မြန်မာပြည်က လောင်းကစား ဥပဒေကို လက်တလုံးခြားလုပ်နေတဲ့ ဖုန်းအော်ပရေတာကြီးများ
မသိလို့ မေးတာနော် ထိုင်းထီ ထိုးရင် လောင်းကစားဥပဒေမှာ ညိတယ်၊ ထောင်ကျနိုင်တယ်တဲ့။လောင်းကစား ဥပဒေ ပြန်ဖတ်ကြည့်တော့ လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်းကစားခြင်း၊ ကျွမ်းကျင်မှုကစားခြင်းတစ်ခုခုတွင် အကောက်အစားယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ ငွေကြေးအတွက် လည်းကောင်း၊ ငွေကြေးကဲ့သို့ တန်ဖိုးရှိသော သို့မဟုတ် ငွေကြေးတန်ဖိုးအဖြစ် လွှဲပြောင်းသတ်မှတ်ရန် သဘောတူပြီးဖြစ်သော ပစ္စည်း တစ်စုံတစ်ရာအတွက်လည်းကောင်း လောင်းကစားပြုခြင်းကို ဆိုသည်။ ဒီလိုပါပါတယ်။
နောက် ပုဒ်မ – ၁၁ မှာ ဒီလိုပါပါတယ်။ မည်သူမျှ ခွင့်ပြုချက်မရှိဘဲ အောက်ပါတို့ကို မပြုရ-
(က) ထီ သို့မဟုတ် ထီကဲ့သို့သော အခြားကံစမ်းကစားနည်းတစ်ခုခုကို ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ လောင်းကြေးလက်ခံခြင်း၊ ဒိုင်အဖြစ်ဆောင်ရွက်ခြင်း၊ ငွေကြေးအကျိုးအမြတ်ရယူခြင်း သို့မဟုတ် ထိုသို့ ဆောင်ရွက်ခြင်းကို တစ်နည်းနည်းဖြင့် အားပေးကူညီခြင်းပါတဲ့။
ဒီတော့ မေးချင်တာ အမ်ပီတီ ကနေ ဖုန်းဘေလ်ဖြည့်ပြီး ကံစမ်းမဲတွေ ဖောက်နေတာ လောင်းကစားဥပဒေမှာ ညိသလား၊ မညိဘူးလား၊ လောင်းကစားခြင်းထဲမှာ အကျုံးဝင်သလား မဝင်ဘူးလား။ မသိလို့ မေးတာပါ။ သိချင်တာ သက်သက်ပါ။
source : (သက္ကမိုးညို)
zawgyi
source : (သက္ကမိုးညို)
Leave a Reply
Your email address will not be published. Required fields are marked *