crd….Myanmar Harp
unicode
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၇၃) ရပ်ကွက်တွင် တည်ဆောက်ထားသည့်မြနန္ဒာနိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာကို ဇန်နဝါရီလ ၂၈ရက်နေ့တွင်ဖွင့်လှစ်သွားမည် ဟုသိရသည်။အဆိုပါအငှားအိမ်ရာကို ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေတောင်းခံ၍ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ပြနှင့်အိမ်ရာဦးစီးဌာန တာဝန်ယူဆောက်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေဆဲနိုင်ငံ့ဝန်ထမ်းများဈေးနှုန်းသက်သာစွာ နေထိုင်နိုင်ရန် ရည်ရွယ်၍ဆောက်လုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းအငှားအိမ်ရာတွင် (၈)ခန်းတွဲ (၄) ထပ်တိုက် အပါအဝင် (၃၄) ခန်းပါသောတိုက်များပါဝင်ပြီးမိသားစု လေးဦးမှ ငါးဦးအထိ နေနိုင်မည့် စတုရန်းပေ ၄၈၀ ရှိသော အခန်း ၄၇၆ ခန်းတွငဝန်ထမ်း များ အငှားနေထိုင်နိုင်မည်ဖြစ်သည်ယခုကဲ့သို့ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာများ တည်ဆောက်ပေးခြင်းသည်ဝန်ထမ်းများ သွားလာနေထိုင်ရေးအတွက် အဆင်ပြေသွားမည်ဖြစ်သည်။
crd….Myanmar Harp