ဝဋ္ေႂကြးႀကီးလွတဲ့ တိုင္းျပည္၊ ေျမာင္းထဲေရာက္သြားတဲ့ စီမံကိန္းႀကီးမ်ား ႏွင့္ ဒီႏိုင္ငံမွာ လူလာျဖစ္ရတဲ့ ဒုကၡ

တိုင်းပြည်က ကိုဗစ်ကြောင့် စီးပွါးရေး ဆက်တိုက်ကျဆင်းနေတယ်.. ဒါကိုအာဏာသိမ်းတော့ အခုနိုင်ငံခြားက မွန်ပြည်နယ်မှာလာရင်းနှီးမြှုပ်နှံမဲ့ Japan-Myanmar အထူးစီးပွားရေးဇုံကြီးတွေ ထိုင်းနဲ့ဖက်စပ် ထားဝယ်အထူးစီးပွားရေးဇုံကြီးတွေ လှည်းကူးက Korea-Myanmar အထူးစီးပွားရေးဇုံတွေ အားလုံးသွားပြီ အကုန်မြောင်းထဲပဲ.. အလုပ်အကိုင်အခွင့်လမ်းရှားပါးတဲ့နိုင်ငံမှာ အာဏာသိမ်းတော့ အထူးစီးပွားရေးဇုံတွေအကုန်ပျက် သိန်းနဲ့ချီတဲ့ အလုပ်အကိုင်အခွင့်အရေးတွေဆုံးရှုံးကုန်ပြီ။ တိုင်းပြည်ရဲ့ ဝင်ငွေ GDP ထိခိုက်နစ်နာပြီ။

ဒါတင်ပဲလား ဟင့်အင်း ကျန်သေးတယ်.. Bangkok-Yangon အမြန်လမ်းမကြီးတွေ တစ်နိုင်ငံလုံးကို ရာနှုန်းပြည့်လျှပ်စစ်မီးပေးဖို့ Japan နဲ့ ပူးပေါင်းပြီး ရန်ကုန်မှာတည်ဆောက်မဲ့ ၁၂၅၀ မဂ္ဂါဝက် ထွက်မဲ့ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ကနေ ၂ ဘီလီယံ တန်တဲ့ အရှေ့တောင်အာရှရဲ့အကြီးမားဆုံး LNG သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ဓာတ်အားထုတ်ယူမဲ့ စက်ရုံစီမံကိန်းကြီးလဲ မြောင်းထဲရောက်သွားပြီ.. စက်ရုံမဆောက်ခင်ကြားကာလမှာ လျှပ်စစ်မီးမရတဲ့ နယ်စပ်ကတောင်တန်းဒေသတွေမီးလင်းဖို့ နေရောင်ခြည်ကနေလျှပ်စစ်ထုပ်ယူမဲ့စီမံကိန်းငယ် ၂၉ ခုလည်း ထပ်ပြီးမြောင်းထဲပဲ..

စဉ်းစားကြည့်စမ်း တိုင်းပြည်အဖို့ အကျိုးရှိမဲ့စီမံကိန်းကြီးတွေ အကုန်ပျက်ကုန်တာ ဘယ်လောက်တောင်ရင်နာဖို့ကောင်းလိုက်လဲ.. တိုင်းပြည်က အခုမှဖွံ့ဖြိုးခါစ မြန်မာဟေ့လို့အရှိန်ယူခါစကို စစ်တပ်က အာဏာထပ်သိမ်းတော့ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့ တိုင်းပြည်ကိုဘယ်သူက လာရင်းနှီးမြှုပ်နှံမလဲ.. ရှိတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေတောင် ထွက်မသွားရင်ကံကောင်း.. ရှိတဲ့နိုင်ငံခြားကလုပ်ငန်းတွေ အကုန်ပြန်ထွက်သွားရင် အားလုံးအလုပ်လက်မဲ့ဖြစ်ကုန်ပြီး ဒုက္ခရောက်ကုန်ကြမှာပေါ့.. ဒါတွေတွေးရောတွေးမိရဲ့လား..

ကုန်စုံဆိုင်တစ်ဆိုင်ကိုတောင် ဖြောင့်အောင်စီမံ မခန့်ခွဲတက်တဲ့ လူတွေက တိုင်းပြည်ကို အုပ်ချုပ်မယ်ဆိုရင် တိုင်းပြည်စီးပွားရေး ကျဆင်းပြီး အကုန်ငတ်သေကုန်လိမ့်မယ်.. တိုင်းပြည်ကို နှစ် ၅၀ ကျော်အုပ်ချုပ်ခဲ့တုန်းက ပြည်သူတွေကို ငွေ ၂ သောင်းတောင် စေသနာရှိရှိ ထောက်ပံ့ပေးခဲ့ဖူးလား.. နာဂစ်မှာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို အားပေးထောက်ပံ့ကူညီခဲ့ဖူးလို့လား.. သားသမီးမြေးမြစ်တွေမက မိသားစုတစ်ခုလုံး ၁၀ သက် ၁၀ ဘဝ ထိုင်စားရင်တောင်မကုန်တဲ့ စည်းစိမ်တွေရှိနေပြီပဲ တော်ရောပေါ့.. တော်လောက်ရောပေါ့.. ဘာတွေထပ်ပြီးလိုချင်နေကြတာလဲ..

ပြည်သူတွေကိုလည်း တစ်ချဲ့ငဲ့ကြည့်ပါအုံး.. ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရလို့ အိမ်မှာ အားလပ်နေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်နေတဲ့ကျောင်းသားတွေဘက်ကိုလည်း တစ်ချက်လောက်ငဲ့ကြည့်ပေးပါအုံး.. လျှပ်စစ်လည်းမရ လမ်းပန်းဆက်သွယ်ရေး မကောင်းလို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး အစစအရာရာဖွံ့ဖြိုးမှုနောက်ကျနေတဲ့ တိုင်းရင်းသားဒေသ တွေကိုလည်းအားနာပါအုံး.. စာနာပါအုံး..

၁၉၆၂ မှာ အာဏာသိမ်းတယ် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတော့ အာရှရဲ့ချမ်းသာတဲ့နိုင်ငံကနေ တိုင်းပြည်ဒေဝါလီခံပြီး ဆင်းရဲတဲ့နိုင်ငံဖြစ်သွားတယ်.. ၁၉၈၈ အာဏာထပ်သိမ်းတယ် စီးပွားရေးပိတ်ဆို့ခံရပြီး တိုင်းပြည်ကုန်းကောက်စရာမရှိအောင်မွဲသွားတယ်..

အခု ၂၀၂၁ အာဏာထပ်သိမ်းပြန်တယ်.. အာဏာသိမ်းလို့ တိုင်းပြည်မချမ်းသာပါဘူး.. ပြည်သူတွေမချမ်းသာလာပါဘူး.. ပြည်သူတွေ စီးပွားရေးကျပ်တည်းပြီး အကုန်ဒုက္ခမရောက်ခင် တော်ကြပါတော့ တောင်းပန်ပါတယ်.. ဖမ်းထားတဲ့ အမေစုကိုပြန်လွှတ်ပေးပါ.. ရှုံးခဲ့တာကို သိက္ခာရှိရှိလက်ခံပြီး တော်လိုက်ကြပါတော့..

ဒါတွေက ဘယ်သူ့အပြစ်မှမဟုတ်ဘူး.. ဒီနိုင်ငံမှာလူလာဖြစ်လာတဲ့ ငါတို့ရဲ့အပြစ်.. နောက်ဘဝများရှိခဲ့ရင် လူ့အခွင့်အရေးအပြည့်အဝမရ တရားဥပဒေစိုးမိုးမှုမရှိတဲ့ ဒီနိုင်ငံမှာ လူလာမဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိပါရဲ့။

source : (Kyaw Swar)

zawgyi

တိုင္းျပည္က ကိုဗစ္ေၾကာင့္ စီးပြါးေရး ဆက္တိုက္က်ဆင္းေနတယ္.. ဒါကိုအာဏာသိမ္းေတာ့ အခုႏိုင္ငံျခားက မြန္ျပည္နယ္မွာလာရင္းႏွီးျမႇဳပ္ႏွံမဲ့ Japan-Myanmar အထူးစီးပြားေရးဇုံႀကီးေတြ ထိုင္းနဲ႔ဖက္စပ္ ထားဝယ္အထူးစီးပြားေရးဇုံႀကီးေတြ လွည္းကူးက Korea-Myanmar အထူးစီးပြားေရးဇုံေတြ အားလုံးသြားၿပီ အကုန္ေျမာင္းထဲပဲ.. အလုပ္အကိုင္အခြင့္လမ္းရွားပါးတဲ့ႏိုင္ငံမွာ အာဏာသိမ္းေတာ့ အထူးစီးပြားေရးဇုံေတြအကုန္ပ်က္ သိန္းနဲ႔ခ်ီတဲ့ အလုပ္အကိုင္အခြင့္အေရးေတြဆုံးရႈံးကုန္ၿပီ။ တိုင္းျပည္ရဲ႕ ဝင္ေငြ GDP ထိခိုက္နစ္နာၿပီ။

ဒါတင္ပဲလား ဟင့္အင္း က်န္ေသးတယ္.. Bangkok-Yangon အျမန္လမ္းမႀကီးေတြ တစ္ႏိုင္ငံလုံးကို ရာႏႈန္းျပည့္လွ်ပ္စစ္မီးေပးဖို႔ Japan နဲ႔ ပူးေပါင္းၿပီး ရန္ကုန္မွာတည္ေဆာက္မဲ့ ၁၂၅၀ မဂၢါဝက္ ထြက္မဲ့ အေမရိကန္ေဒၚလာ ၁.၅ ဘီလီယံ ကေန ၂ ဘီလီယံ တန္တဲ့ အေရွ႕ေတာင္အာရွရဲ႕အႀကီးမားဆုံး LNG သဘာဝဓာတ္ေငြ႕ကေန လွ်ပ္စစ္ဓာတ္အားထုတ္ယူမဲ့ စက္႐ုံစီမံကိန္းႀကီးလဲ ေျမာင္းထဲေရာက္သြားၿပီ.. ​စက္႐ုံမေဆာက္ခင္ၾကားကာလမွာ လွ်ပ္စစ္မီးမရတဲ့ နယ္စပ္ကေတာင္တန္းေဒသေတြမီးလင္းဖို႔ ေနေရာင္ျခည္ကေနလွ်ပ္စစ္ထုပ္ယူမဲ့စီမံကိန္းငယ္ ၂၉ ခုလည္း ထပ္ၿပီးေျမာင္းထဲပဲ..

စဥ္းစားၾကည့္စမ္း တိုင္းျပည္အဖို႔ အက်ိဳးရွိမဲ့စီမံကိန္းႀကီးေတြ အကုန္ပ်က္ကုန္တာ ဘယ္ေလာက္ေတာင္ရင္နာဖို႔ေကာင္းလိုက္လဲ.. တိုင္းျပည္က အခုမွဖြံ႕ၿဖိဳးခါစ ျမန္မာေဟ့လို႔အရွိန္ယူခါစကို စစ္တပ္က အာဏာထပ္သိမ္းေတာ့ ႏိုင္ငံေရးတည္ၿငိမ္မႈမရွိတဲ့ တိုင္းျပည္ကိုဘယ္သူက လာရင္းႏွီးျမႇဳပ္ႏွံမလဲ.. ရွိတဲ့ ျပည္ပရင္းႏွီးျမႇဳပ္ႏွံမႈေတြေတာင္ ထြက္မသြားရင္ကံေကာင္း.. ရွိတဲ့ႏိုင္ငံျခားကလုပ္ငန္းေတြ အကုန္ျပန္ထြက္သြားရင္ အားလုံးအလုပ္လက္မဲ့ျဖစ္ကုန္ၿပီး ဒုကၡေရာက္ကုန္ၾကမွာေပါ့.. ဒါေတြေတြးေရာေတြးမိရဲ႕လား..

ကုန္စုံဆိုင္တစ္ဆိုင္ကိုေတာင္ ေျဖာင့္ေအာင္စီမံ မခန႔္ခြဲတက္တဲ့ လူေတြက တိုင္းျပည္ကို အုပ္ခ်ဳပ္မယ္ဆိုရင္ တိုင္းျပည္စီးပြားေရး က်ဆင္းၿပီး အကုန္ငတ္ေသကုန္လိမ့္မယ္.. တိုင္းျပည္ကို ႏွစ္ ၅၀ ေက်ာ္အုပ္ခ်ဳပ္ခဲ့တုန္းက ျပည္သူေတြကို ေငြ ၂ ေသာင္းေတာင္ ေစသနာရွိရွိ ေထာက္ပံ့ေပးခဲ့ဖူးလား.. နာဂစ္မွာ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို အားေပးေထာက္ပံ့ကူညီခဲ့ဖူးလို႔လား.. သားသမီးေျမးျမစ္ေတြမက မိသားစုတစ္ခုလုံး ၁၀ သက္ ၁၀ ဘဝ ထိုင္စားရင္ေတာင္မကုန္တဲ့ စည္းစိမ္ေတြရွိေနၿပီပဲ ေတာ္ေရာေပါ့.. ေတာ္ေလာက္ေရာေပါ့.. ဘာေတြထပ္ၿပီးလိုခ်င္ေနၾကတာလဲ..

ျပည္သူေတြကိုလည္း တစ္ခ်ဲ႕ငဲ့ၾကည့္ပါအုံး.. ကိုဗစ္ေၾကာင့္ ေက်ာင္းေတြပိတ္ထားရလို႔ အိမ္မွာ အားလပ္ေနၿပီး စိတ္ပိုင္းဆိုင္ရာထိခိုက္ေနတဲ့ေက်ာင္းသားေတြဘက္ကိုလည္း တစ္ခ်က္ေလာက္ငဲ့ၾကည့္ေပးပါအုံး.. လွ်ပ္စစ္လည္းမရ လမ္းပန္းဆက္သြယ္ေရး မေကာင္းလို႔ အလုပ္အကိုင္အခြင့္အလမ္းရွားပါးၿပီး အစစအရာရာဖြံ႕ၿဖိဳးမႈေနာက္က်ေနတဲ့ တိုင္းရင္းသားေဒသ ေတြကိုလည္းအားနာပါအုံး.. စာနာပါအုံး..

၁၉၆၂ မွာ အာဏာသိမ္းတယ္ စီးပြားေရးလုပ္ငန္းေတြကို ျပည္သူပိုင္သိမ္းေတာ့ အာရွရဲ႕ခ်မ္းသာတဲ့ႏိုင္ငံကေန တိုင္းျပည္ေဒဝါလီခံၿပီး ဆင္းရဲတဲ့ႏိုင္ငံျဖစ္သြားတယ္.. ၁၉၈၈ အာဏာထပ္သိမ္းတယ္ စီးပြားေရးပိတ္ဆို႔ခံရၿပီး တိုင္းျပည္ကုန္းေကာက္စရာမရွိေအာင္မြဲသြားတယ္..

အခု ၂၀၂၁ အာဏာထပ္သိမ္းျပန္တယ္.. အာဏာသိမ္းလို႔ တိုင္းျပည္မခ်မ္းသာပါဘူး.. ျပည္သူေတြမခ်မ္းသာလာပါဘူး.. ျပည္သူေတြ စီးပြားေရးက်ပ္တည္းၿပီး အကုန္ဒုကၡမေရာက္ခင္ ေတာ္ၾကပါေတာ့ ေတာင္းပန္ပါတယ္.. ဖမ္းထားတဲ့ အေမစုကိုျပန္လႊတ္ေပးပါ.. ရႈံးခဲ့တာကို သိကၡာရွိရွိလက္ခံၿပီး ေတာ္လိုက္ၾကပါေတာ့..

ဒါေတြက ဘယ္သူ႔အျပစ္မွမဟုတ္ဘူး.. ဒီႏိုင္ငံမွာလူလာျဖစ္လာတဲ့ ငါတို႔ရဲ႕အျပစ္.. ေနာက္ဘဝမ်ားရွိခဲ့ရင္ လူ႔အခြင့္အေရးအျပည့္အဝမရ တရားဥပေဒစိုးမိုးမႈမရွိတဲ့ ဒီႏိုင္ငံမွာ လူလာမျဖစ္ရပါေစနဲ႔လို႔ ဆုေတာင္းမိပါရဲ႕။

source : (Kyaw Swar)

Leave a Reply

Your email address will not be published. Required fields are marked *