ႏိုင္ငံေတာ္က ျပည္သူေတြအတြက္ ကိုဗစ္ ပံ့ပိုးေငြက်ပ္ ဘီလီယံ ၂၆၀၀ ေက်ာ္သုံးထားၿပီး လိုအပ္သလိုဆက္ၿပီး သုံးသြားမယ္

နိုင်ငံတော်က ပြည်သူတွေအတွက် ကိုဗစ် ပံ့ပိုးငွေကျပ် ဘီလီယံ ၂၆၀၀ ကျော်သုံးထားပြီး လိုအပ်သလိုဆက်ပြီး သုံးသွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူများသို့ အစီရင်ခံ တင်ပြသော ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်းသည့်မိန့်ခွန်း မှာ ထည့်သွင်းပြောကြားခဲ့ တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့ နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်နဲ့ပတ်သက်ပြီး ပြည်သူတွေကို ထိခိုက်မှုမရှိအောင်လို့ တတ်နိုင်သမျှ ပံ့ပိုးတဲ့ငွေ ပမာဏဟာဆိုရင် အခုဆိုရင် တော်တော်များလာပါပြီ။ အကြမ်းဖျင်းအားဖြင့်ဆိုရင် ချေးငွေထဲက ဘီလီယံ တစ်ထောင်ကျော်ပေါ့။ နောက်ပြီးတော့ ရွှေ့ပြောင်းရန်ပုံငွေ ထဲကဆိုရင် ဘီလီယံ တစ်ထောင်ကျော်၊ သဘာဝဘေးအန္တရာယ် အတွက်ကဆိုရင် ဘီလီယံ ငါးဆယ်ကျော်၊ အားလုံးဆိုရင် ဘီလီယံ နှစ်ထောင့်ခြောက်ရာကျော် သုံးခဲ့ပြီးဖြစ်ပါတယ်။ လိုအပ်သလိုလည်း ဆက်ပြီးတော့ သုံးသွားမှာပါ” လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ထိုးပေးသွားမှာဖြစ်ပြီး အသက် ၈၈ နှစ်ကျော်သည့် ပြည်သူများအထိ ကာကွယ်ဆေး ထိုးပေးသွားမယ်လို့ ဆိုပါတယ်။ဇန်နဝါရီ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးသူ (၆၈၂၇၉)ဦးရှိပြီဖြစ် တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန်>>>
https://www.myanmaplatform.com/a/53959.html
crd….MyanmaPlatform #News #Domestic

zawgyi

ႏိုင္ငံေတာ္က ျပည္သူေတြအတြက္ ကိုဗစ္ ပံ့ပိုးေငြက်ပ္ ဘီလီယံ ၂၆၀၀ ေက်ာ္သုံးထားၿပီး လိုအပ္သလိုဆက္ၿပီး သုံးသြားမယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္သူမ်ားသို႔ အစီရင္ခံ တင္ျပေသာ ကိုဗစ္ ၁၉ ေရာဂါျဖစ္ပြားမႈ ေနာက္ဆုံးအေျခအေနႏွင့္ စပ္လ်ဥ္းသည့္မိန္႔ခြန္း မွာ ထည့္သြင္းေျပာၾကားခဲ့ တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္က “ ကြၽန္မတို႔ ႏိုင္ငံေတာ္ကေနၿပီးေတာ့ ကိုဗစ္နဲ႔ပတ္သက္ၿပီး ျပည္သူေတြကို ထိခိုက္မႈမရွိေအာင္လို႔ တတ္ႏိုင္သမွ် ပံ့ပိုးတဲ့ေငြ ပမာဏဟာဆိုရင္ အခုဆိုရင္ ေတာ္ေတာ္မ်ားလာပါၿပီ။ အၾကမ္းဖ်င္းအားျဖင့္ဆိုရင္ ေခ်းေငြထဲက ဘီလီယံ တစ္ေထာင္ေက်ာ္ေပါ့။ ေနာက္ၿပီးေတာ့ ေ႐ႊ႕ေျပာင္းရန္ပုံေငြ ထဲကဆိုရင္ ဘီလီယံ တစ္ေထာင္ေက်ာ္၊ သဘာဝေဘးအႏၲရာယ္ အတြက္ကဆိုရင္ ဘီလီယံ ငါးဆယ္ေက်ာ္၊ အားလုံးဆိုရင္ ဘီလီယံ ႏွစ္ေထာင့္ေျခာက္ရာေက်ာ္ သုံးခဲ့ၿပီးျဖစ္ပါတယ္။ လိုအပ္သလိုလည္း ဆက္ၿပီးေတာ့ သုံးသြားမွာပါ” လို႔ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကိုဗစ္ကာကြယ္ေဆးကို တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ထိုးေပးသြားမွာျဖစ္ၿပီး အသက္ ၈၈ ႏွစ္ေက်ာ္သည့္ ျပည္သူမ်ားအထိ ကာကြယ္ေဆး ထိုးေပးသြားမယ္လို႔ ဆိုပါတယ္။ဇန္နဝါရီ ၂၈ ရက္ေန႔အထိ ကိုဗစ္-၁၉ ကာကြယ္ေဆး ထိုးႏွံၿပီးသူ (၆၈၂၇၉)ဦးရွိၿပီျဖစ္ တယ္လို႔ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

သတင္းအျပည့္အစုံဖတ္ရႈရန္>>>
https://www.myanmaplatform.com/a/53959.html
crd….MyanmaPlatform #News #Domestic

Leave a Reply

Your email address will not be published. Required fields are marked *