WHO ရဲ႕ ဗိုင္းရပ္စ္မူလအစ စုံစမ္းစစ္ေဆးမႈကို ႏိုင္ငံေရးသေဘာသက္ဝင္ေအာင္မလုပ္ဖို႔ အေမရိကန္ကို တ႐ုတ္သတိေပး

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့မူလအစကို စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပညာရှင်အဖွဲ့ဟာ ကြာသပတေးနေ့မှာ ဝူဟန်မြို့ ဟိုတယ်ကွာရန်တင်းကနေ စတင်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်လည်း အဆိုပါစုံစမ်းမှုကို အားသွန်ခွန်စိုက်နဲ့ ပြတ်ပြတ်သားသားလုပ်ဖို့ တိုက်တွန်းထားပါတယ်။

WHO ကစုံစမ်းရေးပညာရှင်အဖွဲ့ဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက်ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာတာဖြစ်ပြီး နှစ်ပတ်ကြာ ဟိုတယ်ကွာရန်တင်းဝင်နေခဲ့တာပါ။

နှာခေါင်းစည်းတွေတပ်ဆင်ထားတဲ့ WHO စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ဇန်နဝါရီ ၂၈ ရက်က ကွာရန်တင်းရက်ပြည့်သွားလို့ နောက်ထပ်ဟိုတယ်တစ်လုံးကို ပြောင်းရွှေ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့စုံစမ်းစစ်ဆေးမှုကိုတော့ ဘယ်အချိန်၊ ဘယ်နေရာမှာ စမလဲဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဟာ လင်းနို့တွေကနေ ကူးစက်တယ်လို့ ယူဆထားကြပြီး တောရိုင်းတိရစ္ဆာန်တွေကို အစာအဖြစ်ရောင်းချတဲ့ ဝူဟန် သားငါးနဲ့ပင်လယ်စာဈေးကနေ ကနဦးပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူပေါင်း နှစ်သန်းကျော်ကို သေစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူကို ဘယ်လိုမျိုးကူးစက်ခဲ့လဲဆိုတာ ဒီခရီးစဉ်က စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ WHO က အခိုင်အမာပြောဆိုထားပါတယ်။

အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီက ဗိုင်းရပ်စ်ပေါ်ပေါက်လာပြီး တစ်ကမ္ဘာလုံးကို ဘယ်လိုကူးစက်ပျံ့နှံသွားတယ်ဆိုတာ ရှာဖွေဖော်ထုတ်ဖို့ အလွန်အရေးကြီးကြောင်း ဗုဒ္ဓဟူးနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တရုတ်ရဲ့ တချို့သောသတင်းရင်းမြစ်တွေက အချက်အလက်အမှားတွေအပေါ်လည်း စိုးရိမ်ပူပန်မိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုကို အားသွန်ခွန်စိုက်နဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားလုပ်ဆောင်ဖို့လည်း ဂျန်ဆာကီက တိုက်တွန်းလိုက်ပါတယ်။

တရုတ်ကလည်း အမေရိကန်အနေနဲ့ အချက်အလက်၊ သိပ္ပံပညာရပ်နဲ့ WHO ကျွမ်းကျင်ပညာရှင်တွေရဲ့ ကြိုးစားမှုကို လေးစားဖို့ ကြာသပတေးနေ့က ပြန်လည်သတိပေးပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက WHO စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုကင်းစွာနဲ့ လုပ်ခွင့်ပေးထားရမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ နှောင့်နှေးကြန့်ကြာမှုနဲ့ မရှုပ်ရှုပ်အောင်လုပ်နေတဲ့ဖြစ်ရပ်တွေပြီးမှ ပေါက်ပေါက်လာတဲ့ ဒီမစ်ရှင်မှာ ကျွမ်းကျင်ပညာအဖွဲ့ကို ဘယ်အရာတွေကို ကြည့်ရှုခွင့်ပေးမလဲဆိုတာ မသိရသလို ကပ်ရောဂါဖြစ်ပြီးတစ်နှစ်ကြာတဲ့အချိန်ကျမှ ဘယ်လိုမျိုးအသုံးဝင်တဲ့ သက်သေသာဓကတွေ ကျန်ရှိနေဦးမလဲဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဝူဟန်မြို့က ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေဟာ WHO စုံစမ်းရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ တောင်းဆိုနေကြပြီး စုံစမ်းရေးအဖွဲ့ရောက်လာကတည်းက သူတို့ဟာ တာဝန်ရှိသူတွေရဲ့ နှောင့်ယှက်တားဆီးမှုတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်သေဆုံးသူ ၄ ၆၃၆ ဦးရှိပြီး ဝူဟန်မြို့က ၃ ၉၀၀ နီးပါး သေဆုံးခဲ့တာဖြစ်ပါတယ်။

source : Mizzima News

zawgyi

ကိုဗစ္-၁၉ ကပ္ေရာဂါရဲ႕မူလအစကို ေစ့ေစ့စပ္စပ္ စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္သြားမဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ပညာရွင္အဖြဲ႕ဟာ ၾကာသပေတးေန႔မွာ ဝူဟန္ၿမိဳ႕ ဟိုတယ္ကြာရန္တင္းကေန စတင္ထြက္လာခဲ့ၿပီျဖစ္ပါတယ္။ အေမရိကန္လည္း အဆိုပါစုံစမ္းမႈကို အားသြန္ခြန္စိုက္နဲ႔ ျပတ္ျပတ္သားသားလုပ္ဖို႔ တိုက္တြန္းထားပါတယ္။

WHO ကစုံစမ္းေရးပညာရွင္အဖြဲ႕ဟာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းက ကို႐ိုနာဗိုင္းရပ္စ္ အစုလိုက္အၿပဳံလိုက္ကူးစက္မႈ စတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕ကို ဇန္နဝါရီ ၁၄ ရက္က ေရာက္ရွိလာတာျဖစ္ၿပီး ႏွစ္ပတ္ၾကာ ဟိုတယ္ကြာရန္တင္းဝင္ေနခဲ့တာပါ။

ႏွာေခါင္းစည္းေတြတပ္ဆင္ထားတဲ့ WHO စုံစမ္းစစ္ေဆးေရးအဖြဲ႕ဟာ ဇန္နဝါရီ ၂၈ ရက္က ကြာရန္တင္းရက္ျပည့္သြားလို႔ ေနာက္ထပ္ဟိုတယ္တစ္လုံးကို ေျပာင္းေ႐ႊ႕ၾကတာျဖစ္ပါတယ္။ သူတို႔ရဲ႕စုံစမ္းစစ္ေဆးမႈကိုေတာ့ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ စမလဲဆိုတာေတာ့ ခ်က္ခ်င္း မသိရေသးပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ဟာ လင္းႏို႔ေတြကေန ကူးစက္တယ္လို႔ ယူဆထားၾကၿပီး ေတာ႐ိုင္းတိရစာၦန္ေတြကို အစာအျဖစ္ေရာင္းခ်တဲ့ ဝူဟန္ သားငါးနဲ႔ပင္လယ္စာေဈးကေန ကနဦးပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။

ကမာၻတစ္ဝန္းမွာ လူေပါင္း ႏွစ္သန္းေက်ာ္ကို ေသေစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ တိရစာၦန္ကေန လူကို ဘယ္လိုမ်ိဳးကူးစက္ခဲ့လဲဆိုတာ ဒီခရီးစဥ္က စုံစမ္းစစ္ေဆးသြားမွာျဖစ္တယ္လို႔ WHO က အခိုင္အမာေျပာဆိုထားပါတယ္။

အိမ္ျဖဴေတာ္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဂ်န္ဆာကီက ဗိုင္းရပ္စ္ေပၚေပါက္လာၿပီး တစ္ကမာၻလုံးကို ဘယ္လိုကူးစက္ပ်ံ႕ႏွံသြားတယ္ဆိုတာ ရွာေဖြေဖာ္ထုတ္ဖို႔ အလြန္အေရးႀကီးေၾကာင္း ဗုဒၶဟူးေန႔က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

တ႐ုတ္ရဲ႕ တခ်ိဳ႕ေသာသတင္းရင္းျမစ္ေတြက အခ်က္အလက္အမွားေတြအေပၚလည္း စိုးရိမ္ပူပန္မိေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးမႈကို အားသြန္ခြန္စိုက္နဲ႔ ရွင္းရွင္းလင္းလင္း ျပတ္ျပတ္သားသားလုပ္ေဆာင္ဖို႔လည္း ဂ်န္ဆာကီက တိုက္တြန္းလိုက္ပါတယ္။

တ႐ုတ္ကလည္း အေမရိကန္အေနနဲ႔ အခ်က္အလက္၊ သိပၸံပညာရပ္နဲ႔ WHO ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ ႀကိဳးစားမႈကို ေလးစားဖို႔ ၾကာသပေတးေန႔က ျပန္လည္သတိေပးေျပာဆိုခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာေရးဆိုခြင့္ရွိသူ ေက်ာင္လီက်န္းက WHO စုံစမ္းစစ္ေဆးေရးအဖြဲ႕ေတြကို ႏိုင္ငံေရးအရ ဝင္ေရာက္စြက္ဖက္မႈကင္းစြာနဲ႔ လုပ္ခြင့္ေပးထားရမယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တ႐ုတ္အာဏာပိုင္ေတြရဲ႕ ေႏွာင့္ေႏွးၾကန႔္ၾကာမႈနဲ႔ မရႈပ္ရႈပ္ေအာင္လုပ္ေနတဲ့ျဖစ္ရပ္ေတြၿပီးမွ ေပါက္ေပါက္လာတဲ့ ဒီမစ္ရွင္မွာ ကြၽမ္းက်င္ပညာအဖြဲ႕ကို ဘယ္အရာေတြကို ၾကည့္ရႈခြင့္ေပးမလဲဆိုတာ မသိရသလို ကပ္ေရာဂါျဖစ္ၿပီးတစ္ႏွစ္ၾကာတဲ့အခ်ိန္က်မွ ဘယ္လိုမ်ိဳးအသုံးဝင္တဲ့ သက္ေသသာဓကေတြ က်န္ရွိေနဦးမလဲဆိုတာလည္း ရွင္းရွင္းလင္းလင္း မသိရပါဘူး။

ဝူဟန္ၿမိဳ႕က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသြားသူေတြရဲ႕ ေဆြမ်ိဳးသားခ်င္းေတြဟာ WHO စုံစမ္းေရးအဖြဲ႕နဲ႔ ေတြ႕ဆုံဖို႔ ေတာင္းဆိုေနၾကၿပီး စုံစမ္းေရးအဖြဲ႕ေရာက္လာကတည္းက သူတို႔ဟာ တာဝန္ရွိသူေတြရဲ႕ ေႏွာင့္ယွက္တားဆီးမႈေတြကို ရင္ဆိုင္ေနရတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ တရားဝင္ကိန္းဂဏန္းေတြအရ ႏိုင္ငံတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ေသဆုံးသူ ၄ ၆၃၆ ဦးရွိၿပီး ဝူဟန္ၿမိဳ႕က ၃ ၉၀၀ နီးပါး ေသဆုံးခဲ့တာျဖစ္ပါတယ္။

source : Mizzima News

Leave a Reply

Your email address will not be published. Required fields are marked *