဖယ်ရှားခံခဲ့ရပါတယ်တဲ့။

ဒါဟာ အာဏာပိုင်တွေရဲ့ကြောက်လန့်မှုကို့ပြနေတယ်လို့ အသက် ၅၁ နှစ်ရှိ Zhang Hai ကဆိုပါတယ်။
အာဏာပိုင်တွေရဲ့သတင်းအမှောင်ချခြင်းကြောင့် သူတို့မိသားစုဝင်တွေဟာ သတင်းအမှန်မသိရတဲ့အတွက်မသေသင့်ပဲသေခဲ့ရတယ်ဆိုပြီး မကျေနပ်ကြတာဖြစ်ပါတယ်။

မူရင်းရေးသားသူ – ဆရာ Richard Myo Thant အား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *