လာမည့္ အစိုးရ သက္ တမ္းအတြင္း ဂ်ပ န္ႏို င္ငံက ရင္းႏွီ းျမ ႇဳပ္ႏွံမႈေတြ တိုးျမႇင့္သြ ားမ ယ္

လာမည့္ အစိုးရ သက္တမ္းအတြင္း ဂ်ပန္ႏိုင္ငံက ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးျမႇင့္သြားမယ္လို႔ ဂ်ပန္-ျ မန္မာ အသင္း ဥကၠ႒ႏွင့္ ဂ်ပန္အထက္လ ႊတ္ေတာ္ အမတ္ေဟာင္း မစၥတာ ဝါတာနာေဘး ဟိဒဲအိုက ေျပာၾကားလိုက္ပါတယ္။

ယေန႔ မြန္းလြဲ ၂ နာရီတြင္ ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ေတြ႕ဆုံစဥ္ ဂ်ပန္ႏိုင္ငံ၊ ဂ်ပန္-ျမန္မာအသင္း ဥကၠ႒ႏွင့္ ဂ်ပန္အထက္လႊတ္ေတာ္ အမတ္ေဟာင္း မစၥတာ ဝါတာနာေဘး ဟိဒဲအိုက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေတြ႕ဆုံစဥ္ လာမည့္အစိုးရသစ္သက္တမ္းကာလအတြင္း ျမန္မာႏိုင္ငံတြင္ ဂ်ပန္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုျမႇင့္တင္ေရး၊ ျမန္မာႏိုင္ငံ၏ ပညာေရး၊ က်န္းမာေရးက႑မ်ား အပါအဝင္ ျမန္မာျပည္သူမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အကူအညီမ်ား ဆက္လက္ေပးအပ္ သြားေရး၊ ႏွစ္ႏိုင္ငံအၾကား အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္မႈ အထူးသျဖင့္ စီးပြားေရးႏွင့္ ရင္းႏွီး ျမႇဳပ္ႏွံမႈက႑ ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုတိုးခ်ဲ႕သြားေရး၊ ႏွစ္ႏိုင္ငံ ျပည္သူမ်ား အၾကား၊ အထူးသျဖင့္ မ်ိဳးဆက္သစ္ လူငယ္မ်ားအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈမ်ား ပိုမိုျမႇင့္တင္ ေဆာင္႐ြက္ေရး ကိစၥမ်ား ႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးအျမင္ခ်င္း ဖလွယ္ခဲ့ၾကေၾကာင္း သိရပါတယ္။

ref ; MyanmaPlatform

Unicode

လာမည့် အစိုးရ သက်တမ်းအတွင်း ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်သွားမယ်လို့ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုက ပြောကြားလိုက်ပါတယ်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံစဉ် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာအသင်း ဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော် အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

တွေ့ဆုံစဉ် လာမည့်အစိုးရသစ်သက်တမ်းကာလအတွင်း မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အပါအဝင် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ဆက်လက်ပေးအပ် သွားရေး၊ နှစ်နိုင်ငံအကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့သွားရေး၊ နှစ်နိုင်ငံ ပြည်သူများ အကြား၊ အထူးသဖြင့် မျိုးဆက်သစ် လူငယ်များအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင် ဆောင်ရွက်ရေး ကိစ္စများ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရပါတယ်။

ref ; MyanmaPlatform

Leave a Reply

Your email address will not be published. Required fields are marked *