ကိုဗစ်နိုင်တင်းတားဆီးကာကွယ်ရေးနှင့်ပါတ် သက်၍ သီးသန့်ညွှန်ကြား ထားခြင်းမရှိသေး ဟု နေပြည်တော်တိုင်းကျန်းမာရေး တာဝန်ရှိသူပြော
နေပြည်တော်အ တွင်း ကိုဗစ်နိုင်တင်းတားဆီးကာကွယ်ရေးလုပ်ငန်းစဥ◌်တွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းတပ်မတော်အစိုးရ အနေနဲ့ သီးသန့်ညွှန်ကြားထားခြင်းမျိုး မရှိသေးဘူးလို့ နေပြည်တော်တိုင်းကျန်းမာရေးက ဦးစီးဌာနမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။
တပ်မတော်အနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက်မှာ အစိုးရအဖွဲ့အတွင်း ပြောင်းလဲခန့်ထားမှုတွေ ပြုလုပ်ခဲ့ပေမယ့် ကိုဗစ်နိုင်တင်းကာကွယ်ရေးနဲ့ပ တ်သက်လို့တော့ ညွှန်ကြားချက် မထုတ်ပြန် သေးတာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ယခင်ညွှန်ကြားချက်တွေအတိုင်းသာ ဆောင်ရွက်နေပြီး ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့နဲ့ပတ်သက်လို့လည်း ဝန်ကြီးဌာနညွှန် ကြားချက်အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဒေါက်တာမြတ်ဝ ဏ္ဏစိုးက ပြောပါတယ်။
“ကျနော်တို့လက်ရှိအထိကတော့ အရင်ညွှန်ကြားချက်တွေအတိုင်းပဲဆောင်ရွက်နေပါတယ်။ကျနော်တို့ကို သီးသန့်ညွှန်ကြားထားတာမျိုးမရှိသေးပါဘူး။ဝန်ကြီးဌာနက ညွှန်ကြားလာ တဲ့အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။အခု ကျနော်တို့ ဒီစနေနေ့ အထိတော့ ကျနော်တို့ ထိုးစရာရှိတဲ့ ကျနော်တို့ကို တာဝန်ပေးထားတဲ့သူတွေကို ထိုးပြီးပြီ ဖြစ်ပါတယ်” လို့ ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရရဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာပဲ ရာထူးက နှုတ်ထွက်ကြောင်းကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်က တဆင့် အသိပေးခဲ့ပြီး တပ်မတော် အနေနဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်းကို ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ထား တာပါ။ အာဏာသိမ်းထားပြီး ဖြစ်ပေမယ့်လည်း နေပြည်တော်အဝင်အထွက်ဂိတ်တွေကိုတော့ အရင်အတိုင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့သာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ဒေါက်တာမြတ်ဝဏ္ ဏစိုးက ပြောပါတယ်။
ဒေါက်တာမြတ်ဝဏ္ ဏစိုးက “ဂိတ်တွေကတော့ မူလအတိုင်းပဲ ကျနော်တို့ ဝန်ထမ်းတွေနဲ့ မနေ့ကတော့ ဆက်လုပ်နေတာ။အခုလည်းဆက်လုပ်နေဆဲပါဗျ။နေပြည်တော်ဝင်လာရင် အရင်အတိုင်းကွာရန်တင်းလည်း ရှိပါတယ်။ကွာရန်တင်းစင်တာ တွေလည်းရှိပါတယ်။လုပ်နေကြပါတယ် ” လို့ ပြောပါတယ်။
source : DVBTV
zawgyi
source : DVBTV
Leave a Reply
Your email address will not be published. Required fields are marked *