ကျူးဘားနိုင်ငံတွင် ယမန်နေ့က ဟိုဂူအင်ပြည်နယ်မှ အရှေ့ပိုင်းရှိ ဂွမ်တာနာမိုဒေသသို့ ပျံသန်းနေသည့် စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူငါးဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာ သည်။
အဆိုပါရဟတ်ယာဉ်က တောင်ကုန်းတစ်ခုကိုတိုက်မိကာ ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်ပါ လူငါးဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွင်ထုတ်ပြန်သည့် ထုတ်ပြန်ချက်တစ်ခုအတွင်း ကာကွယ်ရေးဝန်ကြီး ဌာနက ပြောသည်။
ရဟတ်ယာဉ် ပျက်ကျရသောအကြောင်းရင်းကို ဖော်ထုတ်ရန် ဝန်ကြီးဌာနက ကော်မရှင်တစ်ရပ် ဖွဲ့စည်း ခဲ့သော်လည်း သေဆုံးသူများ မည်သူမည်ဝါဆိုသည်ကို အသေးစိတ် မဖော်ပြခဲ့ပေ။ ၂၀၁၈ ခုနှစ် မေလအတွင်း ကျူးဘားနိုင်ငံ ဟာဗားနားလေဆိပ်မှ လေယာဉ်တစ်စင်း ပျံတက်ပြီးပြီးချင်း ပျက်ကျခဲ့ရာ ၁၁၂ ဦး သေဆုံးခဲ့ပြီး ခရီးသည်တစ်ဦးသာ အသက်ရှင်ခဲ့သည်။
လေယာဉ်၏အလေးချိန်နှင့် ကမ္ဘာမြေထုဆွဲငင်အား တွက်ချက်မှုများ မှားယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုတစ်ခုက တွေ့ရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ဧပြီလအတွင်း ကျူးဘားနိုင်ငံအနောက်ပိုင်း တောင်ကုန်းထူထပ်သော အာတီမီဆာဒေသ၌ ရုရှားနိုင်ငံလုပ် လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကျူးဘားတပ်ဖွဲ့ဝင်ရှစ်ဦး သေဆုံးခဲ့သည်။
Ref; Five dead in Cuba helicopter crash — official
zawgyi
က်ဴးဘားႏိုင္ငံတြင္ ယမန္ေန႔က ဟိုဂူအင္ျပည္နယ္မွ အေရွ႕ပိုင္းရွိ ဂြမ္တာနာမိုေဒသသို႔ ပ်ံသန္းေနသည့္ စစ္ဘက္ရဟတ္ယာဥ္တစ္စင္း ပ်က္က်ခဲ့ရာ လူငါးဦး ေသဆုံးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာ သည္။
အဆိုပါရဟတ္ယာဥ္က ေတာင္ကုန္းတစ္ခုကိုတိုက္မိကာ ပ်က္က်ခဲ့ျခင္းျဖစ္ၿပီး ရဟတ္ယာဥ္ေပၚပါ လူငါးဦး ေသဆုံးခဲ့ေၾကာင္း ႏိုင္ငံပိုင္မီဒီယာတြင္ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္တစ္ခုအတြင္း ကာကြယ္ေရးဝန္ႀကီး ဌာနက ေျပာသည္။
ရဟတ္ယာဥ္ ပ်က္က်ရေသာအေၾကာင္းရင္းကို ေဖာ္ထုတ္ရန္ ဝန္ႀကီးဌာနက ေကာ္မရွင္တစ္ရပ္ ဖြဲ႕စည္း ခဲ့ေသာ္လည္း ေသဆုံးသူမ်ား မည္သူမည္ဝါဆိုသည္ကို အေသးစိတ္ မေဖာ္ျပခဲ့ေပ။ ၂၀၁၈ ခုႏွစ္ ေမလအတြင္း က်ဴးဘားႏိုင္ငံ ဟာဗားနားေလဆိပ္မွ ေလယာဥ္တစ္စင္း ပ်ံတက္ၿပီးၿပီးခ်င္း ပ်က္က်ခဲ့ရာ ၁၁၂ ဦး ေသဆုံးခဲ့ၿပီး ခရီးသည္တစ္ဦးသာ အသက္ရွင္ခဲ့သည္။
ေလယာဥ္၏အေလးခ်ိန္ႏွင့္ ကမာၻေျမထုဆြဲငင္အား တြက္ခ်က္မႈမ်ား မွားယြင္းမႈေၾကာင့္ ပ်က္က်ခဲ့ျခင္း ျဖစ္သည္ဟု စုံစမ္းစစ္ေဆးမႈတစ္ခုက ေတြ႕ရွိခဲ့သည္။ ၂၀၁၇ ခုႏွစ္ ဧၿပီလအတြင္း က်ဴးဘားႏိုင္ငံအေနာက္ပိုင္း ေတာင္ကုန္းထူထပ္ေသာ အာတီမီဆာေဒသ၌ ႐ုရွားႏိုင္ငံလုပ္ ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ရာ က်ဴးဘားတပ္ဖြဲ႕ဝင္ရွစ္ဦး ေသဆုံးခဲ့သည္။
Ref; Five dead in Cuba helicopter crash — official