အေမရိကန္ျပည္ေထာင္စု ဒုသမၼတေဟာင္း မိုက္ပင့္စ္ဟာ တာဝန္သက္တမ္း ကုန္ဆုံးၿပီးတဲ့ေနာက္မွာ ျပန္စရာေနရာ မရွိတဲ့အတြက္ အခက္ေတြ႕ေနရတယ္လို႔ Reuters သတင္းတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ဒုသမၼတေဟာင္း မိုက္ပင့္စ္ဟာ တာဝန္ထမ္းေဆာင္ခဲ့စဥ္ကာလတစ္ေလွ်ာက္ ဝါရွင္တန္မွာရွိတဲ့ ေရတပ္ေစာင့္ၾကည့္ ေလ့လာေရး အေဆာက္အအုံဝင္းထဲမွာ ေနထိုင္ခဲ့ၿပီး လက္ရွိမွာေတာ့ ျပန္စရာေနရာမရွိဘူးျဖစ္ေနတယ္လို႔ ဆိုပါတယ္။
မိုက္ပင့္စ္ဟာ သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕တာဝန္ထမ္းေဆာင္မႈ ေနာက္ဆုံးရက္ေတြမွာ ထရမ့္ရဲ႕ဖိအားေပးမႈေတြကို ျငင္းဆန္ၿပီး ဘိုင္ဒင္ရဲ႕ေ႐ြးေကာက္ပြဲ အႏိုင္ရလဒ္ကို အတည္ျပဳေပးခဲ့တာေၾကာင့္ ျပည္သူအမ်ားရဲ႕ေထာက္ခံမႈကို ရရွိခဲ့သူလည္းျဖစ္ပါတယ္။
လာမယ့္ ေႏြရာသီကာလကိုေရာက္ရင္ ေမြးရပ္ေျမ အင္ဒီယားနားျပည္နယ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ေနထိုင္မွာျဖစ္တယ္လို႔ မစၥတာ မိုက္ပင့္စ္က ႏႈတ္ဆက္မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ၿပီး သူနဲ႔ သူ႔ဇနီး ဘယ္ေနရာကို ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ စီစဥ္ထားတယ္ ဆိုတာကိုေတာ့ မစၥတာ မိုက္ပင့္စ္က အတည္ျပဳမသြားခဲ့ဘူးလို႔ သိရပါတယ္။
လက္ရွိမွာေတာ့ မိုက္ပင့္စ္နဲ႔ သူ႔ဇနီးတို႔ဟာ အင္ဒီးယားနားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး အီရစ္ ဟိုးလ္ကုမ့္ ပိုင္ဆိုင္တဲ့ သစ္သားအိမ္ငယ္ေလးမွာ ေခတၱတည္းခိုေနထိုင္ေနတယ္လို႔ Business Insider သတင္းမီဒီယာက ေဖာ္ျပထားပါတယ္။
ကိုလံဘတ္စ္ၿမိဳ႕မွာ ႀကီးျပင္းခဲ့တဲ့ မိုက္ပင့္စ္ဟာ ၿပီးခဲ့တဲ့ ရွစ္ႏွစ္တာကာလအတြင္း အင္ဒီးယားနားျပည္နယ္မွာ ေနအိမ္တစ္လုံးေလာက္ေတာင္ ပိုင္ဆိုင္ခဲ့တာ မရွိခဲ့ဘူးလို႔ AP သတင္းဌာနက ဆိုပါတယ္။
ရီပတ္ဘလစ္ကန္ လႊတ္ေတာ္အမတ္ေတြကေတာ့ ဒုသမၼတေဟာင္း မိုက္ပင့္စ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၆ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ ကြန္ဂရက္လႊတ္ေတာ္စီးနင္းမႈနဲ႔ပတ္သက္လို႔ စိုးရိမ္ရတဲ့အေျခအေနေတြ ရွိေနတဲ့အတြက္ သူနဲ႔ သူ႔ဇနီး ေနထိုင္မယ့္ေနရာကို ထုတ္မေျပာေသးတာလို႔ The New York Times က ဆိုပါတယ္။
အေမရိကန္ကြန္ဂရက္လႊတ္ေတာ္ကို စီးနင္းတိုက္ခိုက္တဲ့ေန႔တုန္းက အၾကမ္းဖက္သမားေတြဟာ မိုက္ပင့္စ္နဲ႔ ေပ တစ္ရာအကြာ ပတ္ဝန္းက်င္အထိ ေရာက္လာခဲ့ၿပီး “မိုက္ပင့္စ္ ဘယ္မွာလဲ”၊ “မိုက္ပင့္စ္ကို ႀကိဳးေပးလိုက္”လို႔ ေအာ္ဟစ္တာေတြရွိခဲ့တဲ့အတြက္ မိုက္ပင့္စ္ရဲ႕လုံၿခဳံေရးကို တာဝန္ရွိသူေတြက စိုးရိမ္ခဲ့ၾကပါတယ္။
Photo : AFP
CRD – Omedia
Unicode
အမေရိကန်ပြည်ထောင်စု ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ တာဝန်သက်တမ်း ကုန်ဆုံးပြီးတဲ့နောက်မှာ ပြန်စရာနေရာ မရှိတဲ့အတွက် အခက်တွေ့နေရတယ်လို့ Reuters သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလတစ်လျှောက် ဝါရှင်တန်မှာရှိတဲ့ ရေတပ်စောင့်ကြည့် လေ့လာရေး အဆောက်အအုံဝင်းထဲမှာ နေထိုင်ခဲ့ပြီး လက်ရှိမှာတော့ ပြန်စရာနေရာမရှိဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။
မိုက်ပင့်စ်ဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့တာဝန်ထမ်းဆောင်မှု နောက်ဆုံးရက်တွေမှာ ထရမ့်ရဲ့ဖိအားပေးမှုတွေကို ငြင်းဆန်ပြီး ဘိုင်ဒင်ရဲ့ရွေးကောက်ပွဲ အနိုင်ရလဒ်ကို အတည်ပြုပေးခဲ့တာကြောင့် ပြည်သူအများရဲ့ထောက်ခံမှုကို ရရှိခဲ့သူလည်းဖြစ်ပါတယ်။
လာမယ့် နွေရာသီကာလကိုရောက်ရင် မွေးရပ်မြေ အင်ဒီယားနားပြည်နယ်ကို ပြန်လည်ပြောင်းရွှေ့နေထိုင်မှာဖြစ်တယ်လို့ မစ္စတာ မိုက်ပင့်စ်က နှုတ်ဆက်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပြီး သူနဲ့ သူ့ဇနီး ဘယ်နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ထားတယ် ဆိုတာကိုတော့ မစ္စတာ မိုက်ပင့်စ်က အတည်ပြုမသွားခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ မိုက်ပင့်စ်နဲ့ သူ့ဇနီးတို့ဟာ အင်ဒီးယားနားပြည်နယ် အုပ်ချုပ်ရေးမှူး အီရစ် ဟိုးလ်ကုမ့် ပိုင်ဆိုင်တဲ့ သစ်သားအိမ်ငယ်လေးမှာ ခေတ္တတည်းခိုနေထိုင်နေတယ်လို့ Business Insider သတင်းမီဒီယာက ဖော်ပြထားပါတယ်။
ကိုလံဘတ်စ်မြို့မှာ ကြီးပြင်းခဲ့တဲ့ မိုက်ပင့်စ်ဟာ ပြီးခဲ့တဲ့ ရှစ်နှစ်တာကာလအတွင်း အင်ဒီးယားနားပြည်နယ်မှာ နေအိမ်တစ်လုံးလောက်တောင် ပိုင်ဆိုင်ခဲ့တာ မရှိခဲ့ဘူးလို့ AP သတင်းဌာနက ဆိုပါတယ်။
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တွေကတော့ ဒုသမ္မတဟောင်း မိုက်ပင့်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကွန်ဂရက်လွှတ်တော်စီးနင်းမှုနဲ့ပတ်သက်လို့ စိုးရိမ်ရတဲ့အခြေအနေတွေ ရှိနေတဲ့အတွက် သူနဲ့ သူ့ဇနီး နေထိုင်မယ့်နေရာကို ထုတ်မပြောသေးတာလို့ The New York Times က ဆိုပါတယ်။
အမေရိကန်ကွန်ဂရက်လွှတ်တော်ကို စီးနင်းတိုက်ခိုက်တဲ့နေ့တုန်းက အကြမ်းဖက်သမားတွေဟာ မိုက်ပင့်စ်နဲ့ ပေ တစ်ရာအကွာ ပတ်ဝန်းကျင်အထိ ရောက်လာခဲ့ပြီး “မိုက်ပင့်စ် ဘယ်မှာလဲ”၊ “မိုက်ပင့်စ်ကို ကြိုးပေးလိုက်”လို့ အော်ဟစ်တာတွေရှိခဲ့တဲ့အတွက် မိုက်ပင့်စ်ရဲ့လုံခြုံရေးကို တာဝန်ရှိသူတွေက စိုးရိမ်ခဲ့ကြပါတယ်။
Photo : AFP
CRD – Omedia