တ႐ုတ္စစ္တပ္ကို ေစာင့္ၾကည့္ရာ၌ အိႏၵိယကို အေမရိကန္ ကူညီ

အိန္ဒိယနှင့် တရုတ်အကြား မကြာသေးသော လများအတွင်းက တင်းမာမှုများ ကြီးထွားနေချိန်၌ အိန္ဒိယနိုင်ငံ၏ တရုတ်စစ်တပ်ကို မျက်စိထောက်ဒေါက် ကြည့်နေရရာတွင် အမေရိကန်စစ်တပ်ကပါ ကူညီအားဖြည့်ပေးနေသည်ဟု အမေရိကန် စစ်တပ်မှူးတစ်ဦးက နိုဝင်ဘာလအတွင်း ပြောထားခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအဖြစ် ဟိမဝန္တာနယ်စပ်တွင် အိန္ဒိယနှင့် တရုတ်စစ်သားများကြား အသေအဆုံးများသည် ခိုက်ရန်ဖြစ်မှု ဇွန်လအတွင်းက ဖြစ်ပွားပေါ်ပေါက်ခဲ့ရာ ထိုအချိန်မှစပြီး နှစ်ဖက်စလုံးသည် ၎င်းတို့၏ တည်နေရာများ၌ စစ်အင်အား ဖြည့်တင်းလာခဲ့ကြရာတွင် အိန္ဒိယအတွက် တရုတ်တပ်များကို စောင့်ကြည့်ထောက်လှမ်းရာတွင် အကူအညီများ ရရှိထားသည်။

“လက်တွေ့နယ်ပယ်မှာ ကျွန်တော်တို့ဟာ အခုနှစ်မှာဆိုရင် အိန္ဒိယနဲ့ ပိုပြီး နီးကပ်လာခဲ့တယ်။ အထူးသဖြင့်တော့ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ပေးနေတယ်။ တရုတ်ရယ်၊ အရှေ့မြောက်နယ်စပ် အိန္ဒိယဖက်ခြမ်းက အခြေအနေတွေနဲ့ ဆက်စပ်တဲ့ ထောက်လှမ်းရေးသတင်းတွေကို ကူညီဖလှယ်ပေးနေတာ ဖြစ်တယ်။”ဟု အမေရိကန် ပစိဖိတ်လေတပ် အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ကြီး ကန်နက်ဝဲလ်စ်ဘတ်ရှ်က နိုဝင်ဘာလက အခမ်းအနားတစ်ခုတွင် ပြောခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တတ်နိုင်သလောက် ကျွန်တော်တို့ရဲ့ အကြီးမားဆုံး မိတ်ဆွေ အိန္ဒိယကို ထောက်လှမ်းရေးသတင်းတွေ အများအပြား ပေးပြီး ထောက်ကူပြုပေးနေပါတယ်။”ဟု ထိုသို့ ထောက်လှမ်းရေးသတင်း ဝေမျှခြင်းကို ဇူလိုင်လအတွင်းက စတင်ကွပ်ကဲဆောင်ရွက်ခဲ့သည့် ဝဲလ်စ်ဘတ်ရှ်က ပြောသည်။

အမေရိကန်နှင့် အိန္ဒိယကြား အောက်တိုဘာနှောင်းပိုင်းတွင် ရရှိခဲ့သော စစ်ရေးသဘောတူညီချက်တစ်ရပ်ဖြစ်သည့် Basic Exchange and Cooperation Agreement (BECA) သဘောတူညီချက်အရ စစ်ထောက်လှမ်းရေးသတင်းများ ကူညီဖလှယ်ပေးခြင်းကို ပြီးခဲ့သည့် သီတင်းပတ်များ၌ အဆင်ပြေချောမောစွာ ဆောင်ရွက်နိုင်ခဲ့ကြသည်။

“BECA သဘောတူညီချက်ဟာ ကျွန်တော်တို့တွေရဲ့ မိတ်ဖက်ပြုမှုနဲ့ အခြေခံ သတင်းအချက်အလက် ဖလှယ်တာတွေကို တိုးချဲ့လုပ်ဆောင်နိုင်စေခဲ့တဲ့ သဘောတူညီချက်ပါပဲ။”ဟု အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် National Geospatial-Intelligence ၏ ညွှန်ကြားရေးမှူး ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး ရောဘတ်ရှက်ပ်က ပြီးခဲ့သည့်လ အခမ်းအနားတစ်ခု၌ ပြောခဲ့သည်။ ရောဘတ်ရှက်ပ်သည် BECA သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့သူလည်း ဖြစ်သည်။

BECA အရ မြေပြင်လှုပ်ရှားမှု topographical၊ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုနှင့် ဝေဟင်လှုပ်ရှားမှု အချက်အလက်များကို အိန္ဒိယက ရရှိမည်ဖြစ်သကဲ့သို့ ခေတ်မီ ရေကြောင်း အကူအညီများနှင့် လေယာဉ်ပုံစံထုတ် အီလက်ထရွန်နစ်ပညာ avionics ကိုပါ အမေရိကန်က ကူညီထောက်ကူပေးသွားရမည်ဖြစ်ဟု BECA အား လက်မှတ်မရေးထိုးရသေးခင် စစ်သတင်းရင်းမြစ်တစ်ရပ်က ရိုက်တာသို့ ပြောခဲ့သည်။ ထို သဘောတူညီချက်အရ ဧရိယာနယ်မြေတစ်ခုက အရာဝတ္ထုများ၊ ဖြစ်ပျက်အကြောင်းအရာများနှင့် ဖြစ်မြဲမဟုတ်သော အကြောင်းအရာများကို စုယူသည့် Geospatial data အချက်အလက်များအား အိန္ဒိယကို အမေရိကန်က ကူညီပေးအပ်ရခြင်းဖြစ်ရာ အိန္ဒိယ၏ ဒုံးကျည်များက ပစ်မှတ်များကို ချိန်ထားနိုင်မည်ဟု အိန္ဒိယမီဒီယာသတင်းတစ်ရပ်ကလည်း ရေးသားဖော်ပြခဲ့သည်။

“အခြေခံ သတင်းအချက်အလက် ဖလှယ်ဝေမျှတာဟာ ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့ ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်တယ်။”ဟု ရှက်ပ်က ဆိုသည်။

BECA သည် အခြေခံ သဘောတူညီချက် လေးရပ်၏ စတုတ္ထမြောက် သဘောတူညီချက်တစ်ရပ်ပဲ ဖြစ်သည်။ ၂၀၀၂ တုန်းက ချုပ်ဆိုခဲ့သော သဘောတူညီချက်တစ်ရပ်မှာ လျှို့ဝှက်စစ်ရေးသတင်းအချက်အလက်များ ဖလှယ်ရေး ဖြစ်သည်။ ၂၀၁၆ တွင်လည်း နှစ်နိုင်ငံ စစ်တပ်ကြား တစ်တပ်နှင့် တစ်တပ်၏ စစ်ဖက်ဆိုင်ရာ ယန္တရားများ အသုံးပြုခွင့်နှင့် ပြင်ဆင်ခြင်း၊ ထောက်ပံ့ခြင်းများကို ခွင့်ပြုလုပ်ဆောင်နိုင်သော ထောက်ပံ့ပို့ဆောင်ရေး သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ၂၀၁၈ ခုနှစ်က ရရှိချုပ်ဆိုခဲ့သည့် တတိယမြောက် သဘောတူညီချက်အရဆိုလျှင် အိန္ဒိယသည် ဆက်သွယ်ရေးဆိုင်ရာ၌ အာမခံချက် ရရှိခဲ့ကာ အမေရိကန်တပ်များနှင့် ပို၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခွင့် ရရှိခဲ့သည်။

ထို သဘောတူညီချက်များအောက်တွင် ပူးပေါင်းဆောင်ရွက်မှုများက ရှိထားပြီးလည်း ဖြစ်သည်။ အမေရိကန်စစ်သင်္ဘောများက အိန္ဒိယစစ်သင်္ဘောများအတွက် လောင်စာဆီ ဖြည့်ပေးသကဲ့သို့ ‘သမိုင်းဝင်ဖြစ်ရပ်’အဖြစ် အမေရိကန်အစိုးရက ပြောသော အမေရိကန် ရေကြောင်း ကင်းလှည့်လေယာဉ်တစ်စင်းသည် အိန္ဒိယသမုဒ္ဒရာ အရှေ့ပိုင်း အန်ဒါမန်ပင်လယ်နှင့် နီကိုဘာကျွန်းစုတို့တွင် မကြာသေးခင်က လောစာဆီဖြည့်တင်းခြင်းကို လုပ်ဆောင်ခဲ့သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် မကြာသေးသော အချိန်က အမေရိကန်၏ ချည်းကပ်မှုများနှင့် တရုတ်၏ ရန်လိုစိတ်များကြောင့် တစ်စိတ်တစ်ပိုင်းအားဖြင့် ပေါ်ပေါက်ခဲ့ရသော စစ်အေးကာလတစ်လျှောက်လုံးတွင် အိန္ဒိယ၏ ပုခုံးချင်း မယှဉ်နိုင်သော ရပ်တည်နေရခြင်းကို တစ်ဖြည်းဖြည်း အသွင်ပြောင်းလာစေတော့သည်။

“ချီးကျုးစရာ ဒီ စစ်တပ်နှစ်ရပ်ကြောင့် အိန္ဒိယအတွက် အင်အားချိန်ညှိတဲ့ လှုပ်ရှားမှုတွေကို ပေါ်တင် လုပ်ဆောင်လာစေနိုင်သလို အမေရိကန်နဲ့လည်း မဟာဗျူဟာမိတ်ဖက် ထူထောင်မှုမှာ ပိုပြီး ယုံကြည်မှု ခိုင်မာလာစေတယ်လို့ ကျွန်တော် ထင်တယ်။”ဟု Heritage Foundation ပညာရှင်အဖွဲ့မှ သုတေသီ ဂျက်ဖ်စမစ်က ပြောသည်။

ထို အရွှေ့သည် အိန္ဒိယ၏ ကမ္ဘာကို ရှုမြင်ရာ၌ တော်လှန်ပြောင်းလဲမှု ဖြစ်ပေါ်လာစေပြီး အာရှက မိတ်ဖက်များနှင့်လည်း ရင်ပေါင်တန်းလာစေကြောင်း ဩစတြေးလျရှိ Lowy Institute ပညာရှင်အဖွဲ့မှ Power and Diplomacy Program ၏ ညွှန်ကြားရေးမှူး ဟာဗီလီမာဟီအူးက ပြောသည်။

“အိန္ဒိယဟာ ကိုယ်ကိုကို ယုံကြညည်မှု ပိုကဲလာပြီး အမေရိကန်နဲ့ တန်းညှိနေသလို အစဉ်အလာ ဆက်ဆံမှု မရှိတဲ့ ဩစတြေးလျလို နိုင်ငံမျိုးတွေနဲ့ပါ တစ်တန်းတည်း ရပ်တည်တာကို ရွေးချယ်လာတယ်။”ဟု လီမာဟီအူးက ပြောခဲ့သည်။

ပါကစ္စတန်၊ တရုတ်တို့နှင့် နယ်စပ်မြေပိုင်နက် အငြင်းပွားမှုများမှာ အိန္ဒိယစစ်တပ်၏ အဓိက ဦးတည်ချက်အဖြစ် ရှိနေဆဲ ဖြစ်ဟန်ရှိသော်လည်း တရုတ်၏ စစ်ရေးနှင့် သံတမန်ရေးများ ပို၍ လှုပ်ရှားဆောင်ရွက်နေသော အိန္ဒိယသမုဒ္ဒရာ၌ အိန္ဒိယသည် ခြေလှမ်းကျယ်ကျယ် လှမ်းလာခဲ့ပြီး သူ့ ကိုယ်ပိုင်တပ်ကိုလည်း ပို၍ အားဖြည့်ကာ အခြားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း တိုးမြှင့် ဆောင်ရွက်လာနေသည်။

BECA လက်မှတ်ရေးထိုးသော အစည်းအဝေးတွင် အိန္ဒိယသမုဒ္ဒရာ၌ ခြေရာကောက်လှုပ်ရှားမှုများ ပို၍ ကောင်းမွန်စွာ ဆောင်ရွက်စေနိုင်မည့် ရေကြောင်း သတင်းအချက်အလက် အိန္ဒိယကို မျှဝေပေးရေးကိုပါ သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်ကမှ ဖွဲ့စည်းတည်ထောင်သည့် အိန္ဒိယ၏ ဗဟို အိန္ဒိယသမုဒ္ဒရာဒေသ သတင်းအချက်အလက်မဏ္ဍိုင်အဖွဲ့သည် လက်ရှိတွင် အဆိုပါ သမုဒ္ဒရာနယ်ပယ်အတွင်း ရေပြင်လှုပ်ရှားမှုများကို နိုင်ငံပေါင်း ၂၁ နိုင်ငံနှင့် သတင်းအချက်အလက်များ ဖလှယ်နေပြီ ဖြစ်သည်။

တရုတ်၏ ရှေ့ဆောင်နေမှုကို တန်ပြန်သည်ဟု ဆိုနိုင်သော အိန္ဒိယ၏ နိုင်ငံခြား အကူအညီ ပေးခြင်းကလည်း မကြာသေးသော စီးပွားရေး လေဆန်ခရီးကြားမှာပင် အခြားသော နိုင်ငံများကို အကူအညီများ ဆက်လက်ပေးနေဆဲ ဖြစ်သည်။ “ဒါက ဘာကို ပြောလဲဆိုရင် ခုလို အရေးတကြီး ဆက်ဆံရေးတွေ ထူထောင်နေတာဟာ ဒေသတွင်းမှာ တရုတ်ကို တန်ပြန်မယ့် အိန္ဒိယရဲ့ ရပ်တည်ချက်ပဲဖြစ်တယ်လို့ ကျွန်တော်တော့ ယူဆတယ်။”ဟု မကြာသေးသည့်အချိန်က ကျင်းပသော ပညာရှင်များ အခမ်းအနားတစ်ရပ်တွင် William and Mary and expert on South Asia ပညာရှင်အဖွဲ့မှ ပါမောက္ခတစ်ဦးဖြစ်သည့် ရာနီမူလန်က ပြောသည်။

အိန္ဒိယသည် ၎င်း၏ ကာကွယ်ရေးဒီပလိုမေစီကို တူးဆွသထက် တူးဆွနေကာ မိတ်ဖက်အုပ်စုဖွဲ့ရေးဖြင့် ရည်မှန်းချက်ကြီးကြီး လှမ်းနေသည်ဟု လီမာဟီအူးက ဆိုသည်။ သို့ရာတွင် အမေရိကန်နှင့် နှစ်နှစ်ဆယ်မက အချိန်ကုန်ခဲ့ပြီးမှ ရရှိခဲ့သည့် ယခု သဘောတူညီချက်များကို အိန္ဒိယက မည်သို့ လက်တွေ့ကျကျ အသုံးချလာမလဲဆိုခြင်းက မေးခွန်းအဖြစ် ရှိနေဆဲပင်။

“သဘောတူညီချက်ပါ အချက်တွေအတွက် ကျွန်တော်တို့တွေ နှစ်တွေနဲ့ကြာအောင် ဆွေးနွေးခဲ့ရတာ ဖြစ်တယ်။ ဒါဟာ အဖုအထစ်တွေကို ကျော်လွှားနေတာပဲလို့တော့ ကျွန်တော် မြင်ပါတယ်။”ဟု နိုဝင်ဘာ အခမ်းအနားတစ်ခုတွင် Carnegie Edowment for International Peace အဖွဲ့မှ နိုင်ငံတကာလုံခြုံရေးရာ ပညာရှင် အက်ရှလေတဲလစ်က ပြောသည်။

“အခု ကျွန်တော့် စိတ်ထဲမှာ မေးခွန်းတော့ ရှိနေတယ်။ သဘောတူညီချက်တွေကို ဖော်ဆောင်ပြီးတာက အဆင်ကို ချောလို့ပေါ့။ ဒါပေမယ့် ဒါတွေကြောင့် ဘာတွေဖြစ်လားမလဲ။ ဒီ သဘောတူညီချက်တွေကို အမှန်တကယ် အကောင်အထည် ဘယ်လို ဖော်ဆောင်ကြမှာလဲ။”ဟု ၎င်းက ပြောပြီး “ကျွန်တော့် အထင်တော့ အိန္ဒိယအနေနဲ့ ခရီးရှည် လျှောက်လှမ်းနေရတုန်းပဲလို့ ထင်မိတယ်။”ဟု ဖြည့်စွက်ဆိုခဲ့သည်။

BECA လက်မှတ်ရေးထိုးပြီးနောက် သီတင်းပတ်များအတွင်း အိန္ဒိယသည် အမေရိကန် ထုတ် MQ-9B ထောက်လှမ်းရေးဒရုန်းများကို ငှားရမ်းခဲ့ပြီး ၎င်း၏ ရေပိုင်နက်နှင့် ကုန်းမြေနယ်စပ်များတွင် ထောက်လှမ်းစောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ ငှားရမ်းအသုံးပြုနိုင်ခြင်းမှာ နှစ်နိုင်ငံစလုံး၌ မူဝါဒများ အပြောင်းအလဲကြောင့် လွယ်ကူအဆင်ချောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရရှိထားသော အခြေခံကျကျ သဘောတူညီချက်များအောက်တွင် အပြန်အလှန် သတင်းဖလှယ်ခြင်းများနှင့် အခြားသော ပူးပေါင်းဆောင်ရွက်မှုများကြောင့် ယုံကြည်မှုများ ပို၍ တိုးပွားလာစေနိုင်ပြီး ‘ကောင်းမြတ်သော စက်ဝန်း’တစ်ရပ် ဖြစ်လာနိုင်သည်ဟု စမစ်ကတော့ ပြောသည်။

“အရေးကိစ္စ တော်တော်များများမှာတော့ ဒီ စစ်ရေးပူးပေါင်းဆောင်ရွက်တဲ့ သဘောတူညီချက်တွေကနေ အိန္ဒိယဟာ အမေရိကန်ထက် ပိုပြီး အကျိုးအမြတ် ရရှိနေတယ်။ လက်တွေ့ဆောင်ရွက်နေသူတွေဟာ ဒီ သဘောတူညီချက်တွေအတိုင်း ပူးပေါင်းလုပ်ကိုင်နေကြပြီး အိန္ဒိယအတွက် စစ်မှန်တဲ့ အကျိုးအမြတ်တွေ ဆောင်ကြဉ်းပေးနေတဲ့ သဘောတူညီချက်တွေလို့လည်း သိရှိနားလည်ထားကြတယ်။”ဟု စမစ်က Insider သတင်းဌာနသို့ ပြောခဲ့သည်။

source : Mizzima
z
awgyi

အိႏၵိယႏွင့္ တ႐ုတ္အၾကား မၾကာေသးေသာ လမ်ားအတြင္းက တင္းမာမႈမ်ား ႀကီးထြားေနခ်ိန္၌ အိႏၵိယႏိုင္ငံ၏ တ႐ုတ္စစ္တပ္ကို မ်က္စိေထာက္ေဒါက္ ၾကည့္ေနရရာတြင္ အေမရိကန္စစ္တပ္ကပါ ကူညီအားျဖည့္ေပးေနသည္ဟု အေမရိကန္ စစ္တပ္မႉးတစ္ဦးက ႏိုဝင္ဘာလအတြင္း ေျပာထားခဲ့သည္။

ဆယ္စုႏွစ္မ်ားစြာအတြင္း ပထမဆုံးအျဖစ္ ဟိမဝႏၲာနယ္စပ္တြင္ အိႏၵိယႏွင့္ တ႐ုတ္စစ္သားမ်ားၾကား အေသအဆုံးမ်ားသည္ ခိုက္ရန္ျဖစ္မႈ ဇြန္လအတြင္းက ျဖစ္ပြားေပၚေပါက္ခဲ့ရာ ထိုအခ်ိန္မွစၿပီး ႏွစ္ဖက္စလုံးသည္ ၎တို႔၏ တည္ေနရာမ်ား၌ စစ္အင္အား ျဖည့္တင္းလာခဲ့ၾကရာတြင္ အိႏၵိယအတြက္ တ႐ုတ္တပ္မ်ားကို ေစာင့္ၾကည့္ေထာက္လွမ္းရာတြင္ အကူအညီမ်ား ရရွိထားသည္။

“လက္ေတြ႕နယ္ပယ္မွာ ကြၽန္ေတာ္တို႔ဟာ အခုႏွစ္မွာဆိုရင္ အိႏၵိယနဲ႔ ပိုၿပီး နီးကပ္လာခဲ့တယ္။ အထူးသျဖင့္ေတာ့ ေထာက္လွမ္းေရးသတင္းေတြ ဖလွယ္ေပးေနတယ္။ တ႐ုတ္ရယ္၊ အေရွ႕ေျမာက္နယ္စပ္ အိႏၵိယဖက္ျခမ္းက အေျခအေနေတြနဲ႔ ဆက္စပ္တဲ့ ေထာက္လွမ္းေရးသတင္းေတြကို ကူညီဖလွယ္ေပးေနတာ ျဖစ္တယ္။”ဟု အေမရိကန္ ပစိဖိတ္ေလတပ္ အႀကီးအကဲျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီး ကန္နက္ဝဲလ္စ္ဘတ္ရွ္က ႏိုဝင္ဘာလက အခမ္းအနားတစ္ခုတြင္ ေျပာခဲ့ျခင္း ျဖစ္သည္။

“ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ကြၽန္ေတာ္တို႔ရဲ႕ အႀကီးမားဆုံး မိတ္ေဆြ အိႏၵိယကို ေထာက္လွမ္းေရးသတင္းေတြ အမ်ားအျပား ေပးၿပီး ေထာက္ကူျပဳေပးေနပါတယ္။”ဟု ထိုသို႔ ေထာက္လွမ္းေရးသတင္း ေဝမွ်ျခင္းကို ဇူလိုင္လအတြင္းက စတင္ကြပ္ကဲေဆာင္႐ြက္ခဲ့သည့္ ဝဲလ္စ္ဘတ္ရွ္က ေျပာသည္။

အေမရိကန္ႏွင့္ အိႏၵိယၾကား ေအာက္တိုဘာေႏွာင္းပိုင္းတြင္ ရရွိခဲ့ေသာ စစ္ေရးသေဘာတူညီခ်က္တစ္ရပ္ျဖစ္သည့္ Basic Exchange and Cooperation Agreement (BECA) သေဘာတူညီခ်က္အရ စစ္ေထာက္လွမ္းေရးသတင္းမ်ား ကူညီဖလွယ္ေပးျခင္းကို ၿပီးခဲ့သည့္ သီတင္းပတ္မ်ား၌ အဆင္ေျပေခ်ာေမာစြာ ေဆာင္႐ြက္ႏိုင္ခဲ့ၾကသည္။

“BECA သေဘာတူညီခ်က္ဟာ ကြၽန္ေတာ္တို႔ေတြရဲ႕ မိတ္ဖက္ျပဳမႈနဲ႔ အေျခခံ သတင္းအခ်က္အလက္ ဖလွယ္တာေတြကို တိုးခ်ဲ႕လုပ္ေဆာင္ႏိုင္ေစခဲ့တဲ့ သေဘာတူညီခ်က္ပါပဲ။”ဟု အေမရိကန္ ေထာက္လွမ္းေရးအဖြဲ႕အစည္းတစ္ရပ္ျဖစ္သည့္ National Geospatial-Intelligence ၏ ၫႊန္ၾကားေရးမႉး ဒုတိယေရတပ္ဗိုလ္ခ်ဳပ္ႀကီး ေရာဘတ္ရွက္ပ္က ၿပီးခဲ့သည့္လ အခမ္းအနားတစ္ခု၌ ေျပာခဲ့သည္။ ေရာဘတ္ရွက္ပ္သည္ BECA သေဘာတူညီခ်က္အား လက္မွတ္ေရးထိုးခဲ့သူလည္း ျဖစ္သည္။

BECA အရ ေျမျပင္လႈပ္ရွားမႈ topographical၊ ေရေၾကာင္းဆိုင္ရာ လႈပ္ရွားမႈႏွင့္ ေဝဟင္လႈပ္ရွားမႈ အခ်က္အလက္မ်ားကို အိႏၵိယက ရရွိမည္ျဖစ္သကဲ့သို႔ ေခတ္မီ ေရေၾကာင္း အကူအညီမ်ားႏွင့္ ေလယာဥ္ပုံစံထုတ္ အီလက္ထ႐ြန္နစ္ပညာ avionics ကိုပါ အေမရိကန္က ကူညီေထာက္ကူေပးသြားရမည္ျဖစ္ဟု BECA အား လက္မွတ္မေရးထိုးရေသးခင္ စစ္သတင္းရင္းျမစ္တစ္ရပ္က ႐ိုက္တာသို႔ ေျပာခဲ့သည္။ ထို သေဘာတူညီခ်က္အရ ဧရိယာနယ္ေျမတစ္ခုက အရာဝတၳဳမ်ား၊ ျဖစ္ပ်က္အေၾကာင္းအရာမ်ားႏွင့္ ျဖစ္ၿမဲမဟုတ္ေသာ အေၾကာင္းအရာမ်ားကို စုယူသည့္ Geospatial data အခ်က္အလက္မ်ားအား အိႏၵိယကို အေမရိကန္က ကူညီေပးအပ္ရျခင္းျဖစ္ရာ အိႏၵိယ၏ ဒုံးက်ည္မ်ားက ပစ္မွတ္မ်ားကို ခ်ိန္ထားႏိုင္မည္ဟု အိႏၵိယမီဒီယာသတင္းတစ္ရပ္ကလည္း ေရးသားေဖာ္ျပခဲ့သည္။

“အေျခခံ သတင္းအခ်က္အလက္ ဖလွယ္ေဝမွ်တာဟာ ပူးေပါင္းေဆာင္႐ြက္မႈ စတင္ဖို႔ ေကာင္းမြန္တဲ့ အေျခခံအုတ္ျမစ္ပဲ ျဖစ္တယ္။”ဟု ရွက္ပ္က ဆိုသည္။

BECA သည္ အေျခခံ သေဘာတူညီခ်က္ ေလးရပ္၏ စတုတၳေျမာက္ သေဘာတူညီခ်က္တစ္ရပ္ပဲ ျဖစ္သည္။ ၂၀၀၂ တုန္းက ခ်ဳပ္ဆိုခဲ့ေသာ သေဘာတူညီခ်က္တစ္ရပ္မွာ လွ်ိဳ႕ဝွက္စစ္ေရးသတင္းအခ်က္အလက္မ်ား ဖလွယ္ေရး ျဖစ္သည္။ ၂၀၁၆ တြင္လည္း ႏွစ္ႏိုင္ငံ စစ္တပ္ၾကား တစ္တပ္ႏွင့္ တစ္တပ္၏ စစ္ဖက္ဆိုင္ရာ ယႏၲရားမ်ား အသုံးျပဳခြင့္ႏွင့္ ျပင္ဆင္ျခင္း၊ ေထာက္ပံ့ျခင္းမ်ားကို ခြင့္ျပဳလုပ္ေဆာင္ႏိုင္ေသာ ေထာက္ပံ့ပို႔ေဆာင္ေရး သေဘာတူညီခ်က္တစ္ရပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့သည္။ ၂၀၁၈ ခုႏွစ္က ရရွိခ်ဳပ္ဆိုခဲ့သည့္ တတိယေျမာက္ သေဘာတူညီခ်က္အရဆိုလွ်င္ အိႏၵိယသည္ ဆက္သြယ္ေရးဆိုင္ရာ၌ အာမခံခ်က္ ရရွိခဲ့ကာ အေမရိကန္တပ္မ်ားႏွင့္ ပို၍ နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ႏိုင္ခြင့္ ရရွိခဲ့သည္။

ထို သေဘာတူညီခ်က္မ်ားေအာက္တြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားက ရွိထားၿပီးလည္း ျဖစ္သည္။ အေမရိကန္စစ္သေဘၤာမ်ားက အိႏၵိယစစ္သေဘၤာမ်ားအတြက္ ေလာင္စာဆီ ျဖည့္ေပးသကဲ့သို႔ ‘သမိုင္းဝင္ျဖစ္ရပ္’အျဖစ္ အေမရိကန္အစိုးရက ေျပာေသာ အေမရိကန္ ေရေၾကာင္း ကင္းလွည့္ေလယာဥ္တစ္စင္းသည္ အိႏၵိယသမုဒၵရာ အေရွ႕ပိုင္း အန္ဒါမန္ပင္လယ္ႏွင့္ နီကိုဘာကြၽန္းစုတို႔တြင္ မၾကာေသးခင္က ေလာစာဆီျဖည့္တင္းျခင္းကို လုပ္ေဆာင္ခဲ့သည္။ ယခုကဲ့သို႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ားသည္ မၾကာေသးေသာ အခ်ိန္က အေမရိကန္၏ ခ်ည္းကပ္မႈမ်ားႏွင့္ တ႐ုတ္၏ ရန္လိုစိတ္မ်ားေၾကာင့္ တစ္စိတ္တစ္ပိုင္းအားျဖင့္ ေပၚေပါက္ခဲ့ရေသာ စစ္ေအးကာလတစ္ေလွ်ာက္လုံးတြင္ အိႏၵိယ၏ ပုခုံးခ်င္း မယွဥ္ႏိုင္ေသာ ရပ္တည္ေနရျခင္းကို တစ္ျဖည္းျဖည္း အသြင္ေျပာင္းလာေစေတာ့သည္။

“ခ်ီးက်ဳးစရာ ဒီ စစ္တပ္ႏွစ္ရပ္ေၾကာင့္ အိႏၵိယအတြက္ အင္အားခ်ိန္ညႇိတဲ့ လႈပ္ရွားမႈေတြကို ေပၚတင္ လုပ္ေဆာင္လာေစႏိုင္သလို အေမရိကန္နဲ႔လည္း မဟာဗ်ဴဟာမိတ္ဖက္ ထူေထာင္မႈမွာ ပိုၿပီး ယုံၾကည္မႈ ခိုင္မာလာေစတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။”ဟု Heritage Foundation ပညာရွင္အဖြဲ႕မွ သုေတသီ ဂ်က္ဖ္စမစ္က ေျပာသည္။

ထို အေ႐ႊ႕သည္ အိႏၵိယ၏ ကမာၻကို ရႈျမင္ရာ၌ ေတာ္လွန္ေျပာင္းလဲမႈ ျဖစ္ေပၚလာေစၿပီး အာရွက မိတ္ဖက္မ်ားႏွင့္လည္း ရင္ေပါင္တန္းလာေစေၾကာင္း ဩစေၾတးလ်ရွိ Lowy Institute ပညာရွင္အဖြဲ႕မွ Power and Diplomacy Program ၏ ၫႊန္ၾကားေရးမႉး ဟာဗီလီမာဟီအူးက ေျပာသည္။

“အိႏၵိယဟာ ကိုယ္ကိုကို ယုံၾကညည္မႈ ပိုကဲလာၿပီး အေမရိကန္နဲ႔ တန္းညႇိေနသလို အစဥ္အလာ ဆက္ဆံမႈ မရွိတဲ့ ဩစေၾတးလ်လို ႏိုင္ငံမ်ိဳးေတြနဲ႔ပါ တစ္တန္းတည္း ရပ္တည္တာကို ေ႐ြးခ်ယ္လာတယ္။”ဟု လီမာဟီအူးက ေျပာခဲ့သည္။

ပါကစၥတန္၊ တ႐ုတ္တို႔ႏွင့္ နယ္စပ္ေျမပိုင္နက္ အျငင္းပြားမႈမ်ားမွာ အိႏၵိယစစ္တပ္၏ အဓိက ဦးတည္ခ်က္အျဖစ္ ရွိေနဆဲ ျဖစ္ဟန္ရွိေသာ္လည္း တ႐ုတ္၏ စစ္ေရးႏွင့္ သံတမန္ေရးမ်ား ပို၍ လႈပ္ရွားေဆာင္႐ြက္ေနေသာ အိႏၵိယသမုဒၵရာ၌ အိႏၵိယသည္ ေျခလွမ္းက်ယ္က်ယ္ လွမ္းလာခဲ့ၿပီး သူ႔ ကိုယ္ပိုင္တပ္ကိုလည္း ပို၍ အားျဖည့္ကာ အျခားေသာ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားလည္း တိုးျမႇင့္ ေဆာင္႐ြက္လာေနသည္။

BECA လက္မွတ္ေရးထိုးေသာ အစည္းအေဝးတြင္ အိႏၵိယသမုဒၵရာ၌ ေျခရာေကာက္လႈပ္ရွားမႈမ်ား ပို၍ ေကာင္းမြန္စြာ ေဆာင္႐ြက္ေစႏိုင္မည့္ ေရေၾကာင္း သတင္းအခ်က္အလက္ အိႏၵိယကို မွ်ေဝေပးေရးကိုပါ သေဘာတူညီခ်က္ ရရွိခဲ့ျခင္း ျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္ႏွစ္ကမွ ဖြဲ႕စည္းတည္ေထာင္သည့္ အိႏၵိယ၏ ဗဟို အိႏၵိယသမုဒၵရာေဒသ သတင္းအခ်က္အလက္မ႑ိဳင္အဖြဲ႕သည္ လက္ရွိတြင္ အဆိုပါ သမုဒၵရာနယ္ပယ္အတြင္း ေရျပင္လႈပ္ရွားမႈမ်ားကို ႏိုင္ငံေပါင္း ၂၁ ႏိုင္ငံႏွင့္ သတင္းအခ်က္အလက္မ်ား ဖလွယ္ေနၿပီ ျဖစ္သည္။

တ႐ုတ္၏ ေရွ႕ေဆာင္ေနမႈကို တန္ျပန္သည္ဟု ဆိုႏိုင္ေသာ အိႏၵိယ၏ ႏိုင္ငံျခား အကူအညီ ေပးျခင္းကလည္း မၾကာေသးေသာ စီးပြားေရး ေလဆန္ခရီးၾကားမွာပင္ အျခားေသာ ႏိုင္ငံမ်ားကို အကူအညီမ်ား ဆက္လက္ေပးေနဆဲ ျဖစ္သည္။ “ဒါက ဘာကို ေျပာလဲဆိုရင္ ခုလို အေရးတႀကီး ဆက္ဆံေရးေတြ ထူေထာင္ေနတာဟာ ေဒသတြင္းမွာ တ႐ုတ္ကို တန္ျပန္မယ့္ အိႏၵိယရဲ႕ ရပ္တည္ခ်က္ပဲျဖစ္တယ္လို႔ ကြၽန္ေတာ္ေတာ့ ယူဆတယ္။”ဟု မၾကာေသးသည့္အခ်ိန္က က်င္းပေသာ ပညာရွင္မ်ား အခမ္းအနားတစ္ရပ္တြင္ William and Mary and expert on South Asia ပညာရွင္အဖြဲ႕မွ ပါေမာကၡတစ္ဦးျဖစ္သည့္ ရာနီမူလန္က ေျပာသည္။

အိႏၵိယသည္ ၎၏ ကာကြယ္ေရးဒီပလိုေမစီကို တူးဆြသထက္ တူးဆြေနကာ မိတ္ဖက္အုပ္စုဖြဲ႕ေရးျဖင့္ ရည္မွန္းခ်က္ႀကီးႀကီး လွမ္းေနသည္ဟု လီမာဟီအူးက ဆိုသည္။ သို႔ရာတြင္ အေမရိကန္ႏွင့္ ႏွစ္ႏွစ္ဆယ္မက အခ်ိန္ကုန္ခဲ့ၿပီးမွ ရရွိခဲ့သည့္ ယခု သေဘာတူညီခ်က္မ်ားကို အိႏၵိယက မည္သို႔ လက္ေတြ႕က်က် အသုံးခ်လာမလဲဆိုျခင္းက ေမးခြန္းအျဖစ္ ရွိေနဆဲပင္။

“သေဘာတူညီခ်က္ပါ အခ်က္ေတြအတြက္ ကြၽန္ေတာ္တို႔ေတြ ႏွစ္ေတြနဲ႔ၾကာေအာင္ ေဆြးေႏြးခဲ့ရတာ ျဖစ္တယ္။ ဒါဟာ အဖုအထစ္ေတြကို ေက်ာ္လႊားေနတာပဲလို႔ေတာ့ ကြၽန္ေတာ္ ျမင္ပါတယ္။”ဟု ႏိုဝင္ဘာ အခမ္းအနားတစ္ခုတြင္ Carnegie Edowment for International Peace အဖြဲ႕မွ ႏိုင္ငံတကာလုံၿခဳံေရးရာ ပညာရွင္ အက္ရွေလတဲလစ္က ေျပာသည္။

“အခု ကြၽန္ေတာ့္ စိတ္ထဲမွာ ေမးခြန္းေတာ့ ရွိေနတယ္။ သေဘာတူညီခ်က္ေတြကို ေဖာ္ေဆာင္ၿပီးတာက အဆင္ကို ေခ်ာလို႔ေပါ့။ ဒါေပမယ့္ ဒါေတြေၾကာင့္ ဘာေတြျဖစ္လားမလဲ။ ဒီ သေဘာတူညီခ်က္ေတြကို အမွန္တကယ္ အေကာင္အထည္ ဘယ္လို ေဖာ္ေဆာင္ၾကမွာလဲ။”ဟု ၎က ေျပာၿပီး “ကြၽန္ေတာ့္ အထင္ေတာ့ အိႏၵိယအေနနဲ႔ ခရီးရွည္ ေလွ်ာက္လွမ္းေနရတုန္းပဲလို႔ ထင္မိတယ္။”ဟု ျဖည့္စြက္ဆိုခဲ့သည္။

BECA လက္မွတ္ေရးထိုးၿပီးေနာက္ သီတင္းပတ္မ်ားအတြင္း အိႏၵိယသည္ အေမရိကန္ ထုတ္ MQ-9B ေထာက္လွမ္းေရးဒ႐ုန္းမ်ားကို ငွားရမ္းခဲ့ၿပီး ၎၏ ေရပိုင္နက္ႏွင့္ ကုန္းေျမနယ္စပ္မ်ားတြင္ ေထာက္လွမ္းေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ခဲ့သည္။ ထိုသို႔ ငွားရမ္းအသုံးျပဳႏိုင္ျခင္းမွာ ႏွစ္ႏိုင္ငံစလုံး၌ မူဝါဒမ်ား အေျပာင္းအလဲေၾကာင့္ လြယ္ကူအဆင္ေခ်ာခဲ့ျခင္း ျဖစ္သည္။ အဆိုပါ ရရွိထားေသာ အေျခခံက်က် သေဘာတူညီခ်က္မ်ားေအာက္တြင္ အျပန္အလွန္ သတင္းဖလွယ္ျခင္းမ်ားႏွင့္ အျခားေသာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားေၾကာင့္ ယုံၾကည္မႈမ်ား ပို၍ တိုးပြားလာေစႏိုင္ၿပီး ‘ေကာင္းျမတ္ေသာ စက္ဝန္း’တစ္ရပ္ ျဖစ္လာႏိုင္သည္ဟု စမစ္ကေတာ့ ေျပာသည္။

“အေရးကိစၥ ေတာ္ေတာ္မ်ားမ်ားမွာေတာ့ ဒီ စစ္ေရးပူးေပါင္းေဆာင္႐ြက္တဲ့ သေဘာတူညီခ်က္ေတြကေန အိႏၵိယဟာ အေမရိကန္ထက္ ပိုၿပီး အက်ိဳးအျမတ္ ရရွိေနတယ္။ လက္ေတြ႕ေဆာင္႐ြက္ေနသူေတြဟာ ဒီ သေဘာတူညီခ်က္ေတြအတိုင္း ပူးေပါင္းလုပ္ကိုင္ေနၾကၿပီး အိႏၵိယအတြက္ စစ္မွန္တဲ့ အက်ိဳးအျမတ္ေတြ ေဆာင္ၾကဥ္းေပးေနတဲ့ သေဘာတူညီခ်က္ေတြလို႔လည္း သိရွိနားလည္ထားၾကတယ္။”ဟု စမစ္က Insider သတင္းဌာနသို႔ ေျပာခဲ့သည္။

source : Mizzima

Leave a Reply

Your email address will not be published. Required fields are marked *