V.P.N ေက်ာ္ႏိုင္တာကို စိတ္ထင္တိုင္း ႀကဲၿပီး ေလွာင္ေျပာင္တဲ့ အျပဳအမူအတြက္ တိုက္တြန္းပါရေစ

ဒီအချိန်မှာ သူတို့ ဖေ့စဘွတ်ကို ပိတ်လိုက်တာဟာ နိုင်ငံတော်အဆင့်အနေနဲ့ တရား၀င်‌ ကြေငြာတဲ့စာထုတ်ပြီး ပိတ်တာပါ ။ဒီအချိန်မှာ သူတို့ မသုံးစေချင်တဲ့ ဟာလဲ ကိုကအတင်း သုံးချင်သေးတယ် ။ vpn ကျော်နိုင်တာ‌ လောက်ကို မလိုအပ်ပဲ ဂုဏ်ယူပြီး မလိုအပ်ပဲလှောင်ပြောင် သရော်နေကြရင် (၆၆ ဃ) တို့လို (အရင်က အာမခံချက်အပြည့်မ၀နဲ့တစ်ခါမှ အကာအကွယ် မရခဲ့ဖူးတဲ့) ဆက်သွယ်ရေးပုဒ်မ‌တွေနဲ့ မရှိရှိတာရှာကြံပြီး ခေါင်းစဉ်တပ် လိုရာဆွဲစိ နိုင်တယ် ဆိုတာ သတိထားစေချင်တယ် ။

နောက် အရေးကြီးဆုံးအချက်က ဒီအချိန်မှာ ကျော်ခွပြီးသုံးနိုင်နေ‌သေးပေမယ့် internet connection တွေ လုံး၀ ပိတ်ပစ်ပြီး အမှောင်ချပစ်ရင် IT ပညာရှင်‌တွေ ဘယ်လောက်တော်တော် တတ်တတ် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါဖူး ။(ဒါမျိုးမလုပ်‌လောက်ပါဖူးလေ လို့ ယုံမှားသံသယကင်းကင်းနဲ့ တွေးချင်ပေမယ့်လဲ သိပ်မကြာသေးတဲ့ ရက်ပိုင်း (ဖေဖော်ဝါရီ ၁ ရက်နေ့) ဟာ ကျွန်တော်တို့အတွက် အမှောင်ကျခဲ့ရတဲ့ သာဓက ပြစရာ ပူပူနွေးနွေးသက်‌သေပဲ)လုံး၀ Internet မရတော့တဲ့အခါ Bridgefy တို့လို bluetooth connect ရတဲ့ app တွေ နဲ့ဆက်သွယ်လို့ရသေးတယ် ဆိုပေမယ့် ကဗ္ဘာကြီးကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဆက်သွယ်ဖို့ကြတော့ Internet connection တွေမရှိ တော့ရင် ဘယ်အရာနဲ့မှမဖြစ်နိုင်သေးပါဖူး ။

ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ဆက်သွယ်မှုတွေ ရနေသေးတဲ့ ဒီအခြေအနေကို တကယ် မလိုအပ်တဲ့ လှောင်ပြန်သရော်မှုတွေနဲ့ အလကားမဖြုန်းတီးပစ်ပဲ ပိုပြီး ထိရောက်တဲ့ ပိုပြီးအင်အားကြီးတဲ့ တုန့်ပြန်မှုမျိုးတွေနဲ့ပဲ ကျွန်တော်တို့ မနှစ်သက်တဲ့အာဏာရှင်ကို ပညာရှင်ဆန်ဆန် ပြန်ပြီး ဆန့်ကျင်မှု လုပ်ကြပါ ။ရနေသေးတဲ့အခွင့်အရေးကို အသုံးချကြပါ ။ မဖြုန်းတီးပစ်ကြပါနဲ့ ။ တကယ်ထိရောက်တဲ့ ဆန့်ကျင်မှုမျိုးကိုပဲ လုပ်ကြပါ ။

crd….

zawgyi

ဒီအခ်ိန္မွာ သူတို႔ ေဖ့စဘြတ္ကို ပိတ္လိုက္တာဟာ ႏိုင္ငံေတာ္အဆင့္အေနနဲ႔ တရား၀င္‌ ေၾကျငာတဲ့စာထုတ္ၿပီး ပိတ္တာပါ ။ဒီအခ်ိန္မွာ သူတို႔ မသုံးေစခ်င္တဲ့ ဟာလဲ ကိုကအတင္း သုံးခ်င္ေသးတယ္ ။ vpn ေက်ာ္ႏိုင္တာ‌ ေလာက္ကို မလိုအပ္ပဲ ဂုဏ္ယူၿပီး မလိုအပ္ပဲေလွာင္ေျပာင္ သေရာ္ေနၾကရင္ (၆၆ ဃ) တို႔လို (အရင္က အာမခံခ်က္အျပည့္မ၀နဲ႔တစ္ခါမွ အကာအကြယ္ မရခဲ့ဖူးတဲ့) ဆက္သြယ္ေရးပုဒ္မ‌ေတြနဲ႔ မရွိရွိတာရွာႀကံၿပီး ေခါင္းစဥ္တပ္ လိုရာဆြဲစိ ႏိုင္တယ္ ဆိုတာ သတိထားေစခ်င္တယ္ ။

ေနာက္ အေရးႀကီးဆုံးအခ်က္က ဒီအခ်ိန္မွာ ေကာ္ခြၿပီးသုံးႏိုင္ေန‌ေသးေပမယ့္ internet connection ေတြ လုံး၀ ပိတ္ပစ္ၿပီး အေမွာင္ခ်ပစ္ရင္ IT ပညာရွင္‌ေတြ ဘယ္ေလာက္ေတာ္ေတာ္ တတ္တတ္ ကြၽန္ေတာ္တို႔ ဘာမွ မတတ္ႏိုင္ပါဖူး ။(ဒါမ်ိဳးမလုပ္‌ေလာက္ပါဖူးေလ လို႔ ယုံမွားသံသယကင္းကင္းနဲ႔ ေတြးခ်င္ေပမယ့္လဲ သိပ္မၾကာေသးတဲ့ ရက္ပိုင္း (ေဖေဖာ္ဝါရီ ၁ ရက္ေန႔) ဟာ ကြၽန္ေတာ္တို႔အတြက္ အေမွာင္က်ခဲ့ရတဲ့ သာဓက ျပစရာ ပူပူေႏြးေႏြးသက္‌ေသပဲ)လုံး၀ Internet မရေတာ့တဲ့အခါ Bridgefy တို႔လို bluetooth connect ရတဲ့ app ေတြ နဲ႔ဆက္သြယ္လို႔ရေသးတယ္ ဆိုေပမယ့္ ကဗာၻႀကီးကို ျမန္ျမန္ဆန္ဆန္နဲ႔ ထိထိေရာက္ေရာက္ ဆက္သြယ္ဖို႔ၾကေတာ့ Internet connection ေတြမရွိ ေတာ့ရင္ ဘယ္အရာနဲ႔မွမျဖစ္ႏိုင္ေသးပါဖူး ။

ေကာက္႐ိုးတစ္မွ်င္ျဖစ္ျဖစ္ ဆက္သြယ္မႈေတြ ရေနေသးတဲ့ ဒီအေျခအေနကို တကယ္ မလိုအပ္တဲ့ ေလွာင္ျပန္သေရာ္မႈေတြနဲ႔ အလကားမျဖဳန္းတီးပစ္ပဲ ပိုၿပီး ထိေရာက္တဲ့ ပိုၿပီးအင္အားႀကီးတဲ့ တုန႔္ျပန္မႈမ်ိဳးေတြနဲ႔ပဲ ကြၽန္ေတာ္တို႔ မႏွစ္သက္တဲ့အာဏာရွင္ကို ပညာရွင္ဆန္ဆန္ ျပန္ၿပီး ဆန႔္က်င္မႈ လုပ္ၾကပါ ။ရေနေသးတဲ့အခြင့္အေရးကို အသုံးခ်ၾကပါ ။ မျဖဳန္းတီးပစ္ၾကပါနဲ႔ ။ တကယ္ထိေရာက္တဲ့ ဆန႔္က်င္မႈမ်ိဳးကိုပဲ လုပ္ၾကပါ ။

crd….

Leave a Reply

Your email address will not be published. Required fields are marked *