ေျမာက္ဦးေဒသ ကမာၻ႔အေမြအႏွစ္စာရင္း အၿပီးသတ္တင္သြင္းျခင္းကို လာမည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွသာ တင္သြင္းေတာ့မည္

ကိုဗစ္ေၾကာင့္ ေျမာက္ဦးေဒသ ကမာၻ႔အေမြအႏွစ္စာရင္း အၿပီးသတ္တင္သြင္းျခင္းကို လာမည့္ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွသာ တင္သြင္းေတာ့မည္ျဖစ္ေၾကာင္း ေရွးေဟာင္း သုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာနမွ သိရပါတယ္။

ေျမာက္ဦးေဒသကို ယခု ၂၀၂၁ခုႏွစ္ ဇန္နဝါရီလတြင္ ကမာၻ႔အေမြအႏွစ္စာရင္း အၿပီးသတ္ တင္သြင္းရမည္ျဖစ္ေသာ္လည္း COVID -19 ေရာဂါျဖစ္ပြားမႈမ်ားေၾကာင့္ မတင္သြင္း ႏိုင္ေသးဘဲ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွသာ တင္သြင္းႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရပါတယ္။

ေျမာက္ဦးေဒသကို ယခု ၂၀၂၁ ခုႏွစ္၊ ဇန္နဝါရီလတြင္ အခ်ိန္မီ မတင္သြင္း ႏိုင္ေပမယ့္ ရပ္တန႔္ မသြားဘဲ နားေနသည့္တစ္ႏွစ္တာကာလအတြင္းတြင္ အဆိုျပဳစာတြဲအေခ်ာကို ႏိုင္ငံျခားပညာရွင္မ်ားႏွင့္ ဆက္လက္ညႇိႏႈိင္း ေရးဆြဲေနမႈကိုလည္း Video Conferencing စနစ္ျဖင့္ ေဆာင္႐ြက္ေနတယ္လို႔ဆိုပါတယ္။

ေရွးေဟာင္းသုေတသနႏွင့္အမ်ိဳးသားျပတိုက္ဦးစီးဌာနအေနျဖင့္ ေျမာက္ဦးေဒသႏွင့္ ပတ္သက္၍ အဆိုျပဳလႊာမူၾကမ္းကို ၿပီးခဲ့တဲ့(၂၀၂၀)ျပည့္ႏွစ္တြင္တင္ထားၿပီးျဖစ္သလို ေျမာက္ဦးေဒသကို ကမာၻ႔အေမြအႏွစ္စာရင္း တင္သြင္းရန္ အဆိုျပဳစာတြဲမ်ား အေခ်ာသတ္ျခင္း၊ ျပင္ဆင္ျခင္း၊ အခ်က္အလက္မ်ားျဖည့္ဆည္းမႈမ်ားကိုေတာ့ လစဥ္Video Conferencing ေတြ႕ဆုံေဆြးေႏြးမႈမ်ားျဖင့္သာ ဆက္လက္လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။
CRD – MyanmaPlatform

Unicode

ကိုဗစ်ကြောင့် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း အပြီးသတ်တင်သွင်းခြင်းကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှသာ တင်သွင်းတော့မည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရပါတယ်။

မြောက်ဦးဒေသကို ယခု ၂၀၂၁ခုနှစ် ဇန်နဝါရီလတွင် ကမ္ဘာ့အမွေအနှစ်စာရင်း အပြီးသတ် တင်သွင်းရမည်ဖြစ်သော်လည်း COVID -19 ရောဂါဖြစ်ပွားမှုများကြောင့် မတင်သွင်း နိုင်သေးဘဲ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှသာ တင်သွင်းနိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

မြောက်ဦးဒေသကို ယခု ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အချိန်မီ မတင်သွင်း နိုင်ပေမယ့် ရပ်တန့် မသွားဘဲ နားနေသည့်တစ်နှစ်တာကာလအတွင်းတွင် အဆိုပြုစာတွဲအချောကို နိုင်ငံခြားပညာရှင်များနှင့် ဆက်လက်ညှိနှိုင်း ရေးဆွဲနေမှုကိုလည်း Video Conferencing စနစ်ဖြင့် ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြောက်ဦးဒေသနှင့် ပတ်သက်၍ အဆိုပြုလွှာမူကြမ်းကို ပြီးခဲ့တဲ့(၂၀၂၀)ပြည့်နှစ်တွင်တင်ထားပြီးဖြစ်သလို မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရန် အဆိုပြုစာတွဲများ အချောသတ်ခြင်း၊ ပြင်ဆင်ခြင်း၊ အချက်အလက်များဖြည့်ဆည်းမှုများကိုတော့ လစဉ်Video Conferencing တွေ့ဆုံဆွေးနွေးမှုများဖြင့်သာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရပါတယ်။
CRD – MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *