အာဒိုဂန္ဘာႀကံေနတာလဲ၊ ေဘာစိနည္းပညာသူေဌးနဲ႔ေ တာ္ကီပ စ္ေနၿပီ

တူရ ကီသမၼတ Recep Tayyip Erdoğanႏွင့္ Tesla အမႈေဆာင္အရာရွိခ်ဳပ္ Elon Musk တို႔သည္ အနာဂ တ္တြင္ပူးေပါင္းေဆာင္႐ြက္မည့္လုပ္ငန္းမ်ားႏွင့္အလားအလာရွိေသ ာပူးေပါင္းေဆာင္႐ြက္မႈမ်ားႏွင့္ ပတ္သက္၍ ဖုန္းေခၚဆိုမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း တူရကီသမၼတ႐ုံးဆက္သြယ္ေရးၫႊန္ၾကားမႈ ဦး စီးဌာနကဗုဒၶဟူးေန႔တြင္ေျပာၾကားခဲ့သည္ဟုသိရွိရသည္။

၎တို႔ႏွစ္ဦး ဖုန္းျဖင့္အဆက္အသြယ္ျပဳလုပ္ခဲ့ေသာ အေၾကာင္းအရာသည္ အာကာသနည္းပညာဆိုင္ရာအေပၚ အေျခခံခဲ့ေၾကာင္းလည္း သက္ဆိုင္ရာ ဌာနကထုတ္ျပန္ခဲ့သည္။

Musk ႏွင့္ေတြ႕ဆုံၿပီးေနာက္ အာဂိုဂန္က “ကြၽန္ေတာ္တို႔ဟာ မိမိတိုင္းျပည္ေရာကမာၻမွာပါ နည္းပညာတိုးတက္မႈေတြကို ဆက္လုပ္သြားမွာပါ၊ ျပည္သူလူထုအက်ိဳးခံစားရေစမယ့္ မည္သည့္လုပ္ေဆာင္မႈကိုမဆို ဆက္လက္ပံ့ပိုးသြားမွာပါ” ဟုဆိုသည္။

ယခုဆက္သြယ္မႈသည္ SpaceX ၏ Falcon 9 ဒုံးပ်ံကို အသုံးျပဳ၍ တူရကီသည္ ၎၏ဆက္သြယ္ေရးၿဂိဳဟ္တုTürksat 5A ကိုပတ္လမ္းသို႔လႊတ္တင္ၿပီးေနာက္ရက္သတၱပတ္အနည္းငယ္အၾကာတြင္ျဖစ္သည္။

အဆိုပါၿဂိဳဟ္တုအပါအဝင္ အာကာသအတြင္း၌ တူရကီ၏ အလုပ္လုပ္ေဆာင္ေနသည့္ ၿဂိဳဟ္တု ၇ လုံးရွိမည္ျဖစ္ၿပီး ၎တို႔သည္ Türksat 3A, Türksat 4A , Türksat 4B, Göktürk-1, Göktürk-2 ႏွင့္ Rasat တို႔ျဖစ္ကာ စူးစမ္းေလ့လာမႈအတြက္အသုံးျပဳလ်က္ရွိသည္ဟုသိရွိရသည္။
Ref-DSabah
CRD – Myanmarnews24

Unicode

တူရကီသမ္မတ Recep Tayyip Erdoğanနှင့် Tesla အမှုဆောင်အရာရှိချုပ် Elon Musk တို့သည် အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းများနှင့်အလားအလာရှိသေ ာပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဖုန်းခေါ်ဆိုမှုများပြုလုပ်ခဲ့ကြောင်း တူရကီသမ္မတရုံးဆက်သွယ်ရေးညွှန်ကြားမှု ဦး စီးဌာနကဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်ဟုသိရှိရသည်။

၎င်းတို့နှစ်ဦး ဖုန်းဖြင့်အဆက်အသွယ်ပြုလုပ်ခဲ့သော အကြောင်းအရာသည် အာကာသနည်းပညာဆိုင်ရာအပေါ် အခြေခံခဲ့ကြောင်းလည်း သက်ဆိုင်ရာ ဌာနကထုတ်ပြန်ခဲ့သည်။

Musk နှင့်တွေ့ဆုံပြီးနောက် အာဂိုဂန်က “ကျွန်တော်တို့ဟာ မိမိတိုင်းပြည်ရောကမ္ဘာမှာပါ နည်းပညာတိုးတက်မှုတွေကို ဆက်လုပ်သွားမှာပါ၊ ပြည်သူလူထုအကျိုးခံစားရစေမယ့် မည်သည့်လုပ်ဆောင်မှုကိုမဆို ဆက်လက်ပံ့ပိုးသွားမှာပါ” ဟုဆိုသည်။

ယခုဆက်သွယ်မှုသည် SpaceX ၏ Falcon 9 ဒုံးပျံကို အသုံးပြု၍ တူရကီသည် ၎င်း၏ဆက်သွယ်ရေးဂြိုဟ်တုTürksat 5A ကိုပတ်လမ်းသို့လွှတ်တင်ပြီးနောက်ရက်သတ္တပတ်အနည်းငယ်အကြာတွင်ဖြစ်သည်။
အဆိုပါဂြိုဟ်တုအပါအဝင် အာကာသအတွင်း၌ တူရကီ၏ အလုပ်လုပ်ဆောင်နေသည့် ဂြိုဟ်တု ၇ လုံးရှိမည်ဖြစ်ပြီး ၎င်းတို့သည် Türksat 3A, Türksat 4A , Türksat 4B, Göktürk-1, Göktürk-2 နှင့် Rasat တို့ဖြစ်ကာ စူးစမ်းလေ့လာမှုအတွက်အသုံးပြုလျက်ရှိသည်ဟုသိရှိရသည်။
Ref-DSabah
CRD – Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *