စစ္ေတြၿမိဳ႕မွာ ၾကက္ေမြးျမဴေရးအေရာင္းဆိုင္မီးေလာင္ရာမွ လူေနအိမ္ ၅လုံး မီးေလာင္ပ်က္စီးခဲ့

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အတြင္းရွိ ၾကက္ေမြးျမဴေရးအေရာင္းဆိုင္ မီးေလာင္ကြၽမ္းမႈျဖစ္ပြားခဲ့ရာက လူေနအိမ္ ၅လုံး မီးေလာင္ပ်က္စီးခဲ့တယ္လို႔ ရခိုင္ျပည္နယ္မီးသတ္တပ္ဖြဲ႕ရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။အဆိုပါမီးေလာင္မႈျဖစ္စဥ္မွာ ဇန္နဝါရီလ ၂၇ရက္ေန႔ ညပိုင္းအခ်ိန္က စစ္ေတြၿမိဳ႕နယ္၊ မက်ဥ္းၿမိဳင္အကြက္(၉)ရပ္ကြက္မွာ ၾကက္ေမြးျမဴေရးအေရာင္းဆိုင္ (၂၅×၅၀)ေပ၊ (ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင္း) ၾကက္ေမြးျမဴေရးအေရာင္းဆိုင္(၁)ဆိုင္ မီးေလာင္မႈျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ထိုသို႔ ၾကက္ေမြးျမဴေရးအေရာင္းဆိုင္ မီးေလာင္မႈျဖစ္ပြားခဲ့ျခင္းမွာ ၾကက္ေမြးျမဴေရးအေရာင္းဆိုင္တြင္ ၾကက္မ်ားအား အေမႊးႏႈတ္ရန္ ေရေႏြးအိုးတည္ထားသည့္ထင္းမီးဖိုမွ အနီးရွိ ဝါးထရံကာသို႔ မီးကူးစက္ၿပီး စတင္ေလာင္ကြၽမ္းျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ထိုသို႔မီးေလာင္ကြၽမ္းမႈေၾကာင့္ စစ္ေတြခ႐ိုင္၊ ၿမိဳ႕နယ္မီးသတ္စခန္း သေႏၶမီးသတ္တပ္ဖြဲ႕ဝင္(၆၀)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္(၁၅)ဦး စုစုေပါင္း(၇၅)ဦး၊ စုစုေပါင္း မီးသတ္ယာဥ္(၈)စီးတို႔ျဖင့္ မီးေလာင္ျပင္သို႔ သြားေရာက္ၿပီး တစ္နာရီခန႔္အၾကာ ျငႇိမ္းသတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။

မီးေလာင္မႈျဖစ္စဥ္အတြင္း ၾကက္ေမြးျမဴေရးအေရာင္းဆိုင္(၁)ဆိုင္ႏွင့္ လူေနအိမ္(၅)လုံး မီးေလာင္ဆုံးရႈံးခဲ့၊ မီးေဘးဒုကၡသည္ က်ားႀကီး(၇)ဦး၊ က်ားငယ္(၉)ဦး၊ မႀကီး(၁၀)ဦး၊ မငယ္(၆)ဦး၊ စုစုေပါင္း(၃၂)ဦးအား ေဆြမ်ိဳးမ်ားေနအိမ္တြင္ ယာယီေနထိုင္လ်က္ရွိတာလည္းျဖစ္ပါတယ္။

CRD – MyanmaPlatform

Unicode
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးအရောင်းဆိုင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာက လူနေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ရက်နေ့ ညပိုင်းအချိန်က စစ်တွေမြို့နယ်၊ မကျဉ်းမြိုင်အကွက်(၉)ရပ်ကွက်မှာ ကြက်မွေးမြူရေးအရောင်းဆိုင် (၂၅×၅၀)ပေ၊ (ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း) ကြက်မွေးမြူရေးအရောင်းဆိုင်(၁)ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ထိုသို့ ကြက်မွေးမြူရေးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမှာ ကြက်မွေးမြူရေးအရောင်းဆိုင်တွင် ကြက်များအား အမွှေးနှုတ်ရန် ရေနွေးအိုးတည်ထားသည့်ထင်းမီးဖိုမှ အနီးရှိ ဝါးထရံကာသို့ မီးကူးစက်ပြီး စတင်လောင်ကျွမ်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့မီးလောင်ကျွမ်းမှုကြောင့် စစ်တွေခရိုင်၊ မြို့နယ်မီးသတ်စခန်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၅)ဦး စုစုပေါင်း(၇၅)ဦး၊ စုစုပေါင်း မီးသတ်ယာဉ်(၈)စီးတို့ဖြင့် မီးလောင်ပြင်သို့ သွားရောက်ပြီး တစ်နာရီခန့်အကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုဖြစ်စဉ်အတွင်း ကြက်မွေးမြူရေးအရောင်းဆိုင်(၁)ဆိုင်နှင့် လူနေအိမ်(၅)လုံး မီးလောင်ဆုံးရှုံးခဲ့၊ မီးဘေးဒုက္ခသည် ကျားကြီး(၇)ဦး၊ ကျားငယ်(၉)ဦး၊ မကြီး(၁၀)ဦး၊ မငယ်(၆)ဦး၊ စုစုပေါင်း(၃၂)ဦးအား ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိတာလည်းဖြစ်ပါတယ်။
CRD – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *