ျပည္သူမပါဘဲနဲ႔ ဘာမွမေအာင္ျမင္ႏိုင္ဘူးလို႔ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

ျပည္သူမပါဘဲနဲ႔ ဘာမွမေအာင္ျမင္ႏိုင္ဘူးလို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ေျပာၾကားလိုက္ပါတယ္။ကိုဗစ္ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လို႔ ဇန္နဝါရီလ (၂၈) ရက္ေန႔ ညပိုင္းမိန႔္ခြန္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာခဲ့တာပါ။

“ကြၽန္မတို႔ျပည္သူေတြကိုလည္း ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီလိုဒီအထိ တစ္ဆင့္ၿပီးတစ္ဆင့္ေက်ာ္လႊားႏိုင္ခဲ့တယ္ဆိုတာ ျပည္သူသာအဓိကဆိုတာ ထပ္တလဲလဲေျပာပါတယ္။ ျပည္သူမပါဘဲနဲ႔ ဘာမွမေအာင္ျမင္ႏိုင္ပါဘူး။”လို႔ အတိုင္ပင္ခံက ေျပာပါတယ္။

ဒါ့အျပင္ ကိုဗစ္ကာကြယ္ေဆးထိုးတဲ့အခ်ိန္မွာ သုံးပုံ တစ္ပုံေလာက္ဟာ ေဘးထြက္ဆိုးက်ိဳးအနည္းငယ္ ျဖစ္တတ္ၿပီး (၁၂) နာရီ အၾကာေလာက္မွာ ေပ်ာက္သြားတာကို ေတြ႕ရွိရတယ္လို႔လည္း ဆိုပါတယ္။ကိုဗစ္ကပ္ေဘးနဲ႔ပတ္သက္လို႔ အခုအခ်ိန္ထိ စုစုေပါင္း က်ပ္ဘီလီယံ (၂၆၀၀) ေက်ာ္အသုံးျပဳထားၿပီး လိုအပ္သလို ထပ္သုံးသြားမယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာခဲ့ပါေသးတယ္။

ဇန္နဝါရီလ(၂၈)ရက္ေန႔ညပိုင္းအထိ ေၾကညာခ်က္အရ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ တစ္သိန္းေလးေသာင္းနီးပါးရွိေနၿပီး အဲဒီထဲမွာ ေဆး႐ုံကဆင္းခြင့္ရသူ တစ္သိန္းႏွစ္ေသာင္းေက်ာ္နဲ႔ ေသဆုံးသူ သုံးေထာင္ေက်ာ္ရွိေနပါတယ္။
CRD – Omedia

Unicode

ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြောကြားလိုက်ပါတယ်။ကိုဗစ်နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဇန်နဝါရီလ (၂၈) ရက်နေ့ ညပိုင်းမိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့တာပါ။

“ကျွန်မတို့ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုဒီအထိ တစ်ဆင့်ပြီးတစ်ဆင့်ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ပြည်သူသာအဓိကဆိုတာ ထပ်တလဲလဲပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ပါဘူး။”လို့ အတိုင်ပင်ခံက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အချိန်မှာ သုံးပုံ တစ်ပုံလောက်ဟာ ဘေးထွက်ဆိုးကျိုးအနည်းငယ် ဖြစ်တတ်ပြီး (၁၂) နာရီ အကြာလောက်မှာ ပျောက်သွားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။ကိုဗစ်ကပ်ဘေးနဲ့ပတ်သက်လို့ အခုအချိန်ထိ စုစုပေါင်း ကျပ်ဘီလီယံ (၂၆၀၀) ကျော်အသုံးပြုထားပြီး လိုအပ်သလို ထပ်သုံးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

ဇန်နဝါရီလ(၂၈)ရက်နေ့ညပိုင်းအထိ ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ တစ်သိန်းလေးသောင်းနီးပါးရှိနေပြီး အဲဒီထဲမှာ ဆေးရုံကဆင်းခွင့်ရသူ တစ်သိန်းနှစ်သောင်းကျော်နဲ့ သေဆုံးသူ သုံးထောင်ကျော်ရှိနေပါတယ်။
CRD – Omedia

Leave a Reply

Your email address will not be published. Required fields are marked *