ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှ တပ်ချုပ် မင်းအောင်လှိုင်၏ မိန်းမထံသို့ အိတ်ဖွင့်ပေးစာ ပို့ပြီ

ဆရာမ ရှင့်..ဆရာမ ကို ခုလို စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားပြီးမှ ရေးလိုက်ရတာပါ။ မြန်မာစာဌာနဟာ အင်မတန် မိသားစုဆန်ပြီး သွေးရင်းသားရင်းဆန်လှတဲ့ ဌာနမို့ ကိုယ့်ထက် နှစ်တွေအများကြီးစောပြီး ဆရာမ အလုပ်လုပ်ခဲ့သလို ကိုယ့်ထက် အသက်လည်း ကြီးတဲ့ ဆရာမဟာ ကျမတို့ မြန်မာစာ ရဲ့ အစဉ်အလာအရ ရိုသေရမယ့်သူပါ။ ဒါကြောင့် ခု ကျမ ရေးတဲ့စာဟာ ပြည်သူလူထုအတွက် ကောက်ရိုးတမျှင်လောက်စာ အထောက်အပံ့အဖြစ် ရေးလိုက်ရ တာပါလို့ ပြောပါရစေ။

ဆရာမဟာ အခု လတ်တလောမှာပဲ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အနိုင်ရပါတီ အစိုးရကို မတရားသဖြင့် အာဏာသိမ်း လိုက်တဲ့ စစ်တပ် အကြီးအကဲ ရဲ့ ဇနီး ဖြစ်နေတာကြောင့်လည်း ဒီစာကို အိတ်ဖွင့်ပေးစာအဖြစ်ရေးရတာပါ။ ကျမ နာမည် ငြိမ်းခက်ခက် ပါ။ စာရေးတော့ မေငြိမ်းဆိုတဲ့ နာမည်နဲ့ရေးပါတယ်။ ကျမ ၁၉၈၆ နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) မြန်မာစာ ဌာန မှာ စတာဝန်ထမ်းဆောင်ခဲ့ပြီး .. စစ်အုပ်ချုပ်ရေးအောက်က ပညာရေးစနစ်ကို မယုံကြည်တာကြောင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ ကထိက ရာထူးနဲ့ ဒဂုံတက္ကသိုလ် မြန်မာစာ ဌာနကနေ အလုပ်ထွက် စာတင် ခဲ့ပါတယ်။(ကျမ ရဲ့ အလုပ်ထွက်စာ ကို ချမပေးခဲ့ပါဘူး .. ဒါကြောင့် ပြည်ပကို သူပုန်လို ထွက်ခဲ့ရပါတယ်)။ ကျမ အခုထိလည်း ပြည်ပမှာ မြန်မာစာဆရာမ အလုပ်နဲ့ပဲ အသက်မွေးနေတာမို့ ကိုယ့်ကိုယ်ကိုယ် မြန်မာစာ မိသားစုဝင်အဖြစ် အမြဲ တာဝန်တစ်ခုခု ရှိနေတယ်လို့ ခံယူထားဆဲပါ။

ကျမတို့ မြန်မာစာဌာန ဟာ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား ၊ ငယ်သူကို သနားဆိုတဲ့ ကျင့်ဝတ်ကို ခါးဝတ် ပုဆိုးလို မြဲကြဖို့ စာတွေကနေတဆင့်ရော ဆရာ ဆရာမတွေက စံပြ နေထိုင်ပြခြင်းနဲ့ ရော အမြဲ သင်ကြား လေ့ကျင့်ပေးတဲ့ ဘာသာရပ်ပါ။ (ဒါကြောင့် သိပ်အချိုး မပြေတဲ့ ကျမတောင် မြန်မာစာစံ နဲ့ မညီလှပါဘူး)။ ဒါပေမဲ့ လောကပါလတရားကို စောင့်ရှောက်ဖို့၊ ဗြဟ္မစိုရ်တရားကို ကျင့်ကြံဖို့တွေတော့ အလိုလို လိုက်နာပြီး ရှက်စရာကောင်းတာက ဘာလဲဆိုတာကို သိတဲ့ ဟီရိ နဲ့.. ကြောက်သင့်တဲ့ ကျင့်ဝတ်တွေဖြစ်တဲ့ သြတ္တပ တရားတွေကိုတော့ ကို အမြဲ လိုက်နာတတ်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းဆရာမ တစ်ယောက်အနေနဲ့ မိခင် တစ်ယောက်အနေနဲ့ အထူးသဖြင့် မြန်မာစာဆရာမ အနေနဲ့ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင် နဲ့ ကိုယ့် မျိုးဆက်တွေကို ဒီကောင်းမှု ကျင့်ဝတ်ကို လက်ဆင့်ကမ်းတဲ့ တာဝန်ကိုတော့ ဘယ်အခြေနေမှာဖြစ်ဖြစ် ကျေအောင် ထမ်းခဲ့ပါတယ်။ ဒါဟာ မြန်မာလူမျိုးရဲ့ တာဝန်.. မြန်မာအမေတစ်ယောက်ရဲ့တာဝန်.. လူသား ပီသတဲ့ တာဝန်.. အထူးသဖြင့် မြန်မာစာဆရာမ တစ်ယောက် ရဲ့ တာဝန်.. လို့ အမြဲ မှတ်ပိုက်ခံယူခဲ့ပါတယ်။

ဆရာမ ရှင်.. အခု မြန်မာနိုင်ငံမှာ သိတတ်နားလည်တဲ့ ကလေးအရွယ်တွေကစပြီး မိအို ဘအိုတွေအထိ ပြည်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆရာမ ခင်ပွန်းရဲ့ လုပ်ရပ်ကြောင့် နေ့တိုင်း ငိုကြွေး ပူဆွေးနေကြရပါတယ်။ အနာဂတ်မဲ့ သောကတွေနဲ့ လောင်မြိုက်နေကြရပါတယ်။ အဲဒီ ဆရာမ ခင်ပွန်းရဲ့ လုပ်ရပ်အဝဝဟာ ဆရာမ နဲ့လည်း ဆက်နွယ်နေတယ်ဆိုတာ ဆရာမ လည်း သိပြီးသားဖြစ်မှာပါ။ ဆရာမကိုယ်တိုင်လည်း အပူသောက စာ တွေ စားပြီး အပူပုံပေါ် ထိုင်နေရတာကို ခံစားရမယ် လို့လည်း ယုံကြည်ပါတယ်။ အဆွေခင်ပွန်း ကောင်း တွေဟာ တစ်ဦး နဲ့ တစ်ဦး မှားနေတဲ့ လမ်းကို ဦးတည့်ပေးမှ အဆွေခင်ပွန်းကောင်း ပီသတယ် မဟုတ်လား ဆရာမ ရှင်။ တော်မှန်တဲ့ ခေါင်းဆောင်တစ်ယောက်နောက်မှာ တတ်ပွန်တဲ့ အဖော်မွန် (အိမ်ထောင်ဖက် ကောင်း) တစ်ယောက် ရှိတယ်ဆိုတဲ့ ဆိုရိုးအတိုင်း ဆရာမ ခင်ပွန်းရဲ့ အမှား အမှန်တိုင်းမှာ ဆရာမရဲ့ နာမည်ဟာ တွဲပါနေပါတယ်။

ခက်တာက မြန်မာအသိုင်းအဝိုင်းရဲ့ အစဉ်အလာအတိုင်း တစ်စုံတစ်ယောက်ကို ချီးမွမ်းတာပဲ ဖြစ်ဖြစ် ကဲ့ရဲ့တာပဲဖြစ်ဖြစ် သူ့ရဲ့အဆက်အစပ်လားရာကို ထည့်ပြောတတ်လေ့ရှိလေတော့ ဆရာမရဲ့ နာမည်ကို ပြောလေတိုင်း မြန်မာစာဌာနက ဆရာမဟောင်းလေ လို့ ထည့်ပြောတတ်ကြတာမို့ အင်မတန် အကဲဆတ်တဲ့ ကျမမှာ အတော် စိတ်ထိခိုက်ရပါတယ်။ဆရာမ ရေ.. ဆရာမ ရဲ့ အမျိုးသားက ခေါင်းဆောင်ဖြစ်ချင်လှတာဆိုရင်ဖြင့် ဆရာမတို့ ကျမတို့ လေ့လာခဲ့.. သင်ပေးခဲ့ရတဲ့ အနော်ရထာမင်း နဲ့ ကျန်စစ်သားမင်းတို့ တိုင်းသူပြည်သားအပေါ် မေတ္တာ နဲ့ အုပ်ချုပ်ပုံ ကို ဖော်ပြနေတဲ့ ကျောက်စာတွေထဲက..

“များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊ ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊” ဆိုတာမျိုး.. ရဲရင့်မှုဆိုတာ အကောက်ကြံမှု မဟုတ်ဘူးဆိုတာကို သိအောင် ဗညားဒလကျမ်းထဲက လဂွန်းအိမ် ရဲ့ သစ္စာစောင့်သိမှုအကြောင်းတို့ကို ပြောပြပြီး လမ်းကြောင်းတည့်ပေးသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အခု ဆရာမအမျိုးသား ဒုက္ခပေးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ခွင့်မလွှတ်နိုင်စရာ ပြစ်မှုတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ မြန်မာစစ်တပ်ကို သည်းခံခွင့်လွှတ်ပြီးတော့ ငြိမ်းချမ်းရေးအတွက် စကားပြောခဲ့တဲ့သူ.. နောက်ဆုံး ICJ ပြဿနာနဲ့ ချောက်ကျတော့မယ့် အခြေနေမှာတောင် တကမ္ဘာလုံးရဲ့ အမုန်းကို ခေါင်းခံပြီး စစ်တပ်ကို ကယ်ခဲ့တဲ့ ကျေးဇူးရှိသူ လေ။ ဒါကြောင့် ခုကိစ္စဟာ အပြစ်ကြီးလှပါတယ် ဆရာမရေ။

ခု ကိစ္စက ကျေးဇူးရှင်ကို ဒုက္ခပေးတဲ့အပြင် ကိုယ်စောင့်ရှောက်ရမယ့် ရင်ဝယ်သားတွေကိုပါ အစွမ်းကုန် ပူဆွေး နာကျင်ရစေတဲ့ အဖြစ်မို့လို့ အကုသိုလ်က ကြီးလှပါတယ်။ ဒါကြောင့် မြန်မာစာမိသားစုချင်း အကုသိုလ် မဆက်စေချင်တာနဲ့ သမိုင်းမှာ နာမည်ဆိုးကြီး တွင်မသွားစေချင်တာတွေကြောင့် ဒီစာကို ရေးလိုက်ရတာပါပဲ။ အတတ်နိုင်ဆုံး လိုရင်းပဲ ရေးလိုက်ပါတယ် ဆရာမ ရှင့်။

cdr….

zawgyi

ဆရာမ ရှင့်..

ဆရာမ ကို ခုလို စာရေးဖို့ အကြိမ်ကြိမ်စဉ်းစားပြီးမှ ရေးလိုက်ရတာပါ။ မြန်မာစာဌာနဟာ အင်မတန် မိသားစုဆန်ပြီး သွေးရင်းသားရင်းဆန်လှတဲ့ ဌာနမို့ ကိုယ့်ထက် နှစ်တွေအများကြီးစောပြီး ဆရာမ အလုပ်လုပ်ခဲ့သလို ကိုယ့်ထက် အသက်လည်း ကြီးတဲ့ ဆရာမဟာ ကျမတို့ မြန်မာစာ ရဲ့ အစဉ်အလာအရ ရိုသေရမယ့်သူပါ။ ဒါကြောင့် ခု ကျမ ရေးတဲ့စာဟာ ပြည်သူလူထုအတွက် ကောက်ရိုးတမျှင်လောက်စာ အထောက်အပံ့အဖြစ် ရေးလိုက်ရ တာပါလို့ ပြောပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *