ျမန္မာျပည္မွာ ကိုဗစ္ပိုးေတြ႕လူနာ (၃) ရာခိုင္ႏႈန္းထိ က်ဆင္းေသာ္လည္း ေသႏႈန္းမက်..

ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ကိုဗစ္ပိုးေတြ႕လူနာ ၃ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားေသာ္လည္း ေသဆုံးမႈႏႈန္း သိသိသာသာက်ဆင္းသြားျခင္း မရွိေသးေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္တဲ့ စာရင္းမ်ားအရ သိရပါတယ္။

ယခုဒီဇင္ဘာ ေနာက္ဆုံးပတ္မွ စတင္ကာ ပိုးေတြ႕ရွိမႈႏႈန္းထားမ်ား ယခင္ထက္ သိသိသာသာ က်ဆင္းသြားၿပီး ဒီဇင္ဘာ ၂၅ ရက္ေန႔တြင္ ၃.၉ ရာခိုင္ႏႈန္း ၊ ၂၆ ရက္ေန႔တြင္ ၃.၆ ရာခိုင္ႏႈန္း၊ ၂၇ ရက္ေန႔တြင္ ၃.၇ ရာခိုင္ႏႈန္းႏွင့္ ၂၈ ရက္ေန႔တြင္ ၃.၄ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားၿပီး တစ္ရက္လွ်င္ ပွ်မ္းမွ်အားျဖင့္ ဓာတ္ခြဲနမူနာအေရအတြက္ ႏွစ္ေသာင္းခန႔္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ေသဆုံးမႈႏႈန္းထားမ်ားမွာ တစ္ရက္ပွ်မ္းမွ်အားျဖင့္ လူနာ အေယာက္ ၂၀ ခန႔္ ေသဆုံး လ်က္ရွိၿပီး ယင္းႏႈန္းထားမ်ားမွာ ယခင္အတိုင္းက်ဆင္းသြာျခင္းေတာ့ မရွိေသးပါဘူး။

ဒီဇင္ဘာ ၂၈ ရက္ေန႔အထိ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္သည့္ စာရင္းမ်ားအရ တစ္ႏိုင္ငံလုံးအတိုင္းအတာႏွင့္ ပိုးေတြ႕လူနာ ၁၂၂,၅၃၄ ဦးရွိၿပီး ေဆး႐ုံဆင္းခြင့္ရရွိသူ ၁၀၄,၃၅၁ ဦးရွိကာ ပို႔ေတြ႕လူနာမ်ားအနက္ ေသဆုံးသူ ၂,၆၁၈ ရွိပါတယ္။ ထို႔ေၾကာင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ပိုးေတြ႕လူနာဦးေရမွာ ၁၅၀၀၀ ေက်ာ္ပဲ က်န္ရွိေတာ့တာျဖစ္ပါတယ္။
Unicode

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ပိုးတွေ့လူနာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားသော်လည်း သေဆုံးမှုနှုန်း သိသိသာသာကျဆင်းသွားခြင်း မရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ စာရင်းများအရ သိရပါတယ်။

ယခုဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်ကာ ပိုးတွေ့ရှိမှုနှုန်းထားများ ယခင်ထက် သိသိသာသာ ကျဆင်းသွားပြီး ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ၃.၉ ရာခိုင်နှုန်း ၊ ၂၆ ရက်နေ့တွင် ၃.၆ ရာခိုင်နှုန်း၊ ၂၇ ရက်နေ့တွင် ၃.၇ ရာခိုင်နှုန်းနှင့် ၂၈ ရက်နေ့တွင် ၃.၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး တစ်ရက်လျှင် ပျှမ်းမျှအားဖြင့် ဓာတ်ခွဲနမူနာအရေအတွက် နှစ်သောင်းခန့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

သေဆုံးမှုနှုန်းထားများမှာ တစ်ရက်ပျှမ်းမျှအားဖြင့် လူနာ အယောက် ၂၀ ခန့် သေဆုံး လျက်ရှိပြီး ယင်းနှုန်းထားများမှာ ယခင်အတိုင်းကျဆင်းသွာခြင်းတော့ မရှိသေးပါဘူး။

ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိုးတွေ့လူနာ ၁၂၂,၅၃၄ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၄,၃၅၁ ဦးရှိကာ ပို့တွေ့လူနာများအနက် သေဆုံးသူ ၂,၆၁၈ ရှိပါတယ်။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုးတွေ့လူနာဦးရေမှာ ၁၅၀၀၀ ကျော်ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *