စုေပါင္းအေျဖရွာရန္ မည္သည့္ဥပေဒကမွ် အာဏာအပ္ႏွင္းထားျခင္းမရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ထုတ္ျပန္

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ျပည္ေထာင္စုလႊတ္ေတာ္၊ ႏိုင္ငံေတာ္အစိုးရတို႔နဲ႔ ညႇိႏႈိင္းေျဖရွင္းေပးရန္၊ စုေပါင္းအေျဖရွာရန္ မည္သည့္ဥပေဒကမွ် အာဏာအပ္ႏွင္းထားျခင္းမရွိေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္လိုက္ပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ယေန႔ ဇန္နဝါရီလ ၂၈ရက္ေန႔ရက္စြဲျဖင့္ ၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲနဲ႔စပ္လ်ဥ္းၿပီး မဲဆႏၵရွင္ျပည္သူမ်ားသို႔ အသိေပးခ်က္တစ္ေစာင္ကို ထုတ္ျပန္ေၾကညာလိုက္တာျဖစ္ပါတယ္။ယခုေ႐ြးေကာက္ပြဲမွာ မဲစာရင္းခ်ိဳ႕ယြင္းမႈ အားနည္းခ်က္ေၾကာင့္ မဲမသမာမႈအေျခအေန မျဖစ္ႏိုင္ေၾကာင္းနဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းကိစၥရပ္မ်ားနဲ႔စပ္လ်ဥ္းၿပီး လြတ္လပ္စြာ ေဆာင္႐ြက္ခြင့္ရွိေသာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ဒါ့ျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မအပါအဝင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥပေဒပုဒ္မမ်ားအရ ေ႐ြးေကာက္ပြဲကိစၥရပ္မ်ားနဲ႔စပ္လ်ဥ္းၿပီး လုပ္ပိုင္ခြင့္အာဏာ လႊဲအပ္ျခင္းခံရေသာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

မူလပိုင္ရွင္ျဖစ္သည့္ မဲဆႏၵရွင္ျပည္သူလူထုက သက္ဆိုင္ရာ မဲဆႏၵနယ္ေျမမ်ားအလိုက္ ၎တို႔ရဲ႕ ကိုယ္စားလွယ္မ်ားကို ေ႐ြးခ်ယ္တင္ေျမႇာက္ျခင္းျဖစ္ကာ ႏိုင္ငံေတာ္အေျခခံမူအရ အတိုးအေလ်ာ့အေပးအယူျဖင့္ မည္သည့္ပုဂၢိဳလ္၊ မည္သည့္အဖြဲ႕အစည္းကမွ် ဥပေဒေက်ာ္လြန္ကာ ေျပာင္းလဲ၍ရသည့္ကိစၥမ်ိဳးမဟုတ္ေၾကာင္း ဆိုပါတယ္။

ေ႐ြးေကာက္ပြဲခုံအဖြဲ႕မ်ားက လြတ္လပ္စြာၾကားနာ အဆုံးအျဖတ္ျပဳၿပီးသည့္အခါ မေက်နပ္လွ်င္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သို႔ အယူခံ၊ ျပင္ဆင္မႈမ်ားကို တင္သြင္းႏိုင္ကာ ေကာ္မရွင္အေနနဲ႔လည္း ဥပေဒနဲ႔အညီ စစ္ေဆးၾကားနာ ဆုံးျဖတ္သြားမွာျဖစ္တယ္လို႔ အသိေပးထုတ္ျပန္ထားတာျဖစ္ပါတယ္။
CRD – MyanmaPlatform

Unicode
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရတို့နဲ့ ညှိနှိုင်းဖြေရှင်းပေးရန်၊ စုပေါင်းအဖြေရှာရန် မည်သည့်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်းမရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ရက်စွဲဖြင့် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့စပ်လျဉ်းပြီး မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးချက်တစ်စောင်ကို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ယခုရွေးကောက်ပွဲမှာ မဲစာရင်းချို့ယွင်းမှု အားနည်းချက်ကြောင့် မဲမသမာမှုအခြေအနေ မဖြစ်နိုင်ကြောင်းနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းကိစ္စရပ်များနဲ့စပ်လျဉ်းပြီး လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုဒ်မများအရ ရွေးကောက်ပွဲကိစ္စရပ်များနဲ့စပ်လျဉ်းပြီး လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မူလပိုင်ရှင်ဖြစ်သည့် မဲဆန္ဒရှင်ပြည်သူလူထုက သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများအလိုက် ၎င်းတို့ရဲ့ ကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်ခြင်းဖြစ်ကာ နိုင်ငံတော်အခြေခံမူအရ အတိုးအလျော့အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမျှ ဥပဒေကျော်လွန်ကာ ပြောင်းလဲ၍ရသည့်ကိစ္စမျိုးမဟုတ်ကြောင်း ဆိုပါတယ်။

ရွေးကောက်ပွဲခုံအဖွဲ့များက လွတ်လပ်စွာကြားနာ အဆုံးအဖြတ်ပြုပြီးသည့်အခါ မကျေနပ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အယူခံ၊ ပြင်ဆင်မှုများကို တင်သွင်းနိုင်ကာ ကော်မရှင်အနေနဲ့လည်း ဥပဒေနဲ့အညီ စစ်ဆေးကြားနာ ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။
CRD – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *