ရန္သူမ်ိဳး (၅) ပါးကို ကာကြယ္ၾကရတဲ့ လူသားေတြ ႏွင့္ ဘယ္လိုမွ ကာကြယ္လို႔ မရတဲ့ (၁) ပါး

ရန်သူမျိုး (၅) ပါးကို ကာကွယ်ကြရတယ်.. ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သူ ဆိုပြီး ဖော်ပြထားရှိတဲ့ ရန်သူ (၅) ပါးဟာ ကာကွယ်လို့ရပါတယ်.. ရန်သူမှန်သမျှ ကာကွယ်လို့ရသလို ကာလည်း ကာကွယ်ကြပါတယ်..အဲဒီမှာ ကာကွယ်တယ်ဆိုကတည်းက မဖြစ်အောင် ကြိုပြီးလုပ်ထားကြတာကို ကာကွယ်တယ်လို့ ဆိုရပါတယ်.. မဖြစ်ပေါ်အောင် ကာကွယ်သလို ဖြစ်လာတာကို ခံနိုင်ရည်ရှိအောင်လည်းကြိုလုပ်ထားရပါတယ်.. ခံနိုင်ရည်ရှိအောင် ကြိုလုပ်ရသလို ပြန်နလန်ထူလာအောင်လည်း စီမံကြရပါတယ်.. အဲ့သည်လို မတိုင်ခင်ကာလအတွက် ဖြစ်နေဆဲကာလအတွက် ပြီးဆုံးသွားတဲ့ကာလအတွက် ဆိုပြီးတော့ ရန်သူမျိုးငါးပါးကို ကြိုကာကြရစမြဲပါ ဆိုပါတော့..

မီးမလောင်အောင် ကာကွယ်မယ်.. မီးကြွင်းမီးကျန် မရှိစေဘူး လောင်စာတွေကို သတိပြုပြီးထိန်းသိမ်းမယ် မီးသုံးစွဲရာမှာ လိုက်နာရမယ့်စည်းကမ်းတွေအတိုင်း သိရှိပြီးလိုက်နာ ကျင့်ကြံမယ် စသည်ဖြင့်တွေက မလောင်အောင်ကာကွယ်တာပေါ့.. ကာကွယ်ပါလျက်ကယ်နဲ့ လောင်ပြီဆိုပါတော့ လောင်တာခံနိုင်ဖို့ ကြိုတင်ပြင်ထားကြပါတယ်..မီးလောင်နိုင်ခြေများတဲ့နေရာမှာ မီးခံဆေးသုတ်မယ် မီးတားလမ်းလုပ်မယ် မီးသတ်ဆေးဘူးတွေထားမယ်.. မီးလောင်ချိန်မှာ အသက်ရှူလို့ရအောင် ကရိယာတွေ ပစ္စည်းတွေထားမယ် စသည်ဖြင့် လောင်ချိန်မှာ ခံနိုင်ရည်ရှိအောင် ကြိုကာကွယ်ထားကြရတာဟာလည်း ကာကွယ်ခြင်းပါပဲ.နောက်ဆုံးကတော့ မီးလောင်လို့ ပျက်ရတာတွေ ဆုံးရှုံးကြရတာတွေ ယိုယွင်းတာတွေ ထိခိုက်မှုတွေအတွက် ပြန်ထူထောင်ဖို့ ကြိုတင်လုပ်ထားကြရတာဟာလည်း ကာကွယ်မှုထဲပါတာပါပဲ ပြန်ထူထောင်ဖို့က ဓနအင်အား လူအား ငွေအား ပစ္စည်းအား လိုမှာသေချာပါတယ်.. အဲ့ဒိအတွက် ကြိုတင်ကာကွယ်မှုလုပ်ကြတာက ကျတော့ မီးအာမခံထားကြပြီး လျော်ကြေးငွေနဲ့ပြန်ထူထောင်ကြတာပေါ့.. မလောက်ငှရင် ငွေချေးတာတို့ ထောက်ပံ့ကြေးရအောင်တို့အတွက် အသင်းအပင်းအဖွဲ့အစည်း တွေထဲကြိုဝင်ထားတာမျိုးတွေကလည်း ကာကွယ်မှုထဲပါပါတယ် ဆိုတော့ ကာလသုံးပါးအတွက် ကြိုတင်ပြီးပြင်ဆင်ကာကွယ်ကြဖို့လိုပါတယ်..

ရန်သူမျိုးက ငါးပါးတောင်ဆိုတော့ မီးကိုအခု ဥပမာပေးသလိုပါပဲ.. ရေဆိုလည်း မဖြစ်အောင် ကာကွယ် ဖြစ်နေတုန်းခံနိုင်ဖို့ ကြိုကာကွယ် ဖြစ်ပြီးတဲ့အခါ ပြန်ထူထောင်ဖို့ကြိုကာကွယ် စတာတွေကို လုပ်ကြရမှာပါပဲ.. ခိုးသူ မချစ်မနှစ်သက်သူ စတာတွေလည်း အလားတူ ကာကွယ်လို့ရပါတယ်.. ကာကွယ်လို့မရတဲ့ ရန်သူကတော့ မင်းဆိုတဲ့ ရန်သူဖြစ်ပါတယ်.. ကြိုတင်ကာကွယ်လို့လည်း မရပါဘူး သူ့ရန်ကို ခံနိုင်ရည်ရှိအောင် ကြိုတင်ကာကွယ်ထားဖို့ကလည်း မလွယ်ပါဘူး.. သူ့ရန်ကလွတ်တဲ့အခါ ပြန်ထူထောင်ဖို့ကလည်း သူကြည်ဖြူမှဖြစ်မှာပါ..မင်းဆိုတဲ့ရန်သူက ရန်မပြုအောင်ကာကွယ်လို့ရမယ့်နည်းလမ်းက သူရန်မပြုနိုင်အောင် ကိုယ်ကသူ့ထက် ကံကောင်းနေဖို့လိုပါတယ်.. သို့သော် မင်းဖြစ်လာပြီဆိုမှတော့ သူ့ဘုန်းကံက ယှဥ်ဖို့ရာဖြစ်နိုင်ခြေနည်းပါလိမ့်မယ်.. သည်တော့ မင်းဆိုတဲ့ရန်ကိုကာကွယ်ဖို့က ကိုယ်ကစတိုက်ရပါလိမ့်မယ်.. တိုက်စစ်ဟာ အကောင်းဆုံးခံစစ်ဖြစ်ပါသတဲ့ အကောင်းဆုံးအကာအကွယ်ဖြစ်ပါတယ်.. တိုက်စစ်ဆင်ဖို့ လက်နက်လိုပါတယ်.. သူ့ရဲ့စစ်တပ်ကြီးကို ဘယ်လိုလုပ်ကိုယ်ကနိုင်ပါ့မလဲ နိုင်ဖို့အကောင်းဆုံးလက်နက်လိုပါလိမ့်မယ်..

လောကတွင် အကောင်းဆုံးလက်နက်ကား “မေတ္တာလက်နက်” ဖြစ်ပါတယ်.. မေတ္တာသာပို့ပါ.. မြင်အောင်ကြည့်ပြီးပို့ပါ.. မြင်အောင်တွေးပြီးပို့ပါ.. ရောက်အောင်ပို့ပါ.. အကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်လို့ ရှေးဆရာများ ဟောပြောပို့ချခဲ့ဖူးတာ ကို ပြောပြချင်တာပါ..ရန်သူမလာအောင် လာရင်ခံနိုင်အောင် ရန်ကလွတ်ရင် ပြန်ထူထောင်နိုင်အောင် ကြိုတင်ကာကွယ် နိုင်ကြပါစေ.. ရေ မီး မင်း ခိုးသူ မချစ်မနှစ်သက်သူတို့အား ကာလသုံးပါးစလုံးအတွက်ကြိုတင်ကာကွယ်နိုင်ကြပါစေ..

CRD….. (Pi Lon)

ZAWGYI

ရန္သူမ်ိဳး (၅) ပါးကို ကာကြယ္ၾကရတယ္.. ေရ မီး မင္း ခိုးသူ မခ်စ္မႏွစ္သက္သူ ဆိုၿပီး ေဖာ္ျပထားရွိတဲ့ ရန္သူ (၅) ပါးဟာ ကာကြယ္လို႔ရပါတယ္.. ရန္သူမွန္သမွ် ကာကြယ္လို႔ရသလို ကာလည္း ကာကြယ္ၾကပါတယ္..အဲဒီမွာ ကာကြယ္တယ္ဆိုကတည္းက မျဖစ္ေအာင္ ႀကိဳၿပီးလုပ္ထားၾကတာကို ကာကြယ္တယ္လို႔ ဆိုရပါတယ္.. မျဖစ္ေပၚေအာင္ ကာကြယ္သလို ျဖစ္လာတာကို ခံႏိုင္ရည္ရွိေအာင္လည္းႀကိဳလုပ္ထားရပါတယ္.. ခံႏိုင္ရည္ရွိေအာင္ ႀကိဳလုပ္ရသလို ျပန္နလန္ထူလာေအာင္လည္း စီမံၾကရပါတယ္.. အဲ့သည္လို မတိုင္ခင္ကာလအတြက္ ျဖစ္ေနဆဲကာလအတြက္ ၿပီးဆုံးသြားတဲ့ကာလအတြက္ ဆိုၿပီးေတာ့ ရန္သူမ်ိဳးငါးပါးကို ႀကိဳကာၾကရစၿမဲပါ ဆိုပါေတာ့..

မီးမေလာင္ေအာင္ ကာကြယ္မယ္.. မီးႂကြင္းမီးက်န္ မရွိေစဘူး ေလာင္စာေတြကို သတိျပဳၿပီးထိန္းသိမ္းမယ္ မီးသုံးစြဲရာမွာ လိုက္နာရမယ့္စည္းကမ္းေတြအတိုင္း သိရွိၿပီးလိုက္နာ က်င့္ႀကံမယ္ စသည္ျဖင့္ေတြက မေလာင္ေအာင္ကာကြယ္တာေပါ့.. ကာကြယ္ပါလ်က္ကယ္နဲ႔ ေလာင္ၿပီဆိုပါေတာ့ ေလာင္တာခံႏိုင္ဖို႔ ႀကိဳတင္ျပင္ထားၾကပါတယ္..မီးေလာင္ႏိုင္ေျခမ်ားတဲ့ေနရာမွာ မီးခံေဆးသုတ္မယ္ မီးတားလမ္းလုပ္မယ္ မီးသတ္ေဆးဘူးေတြထားမယ္.. မီးေလာင္ခ်ိန္မွာ အသက္ရႉလို႔ရေအာင္ ကရိယာေတြ ပစၥည္းေတြထားမယ္ စသည္ျဖင့္ ေလာင္ခ်ိန္မွာ ခံႏိုင္ရည္ရွိေအာင္ ႀကိဳကာကြယ္ထားၾကရတာဟာလည္း ကာကြယ္ျခင္းပါပဲ.ေနာက္ဆုံးကေတာ့ မီးေလာင္လို႔ ပ်က္ရတာေတြ ဆုံးရႈံးၾကရတာေတြ ယိုယြင္းတာေတြ ထိခိုက္မႈေတြအတြက္ ျပန္ထူေထာင္ဖို႔ ႀကိဳတင္လုပ္ထားၾကရတာဟာလည္း ကာကြယ္မႈထဲပါတာပါပဲ ျပန္ထူေထာင္ဖို႔က ဓနအင္အား လူအား ေငြအား ပစၥည္းအား လိုမွာေသခ်ာပါတယ္.. အဲ့ဒိအတြက္ ႀကိဳတင္ကာကြယ္မႈလုပ္ၾကတာက က်ေတာ့ မီးအာမခံထားၾကၿပီး ေလ်ာ္ေၾကးေငြနဲ႔ျပန္ထူေထာင္ၾကတာေပါ့.. မေလာက္ငွရင္ ေငြေခ်းတာတို႔ ေထာက္ပံ့ေၾကးရေအာင္တို႔အတြက္ အသင္းအပင္းအဖြဲ႕အစည္း ေတြထဲႀကိဳဝင္ထားတာမ်ိဳးေတြကလည္း ကာကြယ္မႈထဲပါပါတယ္ ဆိုေတာ့ ကာလသုံးပါးအတြက္ ႀကိဳတင္ၿပီးျပင္ဆင္ကာကြယ္ၾကဖို႔လိုပါတယ္..

ရန္သူမ်ိဳးက ငါးပါးေတာင္ဆိုေတာ့ မီးကိုအခု ဥပမာေပးသလိုပါပဲ.. ေရဆိုလည္း မျဖစ္ေအာင္ ကာကြယ္ ျဖစ္ေနတုန္းခံႏိုင္ဖို႔ ႀကိဳကာကြယ္ ျဖစ္ၿပီးတဲ့အခါ ျပန္ထူေထာင္ဖို႔ႀကိဳကာကြယ္ စတာေတြကို လုပ္ၾကရမွာပါပဲ.. ခိုးသူ မခ်စ္မႏွစ္သက္သူ စတာေတြလည္း အလားတူ ကာကြယ္လို႔ရပါတယ္.. ကာကြယ္လို႔မရတဲ့ ရန္သူကေတာ့ မင္းဆိုတဲ့ ရန္သူျဖစ္ပါတယ္.. ႀကိဳတင္ကာကြယ္လို႔လည္း မရပါဘူး သူ႔ရန္ကို ခံႏိုင္ရည္ရွိေအာင္ ႀကိဳတင္ကာကြယ္ထားဖို႔ကလည္း မလြယ္ပါဘူး.. သူ႔ရန္ကလြတ္တဲ့အခါ ျပန္ထူေထာင္ဖို႔ကလည္း သူၾကည္ျဖဴမွျဖစ္မွာပါ..မင္းဆိုတဲ့ရန္သူက ရန္မျပဳေအာင္ကာကြယ္လို႔ရမယ့္နည္းလမ္းက သူရန္မျပဳႏိုင္ေအာင္ ကိုယ္ကသူ႔ထက္ ကံေကာင္းေနဖို႔လိုပါတယ္.. သို႔ေသာ္ မင္းျဖစ္လာၿပီဆိုမွေတာ့ သူ႔ဘုန္းကံက ယွဥ္ဖို႔ရာျဖစ္ႏိုင္ေျခနည္းပါလိမ့္မယ္.. သည္ေတာ့ မင္းဆိုတဲ့ရန္ကိုကာကြယ္ဖို႔က ကိုယ္ကစတိုက္ရပါလိမ့္မယ္.. တိုက္စစ္ဟာ အေကာင္းဆုံးခံစစ္ျဖစ္ပါသတဲ့ အေကာင္းဆုံးအကာအကြယ္ျဖစ္ပါတယ္.. တိုက္စစ္ဆင္ဖို႔ လက္နက္လိုပါတယ္.. သူ႔ရဲ႕စစ္တပ္ႀကီးကို ဘယ္လိုလုပ္ကိုယ္ကႏိုင္ပါ့မလဲ ႏိုင္ဖို႔အေကာင္းဆုံးလက္နက္လိုပါလိမ့္မယ္..

ေလာကတြင္ အေကာင္းဆုံးလက္နက္ကား “ေမတၱာလက္နက္” ျဖစ္ပါတယ္.. ေမတၱာသာပို႔ပါ.. ျမင္ေအာင္ၾကည့္ၿပီးပို႔ပါ.. ျမင္ေအာင္ေတြးၿပီးပို႔ပါ.. ေရာက္ေအာင္ပို႔ပါ.. အေကာင္းဆုံးကာကြယ္နည္းျဖစ္ပါတယ္လို႔ ေရွးဆရာမ်ား ေဟာေျပာပို႔ခ်ခဲ့ဖူးတာ ကို ေျပာျပခ်င္တာပါ..ရန္သူမလာေအာင္ လာရင္ခံႏိုင္ေအာင္ ရန္ကလြတ္ရင္ ျပန္ထူေထာင္ႏိုင္ေအာင္ ႀကိဳတင္ကာကြယ္ ႏိုင္ၾကပါေစ.. ေရ မီး မင္း ခိုးသူ မခ်စ္မႏွစ္သက္သူတို႔အား ကာလသုံးပါးစလုံးအတြက္ႀကိဳတင္ကာကြယ္ႏိုင္ၾကပါေစ..

CRD….. (Pi Lon)

Leave a Reply

Your email address will not be published. Required fields are marked *