ကိုဗစ်-၁၉ တိုက်ဖျက်ရေး ရန်ပုံငွေပေါင်သန်းချီရှာပေးခဲ့သည့် ဒုတိယကမ္ဘာစစ်ပြန်ကြီး ကွယ်လွန်

ကိုဗစ်-၁၉ တိုက်ဖျက်ရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေ ပေါင်သန်းချီရှာပေးခဲ့တဲ့ ဒုတိယကမ္ဘာစစ်ပြန်ကြီး ကပ္ပတိန်တွမ်မိုးဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်သွားတယ်လို့ သူ့ရဲ့မိသားစုက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိပြီးနောက် သူဟာ အဆုတ်ရောင် ရောဂါကို ခံစားခဲ့ရပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ မနက်ပိုင်းက သူဟာ ဘတ်ဖို့ဒ်ဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ မိသားစုက ဆိုပါတယ်။

ကပ္ပတိန်တွမ်မိုးဟာ ပရောစတိတ်နဲ့ အရေပြားကင်ဆာ ရောဂါကုသမှုကို ခံယူနေတာ ၅ နှစ် ရှိပြီလို့လည်း မိသားစုက ပြောဆိုပါတယ်။

တခြားရောဂါကုသမှုတွေ ခံယူနေတာကြောင့် သူဟာ ကာကွယ်ဆေး မထိုးခဲ့ဘူးလို့လည်း သိရပါတယ်။

အသက် ၁၀၀ နှစ်အရွယ် မိုးဟာ သူရဲ့ နောက်ဖေးခြံမှာ လမ်းလျှောက်ဒေါက် အကူအညီနဲ့ ခေါက်ရေ ၁၀၀ လမ်းလျှောက်ပြီး NHS ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေ ပေါင် ၃၈ ဒသမ ၉ သန်း ရအောင် စွမ်းဆောင်ပေးခဲ့သူပါ။ သူ ကွယ်လွန်သွားတဲ့ ဖေဖော်ဝါရီ ၂ ရက်မှာပဲ လန်ဒန်မြို့သူမြို့သားတွေက ကပ္ပတိန်မိုးကို ဂုဏ်ပြုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

CRD – DVB TV

Leave a Reply

Your email address will not be published. Required fields are marked *