ပဲခူးက ထိုင်းထီ ဘတ် (၆) သန်း ကံထူးရှင် ဇနီးမောင်နှံ နှင့် ထိုင်ထီ ပေါ က်ခဲ့ရင် သိထား သင့်သည်များ..

ပြီးခဲ့တဲ့ 17-1-2021 ရက်နေ့ထုတ် ထိုင်းအစိုးရထီ ပထမဆု ဘတ် (၆) သန်း ကံထူးရှင် ဇနီးမောင်နှံရဲ့ ပုံေ လးတွေကို ယခုမှ ဖော်ပြလိုက်ရပါတယ်။






Unicode

ပြီးခဲ့တဲ့ 17-1-2021 ရက်နေ့ထုတ် ထိုင်းအစိုးရထီ ပထမဆု ဘတ် (၆) သန်း ကံထူးရှင် ဇနီးမောင်နှံရဲ့ ပုံလေးတွေကို ယခုမှ ဖော်ပြလိုက်ရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သား အသက် (၂၀) ကျော် ငယ်ငယ်ရွယ်ရွယ်စုံတွဲလေး ထိုင်းထီပထမဆုကြီး သိန်း (၆၀) ဘတ်ကို ဆွတ်ခူးသွားခဲ့ပါသည်။ သူတို့ဟာ ပဲခူးတိုင်း ဖြူးမြို့နယ် ညောင်ပင် သာရွာ ဇာတိသားဖြစ်ကြပြီး ထိုင်းမှာ အလုပ်လုပ်နေရင်း ကံထူးပြီး AAC က ထုတ်ယူပေးခဲ့သည့် ထိုင်းထီပထမဆုကံထူးရှင် (၂၇) ဦး မြောက်ဖြစ်လာပါသည်။

ယခုလို နောက်ကျမှ ဖော်ပြပေးရတာ ယခုမှသာ ထီကံထူးရှင် မောင်ဝင်းဇော်နှင့် မဇာနီအောင်တို့ ဇနီး မောင်နှံဟာ မိဘမိသားစုများထံ လုံခြုံစိတ်ချစွာ ပြန်ရောက်သွားလို့ပါ၊ ထိုင်းထီကံထူးခဲ့ပါက AAC က တင်ပေးနေတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို မိမိတို့ ကိုယ်တိုင် လေ့လာရင်း မိမိဘဝအတွက် ကံထူးရှင်ဖြစ်ခဲ့ပါက စိတ်ချယုံကြည်ရသော အတွေး အသိဉာဏ ပညာ ဆုံးဖြတ်ချက် တွေကို ခိုင်ခိုင်မာမာသိရှိရန် ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြပေးတာပါ..

ထိုင်းထီကို မိမိကိုယ်တိုင်ကံထူးရှင်ဖြစ်မှ ရင်တွေခုန်ပြီး ဘာလုပ်ရမှန်း မသိခဲ့ရင် မတော်လောဘအတ္တကြီးသူတွေရဲ့လက်ထဲကို ထီလက်မှတ်အပ်ပေးခဲ့မိပါက ငွေရော လူ့အသက်အန္တရယ်ကိုပါစိုးရိမ် ရပါတယ်..

အကျိုးဆောင်အားလုံးကိုတော့ မထိခိုက်စေချင်ဘူး.. တချို့ပွဲစားတွေ အလုပ်သမားတွေအပေါ် ၅၀၀/၁၀၀၀ ဘတ်လေးတောင် နာမည်အပျက် ခံလိမ်နေကြတယ်.. မြန်မာလုပ်သားအချင်းချင်းထိုင်းဘတ် ၂၀၀ ပြန် မပေးလို့ မဟာချိုင်ဝေလဈေးလမ်းမှာ ဓားနဲ့ ထိုးသတ်လိုက်တယ်၊ ထီဆုငွေလို ဘတ်သိန်းပေါင်းများစွာဆိုရင်တော့ ဗေဒင်မမေးနဲ့တော့ ဆန်ကုန်သွားမယ်.. သဘောပါရင်ပါ မပါရင်တော့မိတ်ဆွေတို့ ကံပေါ့..

ထိုင်းထီကံထူးရှင်များ အထူးသတိပြုရန်.. မဟာမိတ်အဖွဲ့ ဖုန်းနံပါတ်များ.. 0853415611, 0813066679, 0990577498, 0948879992, 0661593331 ထိုင်းမှာ ထိုင်းထီပထမဆုကြီး ကံထူးရှင် (၂၇) ဦးထိ AAC အဖွဲ့မှ ထီဆုငွေများ အခမဲ့ ကူညီထုတ်ပေးနိုင်ခဲ့ပါပြီ။

ကိုရဲမင်း – AAC မဟာမိတ်အဖွဲ့(အလုပ်သမားကူ ညီရေးကော်မတီ)

Leave a Reply

Your email address will not be published. Required fields are marked *