တ႐ုတ္ အက်ိဳးစီးပြားအတြက္ ေရးဆြဲထားတဲ့ ျမန္မာျပည္က စီမံကိန္းမ်ားႏွင့္ သတိျပဳဖြယ္ရာ

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံဟာ ျပည္သူေတြရဲ႕ ဆႏၵမဲနဲ႔ ဒီမိုကေရစီ လမ္းေၾကာင္း‌ေပၚမွာ လြတ္လပ္စြာ ရပ္တည္ေနတဲ့ ႏိုင္ငံျဖစ္ပါတယ္ ..

ခ်ိဳင္းနားရဲ႕ BRI စီမံကိန္းေတြဟာ ျမန္မာအစိုးရ ျမန္မာျပည္သူေတြ နဲ႔ ညႇိႏႈိင္းတိုင္ပင္ ေရးဆြဲထားတာ မဟုတ္ပဲ ခ်ိဳင္းနား အက်ိဳးစီးပြားအတြက္သာ ေရးဆြဲထားတဲ့ စီမံကိန္းေတြျဖစ္ပါတယ္ .. ခ်ိဳင္းနားအစိုးရဟာ ကြန္ျမဴနစ္ စနစ္အရ ဖြဲ႕စည္းထားတဲ့ အာဏာအေျချပဳ အစိုးရျဖစ္ပါတယ္ ..

ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာ အစိုးရခ်င္းဆက္ဆံေရးသာမက ျပည္သူခ်င္းဆက္ဆံေရးဟာလည္း အဓိကက်တဲ့ ဆက္ဆံေရးျဖစ္ေၾကာင္း လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္က ေရွးကတည္းက ထုတ္ေဖာ္ေျပာဆိုထားပါတယ္ ..

ခ်ိဳင္းနားအစိုးရက ကမ္းလွမ္းလာတဲ့ စီမံကိန္းေတြဟာ တစ္ဖက္သတ္ေရးဆြဲထားတဲ့ စီမံကိန္းေတြျဖစ္ၿပီး ျပည္ေထာင္စု ျမန္မာႏိုင္ငံရဲ႕ Economic Development Model နဲ႔ ကိုက္ညီမႈ ရွိ မရွိ ေဘးထြက္ဆိုးက်ိဳး ရွိ မရွိ ေသခ်ာစြာ အခ်ိန္ေပး စီစစ္ရပါမယ္ ..

အခ်ိန္ေပး စိစစ္ခဲ့တာေၾကာင့္ ေက်ာက္ျဖဴေရနက္စီမံကိန္းဟာ ခ်ိဳင္းနားရဲ႕ အေႂကြးေထာင္ေခ်ာက္ကို ေရွာင္လႊဲႏိုင္ခဲ့တယ္ဆိုတာ ကမာၻကပင္ အသိအမွတ္ ျပဳခဲ့ရပါတယ္ ..

ျမစ္ဆုံစီမံကိန္း ညႇိႏႈိင္းခဲ့ရာမွာလည္း လာဘ္ေပးလာ္ယူမႈေတြ ရွိခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚလာခဲ့ၿပီး အေမွ်ာ္အျမင္မရွိေသာ လုပ္ရပ္အျဖစ္ ျမန္မာျပည္သူမ်ားက မွတ္ခ်က္ခ် ကန႔္ကြက္ခဲ့တာ ယခုတိုင္အထိပါပဲ ..

၁၉၈၉ တီအန္မင္ လူထုလႈပ္ရွားမႈကိုလည္း ၁၉၈၈ ျမန္မာ့ဒီမိုကေရစီအေရးေတာ္ပုံရဲ႕ ႐ိုက္ခတ္မႈအျဖစ္ ခ်ိဳင္းနားကြန္ျမဴနစ္အစိုးရက ရႈျမင္ခဲ့တာေၾကာင့္ ျမန္မာ့ဒီမိုကေရစီအေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာေအာင္ ေနရာေပါင္းစုံကေန ထိုးေဖာက္စိမ့္ဝင္ လႈပ္ရွားေနတာကို ေတြ႕ရပါတယ္ ..

ကေလးႏို႔မႈန႔္အထဲမွာ မယ္လမင္းမႈန႔္ေရာထည့္ျခင္း တံဆိပ္အတု ကုန္ပစၥည္းမ်ား ထုတ္လုပ္ျခင္း အရည္အေသြးမမွီတဲ့ ထုတ္ကုန္မ်ားကို အိမ္နီးခ်င္းႏိုင္ငံမ်ားသို႔ တင္ပို႔ျခင္း အင္တာနက္ကြန္ယက္ကိုအသုံးခ်ကာ သတင္းမ်ားလွ်ိဳ႕ဝွက္ရယူျခင္း စသည့္အခ်က္ေတြဟာ ခ်ိဳင္းနားရဲ႕ နာမည္ပ်က္ မွတ္တမ္းမ်ားျဖစ္ေနပါတယ္ ..

ထို႔အျပင္ ခ်ိဳင္းနားဟာ ဝူဟန္ဗိုင္းရပ္စ္ စတင္ျပန႔္ပြားခဲ့ရမႈရဲ႕ အေၾကာင္းအရင္းကို ႏိုင္ငံတကာႏွင့္ အခ်ိန္မီ ပူးေပါင္းရွာေဖြရန္ ပ်က္ကြက္ခဲ့ၿပီး သတင္းထိန္ခ်န္မႈမ်ားရွိခဲ့တာေၾကာင့္ တစ္ကမာၻလုံး ထိခိုက္ခဲ့ရ ထိခိုက္ေနဆဲျဖစ္ေၾကာင္း ေဝဖန္ျပစ္တင္မႈမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္ ..

အထက္ေဖာ္ျပပါ ကမာၻသိသမိုင္းမွတ္တမ္းမ်ားကို ေရွာင္းကြင္းေရးသားထားေသာ ဆဲဗင္းေဒး သတင္းေဆာင္းပါးထဲက အစိုးရသစ္ လက္ထက္မွာေတာ့ တ႐ုတ္စီမံကိန္းႀကီးေတြနဲ႔ပတ္သက္လို႔ အခ်ိန္ဆြဲထားတာေတြကို ရင္ဆိုင္ရေတာ့မယ္ ဆိုတဲ့ အေရးအသားကို ကန႔္ကြက္ပါတယ္ ..

Koyin Thaung Dan

Unicode

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟာ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ ဒီမိုကရေစီ လမ်းကြောင်း‌ပေါ်မှာ လွတ်လပ်စွာ ရပ်တည်နေတဲ့ နိုင်ငံဖြစ်ပါတယ် ..

ချိုင်းနားရဲ့ BRI စီမံကိန်းတွေဟာ မြန်မာအစိုးရ မြန်မာပြည်သူတွေ နဲ့ ညှိနှိုင်းတိုင်ပင် ရေးဆွဲထားတာ မဟုတ်ပဲ ချိုင်းနား အကျိုးစီးပွားအတွက်သာ ရေးဆွဲထားတဲ့ စီမံကိန်းတွေဖြစ်ပါတယ် .. ချိုင်းနားအစိုးရဟာ ကွန်မြူနစ် စနစ်အရ ဖွဲ့စည်းထားတဲ့ အာဏာအခြေပြု အစိုးရဖြစ်ပါတယ် ..

နှစ်နိုင်ငံ ဆက်ဆံရေးဟာ အစိုးရချင်းဆက်ဆံရေးသာမက ပြည်သူချင်းဆက်ဆံရေးဟာလည်း အဓိကကျတဲ့ ဆက်ဆံရေးဖြစ်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရှေးကတည်းက ထုတ်ဖော်ပြောဆိုထားပါတယ် ..

ချိုင်းနားအစိုးရက ကမ်းလှမ်းလာတဲ့ စီမံကိန်းတွေဟာ တစ်ဖက်သတ်ရေးဆွဲထားတဲ့ စီမံကိန်းတွေဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ Economic Development Model နဲ့ ကိုက်ညီမှု ရှိ မရှိ ဘေးထွက်ဆိုးကျိုး ရှိ မရှိ သေချာစွာ အချိန်ပေး စီစစ်ရပါမယ် ..

အချိန်ပေး စိစစ်ခဲ့တာကြောင့် ကျောက်ဖြူရေနက်စီမံကိန်းဟာ ချိုင်းနားရဲ့ အကြွေးထောင်ချောက်ကို ရှောင်လွှဲနိုင်ခဲ့တယ်ဆိုတာ ကမ္ဘာကပင် အသိအမှတ် ပြုခဲ့ရပါတယ် ..

မြစ်ဆုံစီမံကိန်း ညှိနှိုင်းခဲ့ရာမှာလည်း လာဘ်ပေးလာ်ယူမှုတွေ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပြီး အမျှော်အမြင်မရှိသော လုပ်ရပ်အဖြစ် မြန်မာပြည်သူများက မှတ်ချက်ချ ကန့်ကွက်ခဲ့တာ ယခုတိုင်အထိပါပဲ ..

၁၉၈၉ တီအန်မင် လူထုလှုပ်ရှားမှုကိုလည်း ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံရဲ့ ရိုက်ခတ်မှုအဖြစ် ချိုင်းနားကွန်မြူနစ်အစိုးရက ရှုမြင်ခဲ့တာကြောင့် မြန်မာ့ဒီမိုကရေစီအရေးကို နှောင့်နှေးကြန့်ကြာအောင် နေရာပေါင်းစုံကနေ ထိုးဖောက်စိမ့်ဝင် လှုပ်ရှားနေတာကို တွေ့ရပါတယ် ..

ကလေးနို့မှုန့်အထဲမှာ မယ်လမင်းမှုန့်ရောထည့်ခြင်း တံဆိပ်အတု ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း အရည်အသွေးမမှီတဲ့ ထုတ်ကုန်များကို အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခြင်း အင်တာနက်ကွန်ယက်ကိုအသုံးချကာ သတင်းများလျှို့ဝှက်ရယူခြင်း စသည့်အချက်တွေဟာ ချိုင်းနားရဲ့ နာမည်ပျက် မှတ်တမ်းများဖြစ်နေပါတယ် ..

ထို့အပြင် ချိုင်းနားဟာ ဝူဟန်ဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့ရမှုရဲ့ အကြောင်းအရင်းကို နိုင်ငံတကာနှင့် အချိန်မီ ပူးပေါင်းရှာဖွေရန် ပျက်ကွက်ခဲ့ပြီး သတင်းထိန်ချန်မှုများရှိခဲ့တာကြောင့် တစ်ကမ္ဘာလုံး ထိခိုက်ခဲ့ရ ထိခိုက်နေဆဲဖြစ်ကြောင်း ဝေဖန်ပြစ်တင်မှုများနဲ့ ရင်ဆိုင်နေရပါတယ် ..

အထက်ဖော်ပြပါ ကမ္ဘာသိသမိုင်းမှတ်တမ်းများကို ရှောင်းကွင်းရေးသားထားသော ဆဲဗင်းဒေး သတင်းဆောင်းပါးထဲက အစိုးရသစ် လက်ထက်မှာတော့ တရုတ်စီမံကိန်းကြီးတွေနဲ့ပတ်သက်လို့ အချိန်ဆွဲထားတာတွေကို ရင်ဆိုင်ရတော့မယ် ဆိုတဲ့ အရေးအသားကို ကန့်ကွက်ပါတယ် ..

Koyin Thaung Dan

Leave a Reply

Your email address will not be published. Required fields are marked *