ဖမ်းဆီးခံထားရသည့် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်ခဲ့ဟု သိရ

စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်) မနက်တွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးတွင် ဗီဒီယိုကွန်ဖရန့်ဖြင့် တရားစွဲ ရုံးထုတ်ခဲ့သည်ဟုသိရသည်။

သို့သော် မည်သည့်ပုဒ်မဖြင့် တရားစွဲသည်ကို တိတိကျကျ မသိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။

“ကျနော်တို့က စည်ပင်ရိပ်သာမှာပဲ ပိတ်မိနေတဲ့အတွက် ကျန်တာ ဘာမှမသိရသေးဘူး။ သူတို့ကို ဒီမနက် အဲ့ဒီလိုလုပ်တယ်လို့တော့ ကြားမိတယ်။ အဲ့ဒီတရားရုံးအရှေ့မှာ သတင်းထောက်တွေလဲ သွားစောင့်နေကြတယ်။ ကျနော်တို့ကို ဒီစည်ပင်ရိပ်သာက ပြန်ခိုင်းနေလို့ ပစ္စည်းတွေ ပြန်သိမ်းနေရတယ်”ဟု ပြောသည်။

ထို့အတူ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးရှေ့သို့ ရောက်ရှိနေသည့်သတင်းထောက်တဦးက ၎င်းတို့အနေဖြင့် အဆိုပါသတင်းကြားသည့်အတွက် လာရောက်စောင့်ဆိုင်းနေခဲ့ပေမယ့် ဗီဒီယို ကွန်ဖရန့်ဖြင့် တရားစွဲဆိုမှုကို လုပ်ဆောင်သွားသည့်အတွက် မည်သည့်ဥပဒေဖြင့် တရားစွဲထားသည်ကို တိတိကျကျ မသိခဲ့ရကြောင်း ပြောသည်။

ယခုလို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံတို့ကို တရားစွဲဆိုခြင်းသည် လက်ရှိ အာဏာသိမ်း အစိုးရဖြစ်သည့် တပ်မတော်အနေဖြင့် မည်သည့်ပုဒ်မ ဥပဒေဖြင့် အရေးယူမည်နည်း၊ မည်သည့် ပြစ်မှု ကျူးလွန်သဖြင့် ဖမ်းဆီးထားသနည်းကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က သုံးသပ်သည်။

“ကျနော်မေးချင်တာက သမ္မတကို ဖမ်းထားတာတောင် ဘာဥပဒေနဲ့ ဖမ်းတာလဲ။ အခု ရုံးထုတ်တယ်ဆိုတော့ သူတို့(စစ်တပ်)က အာဏာသိမ်းပြီးပေမယ့် လက်ရှိတည်ဆဲဥပဒေဖြစ်တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းဘူးလို့ ဆိုထားပြီး ဘယ်ဥပဒေနဲ့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ကို တရားစွဲတာလဲ။ ဒါကိုကြည့်လိုက်တာနဲ့ ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ကျနော်တို့ သိချင်တယ်” ဟု ဆိုသည်။

ယခုသတင်းနှင့်ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ပါတီမှ တာဝန်ရှိသူများ၏ ပြောဆိုချက်သာ ရရှိထားပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရှိရပါ။

ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် ယခုသတင်းနှင့် ပတ်သတ်၍ သီးခြားအတည်ပြုချက်များ ထပ်မံရရှိနိုင်ရန် ကြိုးစားနေပြီး ရရှိပါက ထပ်မံဖော်ပြပေးသွားပါမည်။

ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်အတိုင်ပင်ခံရုံး

(အလွတ်သတင်းထောက် ထက်ခေါင်လင်း မှ သတင်းပေးပို့သည်။)
#သမ္မတဦးဝင်းမြင့် #ဒေါ်အောင်ဆန်းစုကြည် #တရားစွဲ #Ayeyarwaddy_Times

Unicode
စစ်တပ်၏ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ယနေ့(ဖေဖေါ်ဝါရီလ ၃ ရက်) မနက်တွင် နေပြည်တော်ရှိ ဇဗ္ဗူသီရိ မြို့နယ်တရားရုံးတွင် ဗီဒီယိုကွန်ဖရန့်ဖြင့် တရားစွဲ ရုံးထုတ်ခဲ့သည်ဟုသိရသည်။

သို့သော် မည်သည့်ပုဒ်မဖြင့် တရားစွဲသည်ကို တိတိကျကျ မသိရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။

“ကျနော်တို့က စည်ပင်ရိပ်သာမှာပဲ ပိတ်မိနေတဲ့အတွက် ကျန်တာ ဘာမှမသိရသေးဘူး။ သူတို့ကို ဒီမနက် အဲ့ဒီလိုလုပ်တယ်လို့တော့ ကြားမိတယ်။ အဲ့ဒီတရားရုံးအရှေ့မှာ သတင်းထောက်တွေလဲ သွားစောင့်နေကြတယ်။ ကျနော်တို့ကို ဒီစည်ပင်ရိပ်သာက ပြန်ခိုင်းနေလို့ ပစ္စည်းတွေ ပြန်သိမ်းနေရတယ်”ဟု ပြောသည်။

ထို့အတူ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးရှေ့သို့ ရောက်ရှိနေသည့်သတင်းထောက်တဦးက ၎င်းတို့အနေဖြင့် အဆိုပါသတင်းကြားသည့်အတွက် လာရောက်စောင့်ဆိုင်းနေခဲ့ပေမယ့် ဗီဒီယို ကွန်ဖရန့်ဖြင့် တရားစွဲဆိုမှုကို လုပ်ဆောင်သွားသည့်အတွက် မည်သည့်ဥပဒေဖြင့် တရားစွဲထားသည်ကို တိတိကျကျ မသိခဲ့ရကြောင်း ပြောသည်။

ယခုလို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံတို့ကို တရားစွဲဆိုခြင်းသည် လက်ရှိ အာဏာသိမ်း အစိုးရဖြစ်သည့် တပ်မတော်အနေဖြင့် မည်သည့်ပုဒ်မ ဥပဒေဖြင့် အရေးယူမည်နည်း၊ မည်သည့် ပြစ်မှု ကျူးလွန်သဖြင့် ဖမ်းဆီးထားသနည်းကို မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က သုံးသပ်သည်။

“ကျနော်မေးချင်တာက သမ္မတကို ဖမ်းထားတာတောင် ဘာဥပဒေနဲ့ ဖမ်းတာလဲ။ အခု ရုံးထုတ်တယ်ဆိုတော့ သူတို့(စစ်တပ်)က အာဏာသိမ်းပြီးပေမယ့် လက်ရှိတည်ဆဲဥပဒေဖြစ်တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖျက်သိမ်းဘူးလို့ ဆိုထားပြီး ဘယ်ဥပဒေနဲ့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ကို တရားစွဲတာလဲ။ ဒါကိုကြည့်လိုက်တာနဲ့ ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ ကျနော်တို့ သိချင်တယ်” ဟု ဆိုသည်။

ယခုသတင်းနှင့်ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD ပါတီမှ တာဝန်ရှိသူများ၏ ပြောဆိုချက်သာ ရရှိထားပြီး ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဘက်မှ တစ်စုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရှိရပါ။

ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် ယခုသတင်းနှင့် ပတ်သတ်၍ သီးခြားအတည်ပြုချက်များ ထပ်မံရရှိနိုင်ရန် ကြိုးစားနေပြီး ရရှိပါက ထပ်မံဖော်ပြပေးသွားပါမည်။

ဓာတ်ပုံ – နိုင်ငံတော်သမ္မတရုံး၊နိုင်ငံတော်အတိုင်ပင်ခံရုံး

(အလွတ်သတင်းထောက် ထက်ခေါင်လင်း မှ သတင်းပေးပို့သည်။)

Leave a Reply

Your email address will not be published. Required fields are marked *