ထိုင်ဝမ်ကို လက်အောက်ခံ ပြည်နယ်တခုလို သတ်မှတ်ထားတာဆိုပြီး အမေရိကန် တဖက်လှည့်နဲ့ သတိပေးလိုက်တဲ့ တရုတ်





crd…. People Media

unicode

ပီးခဲ့သည့်အပတ်က ထိုင်ဝမ်ကျွန်းအနီး စစ်လေယာဉ်များ ပျံသန်းခြင်းကဲ့သို့သောလုပ်ဆောင်ချက်များက ထိုင်ဝမ်ပြည်တွင်းရေး ကြားဝင်စွက်ဖက်မှုများနှင့်လွတ်လပ်ရေးကြိုးပမ်းမှုအတွက် သတိပေးချက်တစ်ခုဖြစ် ကြောင်းတရုတ်အစိုးရက ယနေ့ ပြောကြားလိုက်သည်။တရုတ်တပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများက အချုပ်အချာအာဏာနှင့် ပိုင်နက်နယ်မြေကာကွယ်စောင့် ရှောက်မည့် စိတ်ပိုင်းဖြတ်ထားမှုကို ပြသခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူ ဖန်လျန်က ပြောသည်။

“တရုတ်စစ်လေယာဉ်တွေ ပျံသန်းမှုက ထိုင်ဝမ်ပြည်တွင်းရေးကို ပြည်ပကနေစွက်ဖက်သူတွေနဲ့လွတ် လပ်ရေးရလိုတဲ့ ခွဲထွက်ရေးသမားတွေကို သတိပေးခြင်းဖြစ်ပါတယ်” ဟု မကြာသေးမီကထိုင်ဝမ်ကျွန်းအနီး စစ် လေယာဉ်များ ပျံသန်းမှုနှင့်ပတ်သက်သော တရုတ်အစိုးရ၏သဘောထားကိုပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားခဲ့သည်။တရုတ်နိုင်ငံသည် ပြီးခဲ့သည့်စနေနေ့က ထိုင်ဝမ်အနီး လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းဗုံးကြဲ လေယာဉ်ရှစ်စင်းနှင့် ဂျက်တိုက်လေယာဉ်လေးစင်း စေလွှတ်ခဲ့ကြောင်း

ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။ထိုင်ဝမ်နှင့်ပတ်သက်၍ စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေးအရ ဖိအားပေးမှုလျှော့ချရန်အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း တရုတ်နိုင်ငံအား တိုက်တွန်းခဲ့သည်။တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၄ ရက်က အဆိုပါဧရိယာအတွင်းသို့ စစ်လေယာဉ် ၁၆ စင်းစေလွှတ်ခဲ့ဟု ထိုင်ဝမ်က ပြောသည်။ထိုင်ဝမ်က တရုတ်အရှေ့ပိုင်းကမ်းခြေအလွန်ရှိ ကီလိုမီတာ ၁၆၀ ခန့်ရှိသော ကျွန်းစုဖြစ်ပြီးတရုတ်အစိုးရ က လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားသည်။

ခွဲထွက်ရေးသမားများ၏ လှုပ်ရှားမှုများနှင့် ပြည်ပ၏ စွက်ဖက်မှုများအတွက် တရုတ်နိုင်ငံကတပ်ဖွဲ့အင် အားအသုံးပြုမှုကို မည်သည့်အခါမျှ စွန့်လွှတ်မည်မဟုတ်ဟု ကျူက ပြောသည်။

crd…. People Media

Leave a Reply

Your email address will not be published. Required fields are marked *