၁၉၅၆ ခုႏွစ္ခန႔္က ျဖစ္သည္။ Grumman ေလယာဥ္ထုတ္လုပ္ေရးအဖြဲ႕အစည္း အေနျဖင့္ ၎တို႔၏ F-11 Tiger တိုက္ေလယာဥ္သစ္ကို နယူးေယာ့ခ္ကမ္းလြန္ ၌စမ္းသပ္မႈျပဳလုပ္ေနခဲ့ျခင္းလည္းျဖစ္၏။
တိုက္ေလယာဥ္မႉးအေနျဖင့္ ၎၏တိုက္ေလယာဥ္မွ ေသနတ္ပစ္ခတ္မႈကို ခပ္ၾကာၾကာပစ္ခတ္စမ္းသပ္ျပဳလုပ္မႈအၿပီး အခ်ိန္ခဏ၌ အင္ဂ်င္ႏွင့္ ေလယာဥ္ ၏ေလကာမွန္ကို ထိခိုက္ပ်က္စီးေစသည့္ အံဩသင့္ဖြယ္ အျဖစ္အပ်က္ကို ႀကဳံေတြ႕လိုက္ရသည္ဟုဆိုသည္။
F-11 သည္ အေမရိကန္ေရတပ္၏ ေလယာဥ္စနစ္မ်ားထဲ၌ ဒုတိယအမ်ိဳးအစား အသံထက္ျမန္ေသာတိုက္ေလယာဥ္ျဖစ္ခဲ့ၿပီး ၎သည္ တစ္နာရီလွ်င္ ၈၄၃ မိုင္ပ်ံသန္းေရာက္ရွိႏိုင္မည္ျဖစ္သည္။Grumman ၏ ပထမဆုံးတည္ေဆာက္ခဲ့သည့္ အသံထက္ျမန္ေသာတိုက္ေလ ယာဥ္ျဖစ္ေသာ္လည္း ကုမၸဏီအေနျဖင့္ အသံထက္ျမန္ေသာပ်ံသန္းမႈျဖစ္စဥ္၌
အေတြ႕အႀကဳံေကာင္းစြာမရွိေသးသည့္အခ်ိန္လည္းျဖစ္ခဲ့ေပသည္။အခ်ိန္အတိအက်ဆိုရလွ်င္ ၁၉၅၆ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္ေန႔က Grumman ၏ တိုက္ေလယာဥ္မႉးတစ္ဦးသည္ Long Island ၏ ကမ္းလြန္ ပင္လယ္ျပင္အေပၚ၌ သမုဒၵရာကို ၂၀ ဒီဂရီဦးတည္ကာ ၎၏ တိုက္ေလယာဥ္မွ Colt Mk.12 20-millimeter Cannon ၄ လက္မွ ပစ္ခတ္မႈကိုျပဳလုပ္ၿပီး ေနာက္ Afterburner ကိုဖြင့္ခ်ကာပ်ံသန္းခဲ့သည္ဟုဆိုသည္။
မိနစ္အနည္းငယ္ၾကာၿပီးေနာက္ ၎၏ ေလကာသည္ ႐ုတ္တရတ္ေကာက္ ေကြးခဲ့ရသလို အင္ဂ်င္၌လည္း ဆူညံသံမ်ားထြက္ေပၚလာခဲ့သည့္အတြက္ Grumman ပိုင္ ကြၽန္းရွိေလယာဥ္ကြင္းကို ဆင္းသက္ရန္ေဆာင္႐ြက္ခဲ့ေသာ္ လည္း အခ်ိန္မရခဲ့ေတာ့ေပ။
တိုက္ေလယာဥ္မႉးက ၎အေနျဖင့္ ငွက္ေၾကာင့္ျဖစ္သည္ဟု ယူဆခဲ့ေသာ္ လည္း အမွန္တကယ္စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္သည့္အခါ ၎၏ တိုက္ ေလယာဥ္မွ ပစ္လႊတ္လိုက္သည့္ ၂၀ မမ က်ည္ဒဏ္ရာမ်ားျဖစ္ေနသည္ကို ေတြ႕ရွိခဲ့ၾကရေပသည္။
ေလ့လာမႈမ်ားအရ က်ည္ဆန္မ်ားသည္ ေလဆြဲအားေၾကာင့္ တိုက္ေလယာဥ္ ထက္ အရွိန္ႏႈန္းေႏွးေကြးစြာပ်ံသန္းေနစဥ္အခ်ိန္အတြင္း အသံထက္ ျမန္ေသာ စနစ္ျဖင့္ေမာင္းႏွင္မႈေၾကာင့္ ျပန္လည္ထိေတြ႕ခဲ့ၾကျခင္းျဖစ္သည္ဟုဆိုေပသည္။ ျဖစ္စဥ္၌ ေလယာဥ္လည္းပ်က္က်ခဲ့ရသလို ေလယာဥ္မႉးသည္လည္း အျပင္းအထန္ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ၆ လခန႔္အနားယူခဲ့ရသည္ဟုဆိုသည္။ အေမရိကန္ေရတပ္သည္ Tiger တိုက္ေလယာဥ္စနစ္ေပါင္း ၂၀၀ ကို သာ ဝယ္ယူခဲ့ၿပီး ေနာက္ပိုင္းတြင္ F-8 Crusader ႏွင့္ F-4 Phantom II စနစ္မ်ားျဖင့္သာ အစားထိုးအသုံးျပဳခဲ့ေပေတာ့သည္။
Ref-PM
CRD – MyanmarNews24
Unicode
၁၉၅၆ ခုနှစ်ခန့်က ဖြစ်သည်။ Grumman လေယာဉ်ထုတ်လုပ်ရေးအဖွဲ့အစည်း အနေဖြင့် ၎င်းတို့၏ F-11 Tiger တိုက်လေယာဉ်သစ်ကို နယူးယော့ခ်ကမ်းလွန် ၌စမ်းသပ်မှုပြုလုပ်နေခဲ့ခြင်းလည်းဖြစ်၏။
တိုက်လေယာဉ်မှူးအနေဖြင့် ၎င်း၏တိုက်လေယာဉ်မှ သေနတ်ပစ်ခတ်မှုကို ခပ်ကြာကြာပစ်ခတ်စမ်းသပ်ပြုလုပ်မှုအပြီး အချိန်ခဏ၌ အင်ဂျင်နှင့် လေယာဉ် ၏လေကာမှန်ကို ထိခိုက်ပျက်စီးစေသည့် အံဩသင့်ဖွယ် အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရသည်ဟုဆိုသည်။
F-11 သည် အမေရိကန်ရေတပ်၏ လေယာဉ်စနစ်များထဲ၌ ဒုတိယအမျိုးအစား အသံထက်မြန်သောတိုက်လေယာဉ်ဖြစ်ခဲ့ပြီး ၎င်းသည် တစ်နာရီလျှင် ၈၄၃ မိုင်ပျံသန်းရောက်ရှိနိုင်မည်ဖြစ်သည်။Grumman ၏ ပထမဆုံးတည်ဆောက်ခဲ့သည့် အသံထက်မြန်သောတိုက်လေ ယာဉ်ဖြစ်သော်လည်း ကုမ္ပဏီအနေဖြင့် အသံထက်မြန်သောပျံသန်းမှုဖြစ်စဉ်၌
အတွေ့အကြုံကောင်းစွာမရှိသေးသည့်အချိန်လည်းဖြစ်ခဲ့ပေသည်။အချိန်အတိအကျဆိုရလျှင် ၁၉၅၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က Grumman ၏ တိုက်လေယာဉ်မှူးတစ်ဦးသည် Long Island ၏ ကမ်းလွန် ပင်လယ်ပြင်အပေါ်၌ သမုဒ္ဒရာကို ၂၀ ဒီဂရီဦးတည်ကာ ၎င်း၏ တိုက်လေယာဉ်မှ Colt Mk.12 20-millimeter Cannon ၄ လက်မှ ပစ်ခတ်မှုကိုပြုလုပ်ပြီး နောက် Afterburner ကိုဖွင့်ချကာပျံသန်းခဲ့သည်ဟုဆိုသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ၎င်း၏ လေကာသည် ရုတ်တရတ်ကောက် ကွေးခဲ့ရသလို အင်ဂျင်၌လည်း ဆူညံသံများထွက်ပေါ်လာခဲ့သည့်အတွက် Grumman ပိုင် ကျွန်းရှိလေယာဉ်ကွင်းကို ဆင်းသက်ရန်ဆောင်ရွက်ခဲ့သော် လည်း အချိန်မရခဲ့တော့ပေ။
တိုက်လေယာဉ်မှူးက ၎င်းအနေဖြင့် ငှက်ကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် လည်း အမှန်တကယ်စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သည့်အခါ ၎င်း၏ တိုက် လေယာဉ်မှ ပစ်လွှတ်လိုက်သည့် ၂၀ မမ ကျည်ဒဏ်ရာများဖြစ်နေသည်ကို တွေ့ရှိခဲ့ကြရပေသည်။
လေ့လာမှုများအရ ကျည်ဆန်များသည် လေဆွဲအားကြောင့် တိုက်လေယာဉ် ထက် အရှိန်နှုန်းနှေးကွေးစွာပျံသန်းနေစဉ်အချိန်အတွင်း အသံထက် မြန်သော စနစ်ဖြင့်မောင်းနှင်မှုကြောင့် ပြန်လည်ထိတွေ့ခဲ့ကြခြင်းဖြစ်သည်ဟုဆိုပေသည်။ ဖြစ်စဉ်၌ လေယာဉ်လည်းပျက်ကျခဲ့ရသလို လေယာဉ်မှူးသည်လည်း အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၆ လခန့်အနားယူခဲ့ရသည်ဟုဆိုသည်။ အမေရိကန်ရေတပ်သည် Tiger တိုက်လေယာဉ်စနစ်ပေါင်း ၂၀၀ ကို သာ ဝယ်ယူခဲ့ပြီး နောက်ပိုင်းတွင် F-8 Crusader နှင့် F-4 Phantom II စနစ်များဖြင့်သာ အစားထိုးအသုံးပြုခဲ့ပေတော့သည်။
Ref-PM
CRD – MyanmarNews24