သမၼတ ႏွင့္ UEC ဥကၠဌအား စာခြၽန္ေတာ္ ေလွ်ာက္ထားမႈလက္ခံသင့္ မသင့္ မၾကားနာျဖစ္ ၊ စီရင္ခ်က္ခ်မွတ္ရန္ သီးသန္႔ထားရွိမည္

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ တို့ကို အာဏာပိုင်မေးစာချွန်တော် လျှောက်ထားမှု လက်ခံ သင့် မသင့်ကို ဒီနေ့ဇန်နဝါရီ ၂၉ရက်နေ့မှာ မကြားနာဖြစ်တော့ဘဲ စီရင်ချက်မှတ်ဖို့ သီးသန့်ထားရှိသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကသိရပါတယ်။
အမျိုးသားရေးအမည်ခံ လှုပ်ရှားသူရှေ့နေ ဦးဇော်ဝိတ်က နိုင်ငံတော် သမ္မတ ကို အာဏာပိုင်မေးစာချွန်တော်လျှောက်ထားခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဒေါ်ခင်ခင်ဌေး နဲ့ ဒေါ်မို့မို့စိန် အမည် နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို အာဏာပိုင်မေးစာချွန်တော်လျှောက်ထားခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ အာဏာပိုင်မေးစာချွန်တော်လျှောက်ထားမှုကို လက်ခံကြားနာသင့် မသင့် ကနေဦး ကြားနာဖို့ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၃ဦး က စိစစ်မှာဖြစ်ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး သဘာပတိအဖြစ် ဦးမြင့်အောင် ၊ အဖွဲ့ဝင် ဦးအောင်ဇော်သိန်း နဲ့ဦးမျိုးဝင်း တို့ကရုံးထိုင်စိစစ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ နေပြည်တော်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး အနီးလုံခြုံရေး တင်းကျပ်ထားပြီး ကြံ့ခိုင်ရေးပါတီ ဝန်းရံသူတွေက သီချင်းတွေဖွင့်ကာ အင်အားပြလှည့်လည်နေကြပါတယ်။

crd….အိုင်းရစ် ရေးသားသည်။
zawgyi

ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ နဲ႔ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ တို႔ကို အာဏာပိုင္ေမးစာခြၽန္ေတာ္ ေလွ်ာက္ထားမႈ လက္ခံ သင့္ မသင့္ကို ဒီေန႔ဇန္နဝါရီ ၂၉ရက္ေန႔မွာ မၾကားနာျဖစ္ေတာ့ဘဲ စီရင္ခ်က္မွတ္ဖို႔ သီးသန္႔ထားရွိသြားမွာျဖစ္တယ္လို႔ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္႐ုံးကသိရပါတယ္။
အမ်ိဳးသားေရးအမည္ခံ လႈပ္ရွားသူေရွ႕ေန ဦးေဇာ္ဝိတ္က ႏိုင္ငံေတာ္ သမၼတ ကို အာဏာပိုင္ေမးစာခြၽန္ေတာ္ေလွ်ာက္ထားခဲ့ၿပီး ႀကံ့ခိုင္ေရးပါတီက ေဒၚခင္ခင္ေဌး နဲ႔ ေဒၚမို႔မို႔စိန္ အမည္ နဲ႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠဌကို အာဏာပိုင္ေမးစာခြၽန္ေတာ္ေလွ်ာက္ထားခဲ့ၾကတာျဖစ္ပါတယ္။

အဲဒီ အာဏာပိုင္ေမးစာခြၽန္ေတာ္ေလွ်ာက္ထားမႈကို လက္ခံၾကားနာသင့္ မသင့္ ကေနဦး ၾကားနာဖို႔ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီး ၃ဦး က စိစစ္မွာျဖစ္ပါတယ္။ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီး သဘာပတိအျဖစ္ ဦးျမင့္ေအာင္ ၊ အဖြဲ႕ဝင္ ဦးေအာင္ေဇာ္သိန္း နဲ႔ဦးမ်ိဳးဝင္း တို႔က႐ုံးထိုင္စိစစ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။

ဒီေန႔မနက္ပိုင္းမွာေတာ့ ေနျပည္ေတာ္က ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံး အနီးလုံၿခဳံေရး တင္းက်ပ္ထားၿပီး ႀကံ့ခိုင္ေရးပါတီ ဝန္းရံသူေတြက သီခ်င္းေတြဖြင့္ကာ အင္အားျပလွည့္လည္ေနၾကပါတယ္။

crd….အိုင္းရစ္ ေရးသားသည္။

Leave a Reply

Your email address will not be published. Required fields are marked *