ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ားအတြက္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆး ပထမအသုတ္ ေရာက္ရွိ

ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မ်ားအတြက္ အေမရိကန္ ဇီဝနည္းပညာကုမၸဏီ Moderna ထုတ္ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆး ပထမအသုတ္ ယေန႔ ေရာက္ရွိလာခဲ့ၿပီဟု သိရသည္။ယခု ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ားက ေတာင္ကိုရီးယားႏိုင္ငံသို႔ ပို႔ေဆာင္ခဲ့သည့္ ပထမဆုံးေသာ ကို႐ိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆးမ်ားျဖစ္သည္။

မန္းဖစ္ၿမိဳ႕မွပ်ံသန္းလာသည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား တင္ေဆာင္လာေသာ အေမရိကန္ ကုန္ပစၥည္း ပို႔ေဆာင္ေရးကုမၸဏီ FedEx Corp ပိုင္ ကုန္တင္ေလယာဥ္တစ္စင္း ယေန႔ေန႔လည္ ၁၂ နာရီ ၅၄ မိနစ္ဝန္းက်င္၌ ဆိုးလ္ၿမိဳ႕ေတာ္အေနာက္ဘက္ရွိ အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ဆင္းသက္ခဲ့ေၾကာင္း ေလဆိပ္အာဏာ ပိုင္အဖြဲ႕၏ ေျပာၾကားခ်က္အရ သိရသည္။

ကာကြယ္ေဆး အလုံးေရ ၁၀၀၀ ကို ဆိုးလ္ၿမိဳ႕ေတာ္၏ေတာင္ဘက္ ကီလိုမီတာ ၇၀ ခန္႔အကြာတြင္ တည္ ရွိသည့္ Camp Humphreys အတြင္းရွိ စစ္ေဆး႐ုံတစ္ခုသို႔ ပို႔ေဆာင္ခဲ့သည္။လာမည့္ရက္အနည္းငယ္အတြင္း ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈ စတင္မည္ျဖစ္ၿပီး က်န္းမာေရးလုပ္သား မ်ားကို အရင္ဆုံး ထိုးႏွံေပးမည္ဟု ေတာင္ကိုရီးယားႏိုင္ငံရွိ အေမရိကန္တပ္ဖြဲ႕မႉး ဗိုလ္ခ်ဳပ္ႀကီး ေရာဘတ္ေအဘ ရမ္က ေျပာသည္။

အဆိုပါစစ္ေဆး႐ုံက ဗိုင္းရပ္စ္ကာကြယ္ေဆးမ်ား ကနဦး ရရွိမည့္ ေတာင္ကိုရီးယားႏိုင္ငံရွိ ေနရာေလးေန ရာအနက္ တစ္ေနရာျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။ၿငိမ္းခ်မ္းေရးစာခ်ဳပ္ျဖင့္မဟုတ္ဘဲ ယာယီစစ္ေျပၿငိမ္းမႈျဖင့္ အဆုံးသတ္ခဲ့သည့္ ၁၉၅၀-၁၉၅၃ ခုႏွစ္ ကိုရီး ယားစစ္ပြဲ၏ အေမြအႏွစ္တစ္ခုအျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံ၏ က်ဴးေက်ာ္တိုက္ခိုက္မႈကို တားဆီးရန္ အေမရိ ကန္ႏိုင္ငံက ေတာင္ကိုရီးယားႏိုင္ငံ၌ တပ္ဖြဲ႕ဝင္ ၂၈၀၀၀ တပ္ျဖန္႔ထားသည္။
–ကိုးကား–
The Korea Herald
Ref; First shipment of COVID-19 vaccine arrives for US troops in S. Korea

Unicode

တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များအတွက် အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ် ယနေ့ ရောက်ရှိလာခဲ့ပြီဟု သိရသည်။ယခု ဗိုင်းရပ်စ်ကာကွယ်ဆေးများက တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ခဲ့သည့် ပထမဆုံးသော ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးများဖြစ်သည်။

မန်းဖစ်မြို့မှပျံသန်းလာသည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများ တင်ဆောင်လာသော အမေရိကန် ကုန်ပစ္စည်း ပို့ဆောင်ရေးကုမ္ပဏီ FedEx Corp ပိုင် ကုန်တင်လေယာဉ်တစ်စင်း ယနေ့နေ့လည် ၁၂ နာရီ ၅၄ မိနစ်ဝန်းကျင်၌ ဆိုးလ်မြို့တော်အနောက်ဘက်ရှိ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့ကြောင်း လေဆိပ်အာဏာ ပိုင်အဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ကာကွယ်ဆေး အလုံးရေ ၁၀၀၀ ကို ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၇၀ ခန့်အကွာတွင် တည် ရှိသည့် Camp Humphreys အတွင်းရှိ စစ်ဆေးရုံတစ်ခုသို့ ပို့ဆောင်ခဲ့သည်။လာမည့်ရက်အနည်းငယ်အတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု စတင်မည်ဖြစ်ပြီး ကျန်းမာရေးလုပ်သား များကို အရင်ဆုံး ထိုးနှံပေးမည်ဟု တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး ရောဘတ်အေဘ ရမ်က ပြောသည်။

အဆိုပါစစ်ဆေးရုံက ဗိုင်းရပ်စ်ကာကွယ်ဆေးများ ကနဦး ရရှိမည့် တောင်ကိုရီးယားနိုင်ငံရှိ နေရာလေးနေ ရာအနက် တစ်နေရာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းတွင် ပြောကြားခဲ့သည်။ငြိမ်းချမ်းရေးစာချုပ်ဖြင့်မဟုတ်ဘဲ ယာယီစစ်ပြေငြိမ်းမှုဖြင့် အဆုံးသတ်ခဲ့သည့် ၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီး ယားစစ်ပွဲ၏ အမွေအနှစ်တစ်ခုအဖြစ် မြောက်ကိုရီးယားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို တားဆီးရန် အမေရိ ကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံ၌ တပ်ဖွဲ့ဝင် ၂၈၀၀၀ တပ်ဖြန့်ထားသည်။
–ကိုးကား–
The Korea Herald
Ref; First shipment of COVID-19 vaccine arrives for US troops in S. Korea

Leave a Reply

Your email address will not be published. Required fields are marked *