လြန္ခဲ့တဲ့အႏွစ္ (၂၀) က ဆင္ျဖဴေတာ္ ႏွင့္ ေရငုပ္သေဘၤာႀကီး စစ္တယ္၊ မစစ္ဘူး ကိစၥ

လွန်ခဲ့တဲ့အနှစ် (၂၀) က ဆင်ဖြူတော် နှင့် ရေငုပ်သင်္ဘောကြီး စစ်တယ်၊ မစစ်ဘူး ကိစ္စရေငုပ်သင်္ဘောကြီး စစ်တယ်၊ မစစ်ဘူး ငြင်းကြခုန်ကြတာမြင်တော့ လွန်ခဲ့တဲ့အနှစ် ၂၀ လောက်ဆီက ဆင်ဖြူတော် (ဆိုတာ) တွေအကြောင်း သွားပြန်သတိရမိတယ်။

ဆင်ဖြူတော်ဆိုတာ ဖြူဆွတ်နေဖို့မလိုဘူး။ အရောင်ကတော့ဖြင့် ဘယ်လို၊ အမွေးကတော့ဖြင့် ဘယ်ညာ၊ မျက်လုံးကတော့ဖြင့် ဘယ်သို့၊ နားရွက်ကတော့ဖြင့် ဘယ်ပုံ၊ ကျောကုန်းအနေအထားကတော့ဖြင့် ဘယ့်နှယ် အစရှိသဖြင့် ခရိုင်တီးရီးယားတွေကို တနေ့တနေ့ သတင်းစာမှာ၊ ရေဒီယိုမှာ၊ တီဗွီသတင်းမှာ ကြေငြာကြရတာလည်းအမော။

အဲ့ဒီတုန်းကတော့ ဆင်ဖြူဆိုတာတွေကို မင်းဓမ္မကုန်းမှာထားတာထင်တယ်။လူတွေကလည်း အထူးအဆန်းလုပ်ပြီးသွားသွားကြည့်ကြတာ။ မကြည့် နေနိုင်ရိုးလား။ အဲ့ဒီအချိန်က လည်စရာပတ်စရာ ပွဲလမ်းသဘင်ကပါးရှားရတဲ့အထဲ တနေ့တနေ့ကြားနေရတဲ့ ဆင်ဖြူတော်အကြောင်း။ ဒင်းတို့ကိုမမြင်ဖူးမတွေ့ဖူးလိုက်ရင်ကိုပဲ လူစင်စစ်ကနေ မျောက်ဖြစ်သွားတော့မလောက်ကို လော်ကြတာ။ လော်ကြတာ။

တချို့ဆို ဆင်ဖြူတော်သွားကြည့်တယ်တောင်မဟုတ်ဘူးနော်။ သွားဖူးမြော်တယ်ဆိုပဲ။ လုပ်ပေါက်က။ တချို့ ရိုးရိုးအအ အမယ်ကြီးတွေများဆို တဘက်လေးရှေ့ချခင်းပြီး ထိုင်တောင်ကန်တော့ကြတယ်ဆိုပဲ။ ဘယ်သူ့ကိုကမှာလဲ။ အဲ့ဒီဆင်တွေကိုပေါ့။ အံ့တွေလည်း ဩပါ့ နော။

တနေ့တနေ့ သတင်းတွေထဲမှာဆိုရင် ဘယ်တောဘယ်နယ်မှာတော့ဖြင့် ဘယ်နှစ်ကောင်မိထားပြီဆိုတာကလည်း ကြေငြာလိုက်ရတာ။ ဘယ်နှစ်စီးရှင်ကျော်စွာအထိတောင်ဖြစ်ဖို့ စိတ်ကူးယဉ်ထားတယ်မသိဘူး။ သတင်းစာဆောင်းပါးတွေထဲမှာဆိုရင်လည်း ဆင်ဖြူတော်ပေါ်ပြီဆိုရင်တော့ တိုင်းကားပြည်ရွာ သာယာဝပြော၊ ဘုန်းမီးနေလ တောက်ပလောင်ကျွမ်း အို ဘာတွေမှန်းကိုမသိတော့ဘူး။

မသိရင် နက်ဖြန်သန်ဘက်ပဲ အင်ဒိုချိုင်းနားကျွန်းဆွယ်တခုလုံးကို ဝါးရင်းတုတ်နဲ့တက်သိမ်းတော့မလိုလို။ သတင်းတွေနားထောင်ရင်း ဇာတိသွေးဇာတိမာန်တွေက ဖြိုးဖြိုးဖျင်းဖျင်းမြည်အောင် ထက်သန်တက်ကြွလာလိုက်တာ။ ဘာပဲပြောပြော စော်ဘွားကြီးကုန်းကိုရောက်တဲ့ အင်းစိန်ကြားကားတွေကတော့ ဈေးတက်သွားတာသေချာတယ်။

သွားကြည့်ပြီးတဲ့သူတွေကလည်း မျိုးစုံပြောကြတာပေါ့။ ဖြူလည်း မဖြူပါဘူးတို့။ ရေဆေးရင်တော့ ဖြူပါတယ်တို့။ ခရုသင်းစွဲနေတာနေမှာပေါ့တို့။ စုံနေတာပဲ။ ဒါမျိုးကလည်း တိုးတိုးတိတ်တိတ်သာပြောရဲကြတာပါ။ ခုနေခါလို ဘယ်သူမှဆင်မည်းကြီးပါကွာလို့ ထမအော်ရဲကြဘူး။

သွားကြည့်တဲ့ထဲက အလိုက်ကန်းဆိုးမသိတဲ့တာဇံတချို့က ဟင် ဆင်ဖြူတော်ဆိုပြီး ဖြူလည်းမဖြူဘူးလို့ အာချောင်မိတာနဲ့ နောက်ကနေချက်ချင်းဂုတ်ဆွဲပြီး ခေါ်သွားတယ်တဲ့။ ခေါင်းပေါ်လက်တင် ငုတ်တုတ်ထိုင်ခိုင်းပြီး အပေါ်ကပြောခဲ့တဲ့ အမွေး၊ မျက်လုံး၊ နားရွက်၊ ကျောကုန်း ခရိုင်တီးရီးယားတွေကိုရွတ်ခိုင်းပြီး ဆင်ဖြူတော်ပါ၊ ဆင်ဖြူတော်ပါလို့ သက်စေ့အော်ခိုင်းပြီးမှ ပြန်လွှတ်တာဆိုပဲ။

ဒီနေ့ခေတ်ကြီးထဲမတော့ ရာဘာပြားပဲဖြစ်ဖြစ်၊ ပီပါခွံတွေဂဟေတို့ထားတာပဲဖြစ်ဖြစ်၊ ဝိနည်းတော်နဲ့အညီ ချုပ်လုပ်ထားတာပဲဖြစ်ဖြစ်၊ ရေဒါမမိအောင် စောင်ခြုံထားတာပဲဖြစ်ဖြစ် စိတ်ထဲရှိရာပြောခွင့်ရတာကိုက မဆိုးဘူးဆိုရမှာပဲ။

ဟိုခေတ်တုန်းကလိုသာဆို ညဘက်သကြားမုန့်ဖက်ထုပ်သည်က လာဆွဲပြီး “ရေဒါမမိအောင် လုပ်ထားတာပါ၊ ရေဒါမမိအောင် လုပ်ထားတာပါ၊ ရေဒါမမိအောင် လုပ်ထားတာပါ” ဆိုပြီး သက်စေ့အော်ခိုင်းနေမှ ဒုက္ခ။

source : Dr. Okka Kyi Winn

zawgyi

လြန္ခဲ့တဲ့အႏွစ္ (၂၀) က ဆင္ျဖဴေတာ္ ႏွင့္ ေရငုပ္သေဘၤာႀကီး စစ္တယ္၊ မစစ္ဘူး ကိစၥေရငုပ္သေဘၤာႀကီး စစ္တယ္၊ မစစ္ဘူး ျငင္းၾကခုန္ၾကတာျမင္ေတာ့ လြန္ခဲ့တဲ့အႏွစ္ ၂၀ ေလာက္ဆီက ဆင္ျဖဴေတာ္ (ဆိုတာ) ေတြအေၾကာင္း သြားျပန္သတိရမိတယ္။

ဆင္ျဖဴေတာ္ဆိုတာ ျဖဴဆြတ္ေနဖို႔မလိုဘူး။ အေရာင္ကေတာ့ျဖင့္ ဘယ္လို၊ အေမြးကေတာ့ျဖင့္ ဘယ္ညာ၊ မ်က္လုံးကေတာ့ျဖင့္ ဘယ္သို႔၊ နား႐ြက္ကေတာ့ျဖင့္ ဘယ္ပုံ၊ ေက်ာကုန္းအေနအထားကေတာ့ျဖင့္ ဘယ့္ႏွယ္ အစရွိသျဖင့္ ခ႐ိုင္တီးရီးယားေတြကို တေန႔တေန႔ သတင္းစာမွာ၊ ေရဒီယိုမွာ၊ တီဗြီသတင္းမွာ ေၾကျငာၾကရတာလည္းအေမာ။

အဲ့ဒီတုန္းကေတာ့ ဆင္ျဖဴဆိုတာေတြကို မင္းဓမၼကုန္းမွာထားတာထင္တယ္။လူေတြကလည္း အထူးအဆန္းလုပ္ၿပီးသြားသြားၾကည့္ၾကတာ။ မၾကည့္ ေနႏိုင္႐ိုးလား။ အဲ့ဒီအခ်ိန္က လည္စရာပတ္စရာ ပြဲလမ္းသဘင္ကပါးရွားရတဲ့အထဲ တေန႔တေန႔ၾကားေနရတဲ့ ဆင္ျဖဴေတာ္အေၾကာင္း။ ဒင္းတို႔ကိုမျမင္ဖူးမေတြ႕ဖူးလိုက္ရင္ကိုပဲ လူစင္စစ္ကေန ေမ်ာက္ျဖစ္သြားေတာ့မေလာက္ကို ေလာ္ၾကတာ။ ေလာ္ၾကတာ။

တခ်ိဳ႕ဆို ဆင္ျဖဴေတာ္သြားၾကည့္တယ္ေတာင္မဟုတ္ဘူးေနာ္။ သြားဖူးေျမာ္တယ္ဆိုပဲ။ လုပ္ေပါက္က။ တခ်ိဳ႕ ႐ိုး႐ိုးအအ အမယ္ႀကီးေတြမ်ားဆို တဘက္ေလးေရွ႕ခ်ခင္းၿပီး ထိုင္ေတာင္ကန္ေတာ့ၾကတယ္ဆိုပဲ။ ဘယ္သူ႔ကိုကမွာလဲ။ အဲ့ဒီဆင္ေတြကိုေပါ့။ အံ့ေတြလည္း ဩပါ့ ေနာ။

တေန႔တေန႔ သတင္းေတြထဲမွာဆိုရင္ ဘယ္ေတာဘယ္နယ္မွာေတာ့ျဖင့္ ဘယ္ႏွစ္ေကာင္မိထားၿပီဆိုတာကလည္း ေၾကျငာလိုက္ရတာ။ ဘယ္ႏွစ္စီးရွင္ေက်ာ္စြာအထိေတာင္ျဖစ္ဖို႔ စိတ္ကူးယဥ္ထားတယ္မသိဘူး။ သတင္းစာေဆာင္းပါးေတြထဲမွာဆိုရင္လည္း ဆင္ျဖဴေတာ္ေပၚၿပီဆိုရင္ေတာ့ တိုင္းကားျပည္႐ြာ သာယာဝေျပာ၊ ဘုန္းမီးေနလ ေတာက္ပေလာင္ကြၽမ္း အို ဘာေတြမွန္းကိုမသိေတာ့ဘူး။

မသိရင္ နက္ျဖန္သန္ဘက္ပဲ အင္ဒိုခ်ိဳင္းနားကြၽန္းဆြယ္တခုလုံးကို ဝါးရင္းတုတ္နဲ႔တက္သိမ္းေတာ့မလိုလို။ သတင္းေတြနားေထာင္ရင္း ဇာတိေသြးဇာတိမာန္ေတြက ၿဖိဳးၿဖိဳးဖ်င္းဖ်င္းျမည္ေအာင္ ထက္သန္တက္ႂကြလာလိုက္တာ။ ဘာပဲေျပာေျပာ ေစာ္ဘြားႀကီးကုန္းကိုေရာက္တဲ့ အင္းစိန္ၾကားကား​ေတြကေတာ့ ေစ်းတက္သြားတာေသခ်ာတယ္။

သြားၾကည့္ၿပီးတဲ့သူေတြကလည္း မ်ိဳးစုံေျပာၾကတာေပါ့။ ျဖဴလည္း မျဖဴပါဘူးတို႔။ ေရေဆးရင္ေတာ့ ျဖဴပါတယ္တို႔။ ခ႐ုသင္းစြဲေနတာေနမွာေပါ့တို႔။ စုံေနတာပဲ။ ဒါမ်ိဳးကလည္း တိုးတိုးတိတ္တိတ္သာေျပာရဲၾကတာပါ။ ခုေနခါလို ဘယ္သူမွဆင္မည္းႀကီးပါကြာလို႔ ထမေအာ္ရဲၾကဘူး။

သြားၾကည့္တဲ့ထဲက အလိုက္ကန္းဆိုးမသိတဲ့တာဇံတခ်ိဳ႕က ဟင္ ဆင္ျဖဴေတာ္ဆိုၿပီး ျဖဴလည္းမျဖဴဘူးလို႔ အာေခ်ာင္မိတာနဲ႔ ေနာက္ကေနခ်က္ခ်င္းဂုတ္ဆြဲၿပီး ေခၚသြားတယ္တဲ့။ ေခါင္းေပၚလက္တင္ ငုတ္တုတ္ထိုင္ခိုင္းၿပီး အေပၚကေျပာခဲ့တဲ့ အေမြး၊ မ်က္လုံး၊ နား႐ြက္၊ ေက်ာကုန္း ခ႐ိုင္တီးရီးယားေတြကို႐ြတ္ခိုင္းၿပီး ဆင္ျဖဴေတာ္ပါ၊ ဆင္ျဖဴေတာ္ပါလို႔ သက္ေစ့ေအာ္ခိုင္းၿပီးမွ ျပန္လႊတ္တာဆိုပဲ။

ဒီေန႔ေခတ္ႀကီးထဲမေတာ့ ရာဘာျပားပဲျဖစ္ျဖစ္၊ ပီပါခြံေတြဂေဟတို႔ထားတာပဲျဖစ္ျဖစ္၊ ဝိနည္းေတာ္နဲ႔အညီ ခ်ဳပ္လုပ္ထားတာပဲျဖစ္ျဖစ္၊ ေရဒါမမိေအာင္ ေစာင္ၿခဳံထားတာပဲျဖစ္ျဖစ္ စိတ္ထဲရွိရာေျပာခြင့္ရတာကိုက မဆိုးဘူးဆိုရမွာပဲ။

ဟိုေခတ္တုန္းကလိုသာဆို ညဘက္သၾကားမုန္႔ဖက္ထုပ္သည္က လာဆြဲၿပီး “ေရဒါမမိေအာင္ လုပ္ထားတာပါ၊ ေရဒါမမိေအာင္ လုပ္ထားတာပါ၊ ေရဒါမမိေအာင္ လုပ္ထားတာပါ” ဆိုၿပီး သက္ေစ့ေအာ္ခိုင္းေနမွ ဒုကၡ။

source : Dr. Okka Kyi Winn

Leave a Reply

Your email address will not be published. Required fields are marked *