ျမန္မာႏိုင္ငံမွာရွိတဲ့ သံတမန္အခ်ိဳ႕အေနနဲ႔ အမွန္တကယ္ျဖစ္ပ်က္မႈကို မသိရွိဘဲ ေၾကညာခ်က္ထုတ္ျပန္ခဲ့ျခင္းသာျဖစ္တယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။ေၾကညာခ်က္ထုတ္တဲ့ သံ႐ုံးေတြအေနနဲ႔ အေၾကာင္းအရာေတြကို ျပန္လည္သုံးသပ္ဖို႔၊ အခ်က္အလက္ေတြကို စိစစ္ဖို႔နဲ႔ ေၾကညာခ်က္ရဲ႕ ႐ိုက္ခတ္မႈေတြကို သုံးသပ္ဖို႔ျဖစ္တယ္လို႔ ထုတ္ျပန္ထားတာပါ။
ျမန္မာ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကို တပ္မေတာ္က ေႏွာင့္ေႏွးၾကန႔္ၾကာေစတယ္ဆိုတဲ့အခ်က္ကိုလည္း ျပတ္သားစြာျငင္းဆိုပါတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။တပ္မေတာ္အေနနဲ႔ မဲသမာမႈျဖစ္ေစႏိုင္တဲ့ မဲစာရင္း၁၀သန္းခြဲကို ေတြ႕ရွိခဲ့ၿပီး ၂၀၂၀ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ေတြဟာ လက္ခံႏိုင္ဖြယ္မရွိဘူးလို႔လည္း ဆိုပါတယ္။
လက္ရွိမွာ တပ္မေတာ္ပါအဝင္ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ မိတ္ဖက္ပါတီေတြကို ေထာက္ခံသူေတြက ၂၀၂၀ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံေၾကာင္း ဆႏၵထုတ္ေဖာ္တာေတြ ရက္ဆက္ျပဳလုပ္ေနတာပါ။ဒီအေပၚမွာ အေမရိကန္အပါအဝင္ ျမန္မာႏိုင္ငံမွာရွိတဲ့ ႏိုင္ငံတကာသံ႐ုံးအခ်ိဳ႕က ေ႐ြးေကာက္ပြဲရလဒ္ကို လက္ခံဖို႔နဲ႔ ဒီမိုကေရစီခိုင္မာေရးအတြက္ ဝိုင္းဝန္းႀကိဳးပမ္းၾကဖို႔ ေၾကညာခ်က္ေတြထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။
ဓာတ္ပုံ-တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕
CRD One News Myanmar
Unicode
မြန်မာနိုင်ငံမှာရှိတဲ့ သံတမန်အချို့အနေနဲ့ အမှန်တကယ်ဖြစ်ပျက်မှုကို မသိရှိဘဲ ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းသာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ကြေညာချက်ထုတ်တဲ့ သံရုံးတွေအနေနဲ့ အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ဖို့၊ အချက်အလက်တွေကို စိစစ်ဖို့နဲ့ ကြေညာချက်ရဲ့ ရိုက်ခတ်မှုတွေကို သုံးသပ်ဖို့ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို တပ်မတော်က နှောင့်နှေးကြန့်ကြာစေတယ်ဆိုတဲ့အချက်ကိုလည်း ပြတ်သားစွာငြင်းဆိုပါတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။တပ်မတော်အနေနဲ့ မဲသမာမှုဖြစ်စေနိုင်တဲ့ မဲစာရင်း၁၀သန်းခွဲကို တွေ့ရှိခဲ့ပြီး ၂၀၂၀ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း ဆိုပါတယ်။
လက်ရှိမှာ တပ်မတော်ပါအဝင် ပြည်ခိုင်ဖြိုးပါတီနဲ့ မိတ်ဖက်ပါတီတွေကို ထောက်ခံသူတွေက ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်တာတွေ ရက်ဆက်ပြုလုပ်နေတာပါ။ဒီအပေါ်မှာ အမေရိကန်အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံတကာသံရုံးအချို့က ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့နဲ့ ဒီမိုကရေစီခိုင်မာရေးအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ ကြေညာချက်တွေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
CRD One News Myanmar