ဂ်ပန္ႏိုင္ငံ သို႔ ကန္ေဒၚလာ ငါးေသာင္ းခန႔္ တန္ဖိုးရွိ လက္ဝတ္ ရတနာ ၁၃မ်ိဳး တင္ပို႔ႏိုင္ရန္ လုပ္ေဆာင္ေန

မြန်မာနိုင်ငံမှပြုလု ပ်ထားသော အမေရိကန်ဒေါ်လာ ငါးသောင်းခန့်တန်ဖိုးရှိ ရွှေလက်ဝတ် ရတနာ ၁၃မျိုးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

ကိုဗစ်ကာလအတွင်း ရွှေလက်ဝတ် ရတနာများ ဂျပန်နိုင်ငံသို့ ပထမဆုံးတင်ပို့နိုင်ရန် စီစဉ်ခြင်းဖြစ်ပြီး အခြားဈေးကွက် နိုင်ငံများသို့ တင်ပို့လိုသော လုပ်ငန်းရှင်များရှိပါကလည်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းအနေဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် ဂျပန်နိုင်ငံသို့ မြန်မာ့ရွှေလက်ဝတ်ရတနာများတင်ပို့နိုင်ရန် ဇန်နဝါရီ ၂၈ရက်က One Stop Service Center တွင် အစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။အဆိုပါအစည်းအဝေး တွင် တင်ပို့မည့် လက်ဝတ်ရတနာများကို အကဲဖြတ်ကြည့်ရှု့ခြင်း၊ စိစစ်တန်ဖိုးဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

ဂျပန်နိုင်ငံသို့ လက်ဝတ်ရတနာများတင်ပို့ခြင်းကို လေကြောင်းလိုင်းမှတစ်ဆင့် ပို့ဆောင်သွားမည်ဖြစ်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့တွင် မြန်မာ့ရွှေလက်ဝတ်ရတနာများမှာ ဈေးကွက်ရရှိထာ းပြီးဖြစ်ကြောင်း သိရပါတယ်။

source : MyanmaPlatForm

zawgyi

ျမန္မာႏိုင္ငံမွျပဳလုပ္ထားေသာ အေမရိကန္ေဒၚလာ ငါးေသာင္းခန႔္တန္ဖိုးရွိ ေ႐ႊလက္ဝတ္ရတနာ ၁၃မ်ိဳးကို ဂ်ပန္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ရန္ လုပ္ေဆာင္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္းမွ သိရပါတယ္။

ကိုဗစ္ကာလအတြင္း ေ႐ႊလက္ဝတ္ရတနာမ်ား ဂ်ပန္ႏိုင္ငံသို႔ ပထမဆုံးတင္ပို႔ႏိုင္ရန္ စီစဥ္ျခင္းျဖစ္ၿပီး အျခားေဈးကြက္ ႏိုင္ငံမ်ားသို႔ တင္ပို႔လိုေသာ လုပ္ငန္းရွင္မ်ားရွိပါကလည္း ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ခ်ိတ္ ဆက္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိတြင္ ဂ်ပန္ႏိုင္ငံသို႔ ျမန္မာ့ေ႐ႊလက္ဝတ္ရတနာမ်ားတင္ပို႔ႏိုင္ရန္ ဇန္နဝါရီ ၂၈ရက္က One Stop Service Center တြင္ အစည္းအေဝးတစ္ရပ္က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။အဆိုပါအစည္းအေဝးတြင္ တင္ပို႔မည့္ လက္ဝတ္ရတနာမ်ားကို အကဲျဖတ္ၾကည့္ရႈ႕ျခင္း၊ စိစစ္တန္ဖိုးျဖတ္ျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။

ဂ်ပန္ႏိုင္ငံသို႔ လက္ဝတ္ရတနာမ်ားတင္ပို႔ျခင္းကို ေလေၾကာင္းလိုင္ းမွတစ္ဆင့္ ပို႔ေဆာင္သြားမည္ျဖစ္ၿပီး ေတာင္ကိုရီးယားႏွင့္ ဂ်ပန္ႏိုင္ငံတို႔တြင္ ျမန္မာ့ေ႐ႊလက္ဝတ္ရတနာမ်ားမွာ ေဈးကြက္ရရွိထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

source : MyanmaPlatForm

Leave a Reply

Your email address will not be published. Required fields are marked *