ေဖေဖာ္ဝါရီလ ၁ ရက္တြင္ ဖြင့္လွစ္ေတာ့ မည့္ ျမန္မာ့ပထမဆုံး ေဇက မာၻ ေရွးေဟာင္းျပတိုက္

အာရှတွင် အကြီးဆုံးပြတို က်ဖြစ်လာမည့် မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကရှေးဟောင်းပြတိုက် ဇေကမ္ဘာ Museum ကို ဖေဖော်ဝါရီလ ၁ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအေ ာင်ကို ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။

” Soft opening ကို ဖေဖော်ဝါရီ ၁ ရက်မှာ ဝန်ကြီးတက်ရောက်ဖွင့်လှစ်မယ်။ပြတိုက်ရဲ့နှစ်ထပ်ကို ဖွင့်မှာဖြစ်တယ်။ ကျန်တဲ့နှစ်ထပ်ကို အခု ၂၀၂၁ ခုနှစ် ဒီဇင် ဘာလကိုတော့ ဖွင့်နိုင်အောင် စီစဉ်မယ်။အဲဒီအခါတော့ ပြတိုက်ကြီးတစ်ခုလုံးကို ဖွင့်တာပေါ့” ဟု ဇေကမ္ဘာကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ပြောသည်။

အဆိုပါပြတိုက်ကြီးကို ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာ ဒုံမြို့နယ် မင်္ဂလာဒုံ ဂေါက်ကွင်းရှေ့ မြေ ၅ ဧကပေါ်တွင် စတုရန်းပေ ၁၆၀၀၀၀ ကျယ်ဝန်းသည့် လေးထပ်အဆောက်အအုံအဖြစ် အမေရိ ကန်ဒေါ်လာ ၁၀ သန်းခန့် သုံးစွဲတည် ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပြတိုက်အတွင်း ကုန်းနေရေနေ သတ္တဝါများ၏ မေးရိုး၊ သွား၊ ဦးခေါင်းခွံ၊ ခြေ၊ လက်၊ အရိုး၊ မစင်စသည့် ကျောက် ဖြစ်ရုပ်ကြွင်းပစ္စည်းမျိုးစုံ၊ နှစ်သန်း ၁၁၀ သက်တမ်းရှိ အင် းဆက်မျိုးနွယ်စုပါဝင် သော မြန်မာ့ပယင်းတွင်းထွက်များ၊ Sivapithecus မျိုးနွယ်စုဝင် ကမ္ဘာ့ရှားပါး လူတူပရိုင်းမိတ် မေးရိုးနှင့်လက်မောင်း ရိုးများ၊

နှစ်သန်း ၃၈၀ သက်တမ်းရှိ Trilobite ကျောက်ဖြစ်ရုပ်ကြွင်းများ၊ သံ ခေတ်က လူသေအလောင်းကို မြှုပ်နှံမှု များ၊ ကျောက်ခေတ်၊ သံခေတ် ရှေး ဟောင်းလက်နက်ကိရိယာများ ၊ ကြေး ခေတ်၊ သုဝဏ္ဏဘူမိခေတ်၊ ပျူခေတ်၊ ဟန်လင်းခေတ် စသည့် ခေတ်အဆက် ဆက်ပစ္စည်းများ၊ ယွန်းထည်ပစ္စည်း အ မျိုးမျိုး စသည်တို့ကိုကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။

ယင်းပြတိုက်တွင်ပြသမည့် ရှေး ဟောင်းပစ္စည်းများမှာ ကမ္ဘာ့ရှားပါးပစ္စည်း များပါဝင်ပြီး အမျိုးအမည်လည်း အလွန် များပြားကြောင်း၊ ယင်းကြောင့် သာသနာ ရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှစစ်ဆေး ၍ မှတ်ပုံတင်ထားပြီးလည်းဖြစ်ကာ သ မိုင်းတန်ဖိုးကြီးမားသည့် ပြတိုက်ကြီးဖြစ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက မီဒီယာများအား ပြော ကြား ထားသည်။

“စုဆောင်းထားတဲ့ ရှေးဟောင်း ပစ္စည်းတွေရောက်တိုင်းရောက်တိုင်း ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရဲ့ ရန်ကုန်တိုင်းတာဝန်ခံ ညွှန် ကြားရေးမှူး ဒေါ်ဥမ္မာအောင်နဲ့အဖွဲ့ကို ဒီမှာလာပြီး ပစ္စည်းတွေကို ရှေးဟောင်း စစ်မစစ်ခွဲခြားပါတယ်။

မှတ်ပုံတင်စာရင်း သွင်းသလို ဓာတ်ပုံမှတ်တမ်း၊ TV မှတ် တမ်း၊ ကွန်ပျူတာမှတ်တမ်းတွေ အကုန် လုံးတင်ထားပါတယ်။ မှတ်တမ်းတင်ထား ပြီးတဲ့ ဒီပစ္စည်းတွေသည် သတ်မှတ် ထား တဲ့ ဒီနေရာကလွဲလို့ နောက်တစ်နေရာကို ရွှေ့ပြောင်းခွင့်မရတော့ပါဘူး။ ကျောက် ခေတ်၊ သံခေတ်၊ ပျုခေတ်၊ မျက်မှောက် ခေတ်၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်ခေတ် ပစ္စည်းတွေကို စုဆောင်းထာ းတာက လည်း အင်မတန်မှ ကြည်နူးအားတက်ဖွယ် ဖြစ်ပါတယ်” ဟု ဝန်ကြီးကဆိုသည်။

ဇေကမ္ဘာပြတိုက်တွင် ရှေးဦးဆင်(၅)မျိုး၏ ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်း၊ ကမ္ဘာဦးသတ္တဝါများ၏ ကျောက်ဖြစ်ရုပ် ကြွင်းများပြခန်း၊ ယဉ်ကျေးမှုအမွေအနှစ် မြန်မာမှုအနုလ က်ရာပစ္စည်းများပြခန်း သံ ခေတ်အလောင်းမြှုပ်နှံမှုပြခန်း၊ ပယင်းပြ ခန်း၊ နှစ်သန်းပေါင်းများစွာက လိပ် ကျောက်ဖြစ်ရုပ်<ကင်းပြခန်း၊ ယွန်းထည်အ မျိုးမျိုးပြခန်း၊ ရှေးဟောင်းရွှေကျောင်းပြ ခန်း၊ ပုဂံခေတ်အနုပညာလက်ရာပြ ခန်း စသည်တို့ကို ကနဦး ဖွင့်လှစ်ပြသမည် ဖြစ်ကြောင်း သိရသည်။ ” ကိုယ့်သမိုင်းပေါ့လေ။ တစ်ချိန်ကျ ရင် သေကြရတော့မှာပဲ။အန်ကယ်နိုင်ငံ ရေးမလုပ်တော့ဘူး။

အန်ကယ့်အနေနဲ့ တည်ဆောက်ခဲ့တဲ့စီမံကိန်းတွေ အများ ကြီးရှိတယ်။ ဒါပေမဲ့ နောင်လာတဲ့မျိုးဆက် တွေသိဖို့ သမိုင်းမှာကျန်ခဲ့ဖို့ ဒီဇေကမ္ဘာပြ တိုက်ကြီးကို တည်ဆောက်တာဖြစ်တယ်” ဟု ဒေါက်တာခင်ရွှေကပြောသည်။ ပြတိုက်တွင် သမိုင်းမတင်မီခေတ်မှ ကျောက်၊ ကြေး၊ သံ၊ ပျူ၊ ပုဂံ၊ ပင်းယ၊ အင်းဝ စသောခေတ်အဆက်ဆက်မှ ကို လိုနီခေ တ်အထိ လူ့အသုံးအဆောင်များ ဖြစ်သည့် လက်နက်၊ အိုးခွက်-ပုတီး-ကိုးကွယ်ယုံကြည်မှုပြခန်းများ၊ မြန်မာမှု လက်ရာပန်းချီ-ပန်းပု-ရုပ်လုံး ရုပ်ကြွ ပန်း(၁၀)မျိုးအတတ်ပြခန်းများလည်း ပါဝင်ကြောင်း သိရသည်။

source : Pyi Myanmar

zawgyi

အာရွတြင္ အႀကီးဆုံးျပ တိုက္ျဖစ္လာမည့္ ျမန္မာႏိုင္ငံ၏ ပထမဆုံး ပုဂၢလိကေရွးေဟာင္းျပတိုက္ ေဇကမာၻ Museum ကို ေဖေဖာ္ဝါရီလ ၁ ရက္တြင္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦးေအာင္ကို ကိုယ္တိုင္ တက္ေရာက္ ဖြင့္လွစ္မည္ျဖစ္ ေၾကာင္း သိရသည္။

” Soft opening ကို ေဖေဖာ္ဝါရီ ၁ ရက္မွာ ဝန္ႀကီးတက္ေရာက္ဖြင့္လွစ္မယ္။ျပတိုက္ရဲ႕ႏွစ္ထပ္ကို ဖြင့္မွာျဖစ္တယ္။ က်န္တဲ့ႏွစ္ထပ္ကို အခု ၂၀၂၁ ခုႏွစ္ ဒီဇင္ ဘာလကိုေတာ့ ဖြင့္ႏိုင္ေ အာင္ စီစဥ္မယ္။အဲဒီအခါေတာ့ ျပတိုက္ႀကီးတစ္ခုလုံးကို ဖြင့္တာေပါ့” ဟု ေဇကမာၻကုမၸ ဏီဥကၠ႒ ေဒါက္တာခင္ေ႐ႊက ေျပာသည္။

အဆိုပါျပတိုက္ႀကီးကို ရန္ကုန္တိုင္း ေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ မဂၤလာဒုံ ေဂါက္ကြင္းေရွ႕ ေျမ ၅ ဧကေပၚတြင္ စတုရန္းေပ ၁၆၀၀၀၀ က်ယ္ဝန္းသည့္ ေလးထပ္အေဆာက္အအုံအျဖစ္ အေမရိ ကန္ေဒၚလာ ၁၀ သန္းခန႔္ သုံးစြဲတည္ ေဆာက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျပတိုက္အတြင္း ကုန္းေနေရေန သတၱဝါမ်ား၏ ေမး႐ိုး၊ သြား၊ ဦးေခါင္းခြံ၊ ေျခ၊ လက္၊ အ႐ိုး၊ မစင္စသည့္ ေက်ာက္ ျဖစ္႐ုပ္ႂကြင္းပစၥည္းမ်ိဳးစုံ၊ ႏွစ္သန္း ၁၁၀ သက္တမ္းရွိ အင္းဆက္မ်ိဳးႏြယ္စုပါဝင္ ေသာ ျမန္မာ့ပယင္းတြင္းထြက္မ်ား၊ Sivapithecus မ်ိဳးႏြယ္စုဝင္ ကမာၻ႔ရွားပါး လူတူပ႐ိုင္းမိတ္ ေမး႐ိုးႏွင့္လက္ေမာင္း ႐ိုးမ်ား၊

ႏွစ္သန္း ၃၈၀ သက္တမ္းရွိ Trilobite ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား၊ သံေခတ္က လူေသအေလာင္းကို ျမႇဳပ္ႏွံမႈ မ်ား၊ ေက်ာက္ေခတ္၊ သံေခတ္ ေရွး ေဟာင္းလက္နက္ကိရိယာမ်ား ၊ ေၾကး ေခတ္၊ သုဝဏၰဘူမိေခတ္၊ ပ်ဴေခတ္၊ ဟန္လင္းေခတ္ စသည့္ ေခတ္အဆက္ ဆက္ပစၥည္းမ်ား၊ ယြန္းထည္ပစၥည္း အ မ်ိဳးမ်ိဳး စသည္တို႔ကိုၾကည့္ရႈႏိုင္မည္ျဖစ္ ေၾကာင္း သိရသည္။

ယင္းျပတိုက္တြင္ျပသမည့္ ေရွး ေဟာင္းပစၥည္ းမ်ားမွာ ကမာၻ႔ရွားပါးပစၥည္း မ်ားပါဝင္ၿပီး အမ်ိဳးအမည္လည္း အလြန္ မ်ားျပားေၾကာင္း၊ ယင္းေၾကာင့္ သာသနာ ေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွစစ္ေဆး ၍ မွတ္ပုံတင္ထားၿပီးလည္းျဖစ္ကာ သ မိုင္းတန္ဖိုးႀကီးမားသည့္ ျပတိုက္ႀကီးျဖစ္ ေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး သူရဦး ေအာင္ကိုက မီဒီယာမ်ားအား ေျပာၾကား ထားသည္။

“စုေဆာင္းထားတဲ့ ေရွးေဟာင္း ပစၥည္းေတြေရာက္ တိုင္းေရာက္တိုင္း ေရွး ေဟာင္းသုေတသနႏွင့္ အမ်ိဳးသာ းျပတိုက္ ဦးစီးဌာနရဲ႕ ရန္ကုန္တိုင္းတာဝန္ခံ ၫႊန္ ၾကားေရးမႉး ေဒၚဥမၼာေအာင္နဲ႔အဖြဲ႕ကို ဒီမွာလာၿပီး ပစၥည္းေတြကို ေရွးေဟာင္း စစ္မစစ္ခြဲျခားပါတယ္။

မွတ္ပုံတင္စာရင္း သြင္းသလို ဓာတ္ပုံမွတ္တမ္း၊ TV မွတ္ တမ္း၊ ကြန္ပ်ဴတာမွတ္တမ္းေတြ အကုန္ လုံးတင္ထားပါတယ္။ မွတ္တမ္းတင္ထား ၿပီးတဲ့ ဒီပစၥည္းေတြသည္ သတ္မွတ္ထား တဲ့ ဒီေနရာကလြဲလို႔ ေနာက္တစ္ေနရာကို ေ႐ႊ႕ေျပာင္းခြင့္မရေတာ့ပါဘူး။ ေက်ာက္ ေခတ္၊ သံေခတ္၊ ပ်ဳေခတ္၊ မ်က္ေမွာက္ ေခတ္၊ ပုဂံ၊ အင္းဝ၊ ကုန္းေဘာင္ေခတ္ ပစၥည္ းေတြကို စုေဆာင္းထားတာက လည္း အင္မတန္မွ ၾကည္ႏူးအားတက္ဖြယ္ ျဖစ္ပါတယ္” ဟု ဝန္ႀကီးကဆိုသည္။

ေဇကမာၻျပတိုက္တြင္ ေရွးဦးဆင္(၅)မ်ိဳး၏ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ားျပခန္း၊ ကမာၻဦးသတၱဝါမ်ား၏ ေက်ာက္ျဖစ္႐ုပ္ ႂကြင္းမ်ားျပခန္း၊ ယဥ္ေက်းမႈအေမြအႏွစ္ ျမန္မာမႈအႏုလက္ရာပစၥည္းမ်ားျပခန္း သံ ေခတ္အေလာင္းျမႇဳပ္ႏွံမႈျပခန္း၊ ပယင္းျပ ခန္း၊ ႏွစ္သန္းေပါင္းမ်ားစြာက လိပ္ ေက်ာက္ျဖစ္႐ုပ္<ကင္းျပခန္း၊ ယြန္းထည္အ မ်ိဳးမ်ိဳးျပခန္း၊ ေရွးေဟာင္းေ႐ႊေက်ာင္းျပ ခန္း၊ ပုဂံေခတ္အႏုပညာလက္ရာျပခန္း စသည္တို႔ကို ကနဦး ဖြင့္လွစ္ျပသမည္ ျဖစ္ေၾကာင္း သိရသည္။ ” ကိုယ့္သမိုင္းေပါ့ေလ။ တစ္ခ်ိန္က် ရင္ ေသၾကရေတာ့မွာပဲ။အန္ကယ္ႏိုင္ငံ ေရးမလုပ္ေတာ့ဘူး။ အန္ကယ့္အေနနဲ႔ တည္ေဆာက္ခဲ့တဲ့စီမံ ကိန္းေတြ အမ်ား ႀကီးရွိတယ္။ ဒါေပမဲ့ ေနာင္လာတဲ့မ်ိဳးဆက္ ေတြသိဖို႔ သမိုင္းမွာက်န္ခဲ့ဖို႔ ဒီေဇကမာၻျပ တိုက္ႀကီးကို တည္ေဆာက္တာျဖစ္တယ္” ဟု ေဒါက္တာခင္ေ႐ႊကေျပာသည္။ ျပတိုက္တြင္ သမိုင္းမတင္မီေခ တ္မွ ေက်ာက္၊ ေၾကး၊ သံ၊ ပ်ဴ၊ ပုဂံ၊ ပင္းယ၊ အင္းဝ စေသာေခတ္အဆက္ဆက္မွ ကို လိုနီေခတ္အထိ လူ႔အသုံးအေဆာင္မ်ား ျဖစ္သည့္ လက္နက္၊ အိုးခြက္-ပုတီး-ကိုးကြယ္ယုံၾကည္မႈျပခန္းမ်ား၊ ျမန္မာမႈ လက္ရာပန္းခ်ီ-ပန္းပု-႐ုပ္လုံး ႐ုပ္ႂကြ ပန္း(၁၀)မ်ိဳးအတတ္ျပခန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။ source : Pyi Myanmar

Leave a Reply

Your email address will not be published. Required fields are marked *