ရန္ကုန္-မေကြး-အမ္း-စစ္ေတြ ေလယာဥ္ခရီစဥ္ ဇန္န ဝါရီလ ၁ ရက္ တြင္ ျပန္လည္ ေျပး ဆြဲမည္

ရန္ကုန္-မေကြး-အမ္း-စစ္ေတြ ေလယာဥ္ခရီစဥ္ကို လာ မယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီ ၁ ရက္မွာ စတင္ေျပးဆြဲမွာ ျဖစ္တယ္လို႔ MNA ေလေ ၾကာင္းလိုင္း မေကြးကိုယ္စားလွယ္ ဦးစံေထြး က ေျပာ ပါတယ္။

အပတ္စဥ္ တနလၤာေန႔နဲ႔ ေသာၾကာေန႔ေတြမွာ ေလယာဥ္ေျပးဆြဲဖို႔ စီစဥ္ထားၿပီး က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ က်န္းမာေရးစည္းကမ္းခ်က္ေတြနဲ႔ အညီ ေျပးဆြဲႏိုင္ဖို႔ ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ေလယာဥ္စီးခရီးသည္ေတြအေနနဲ႔ ႏွစ္ရက္ ႀကိဳတင္ၿပီး က်န္းမာေရးစစ္ေဆးမႈေတြ ေဆာင္႐ြက္ရမွာျဖစ္ၿပီး ဓါတ္ခြဲနမူနာ ယူစစ္ေဆးတာေတြကို မန္ႀကီးကန္စစ္ေဆးေရးဂိတ္မွာ သြားေရာက္ စစ္ေဆးရမွာလို႔ သိရပါတယ္။ ကိုဗစ္ကာလ ခရီးသြားတာေတြဟာ က်န္းမာေရးစစ္ေဆးမႈေတြ အသြား အလာကန႔္သတ္ေနထိုင္ရတာေတြရွိတဲ့ အတြက္ ေလေၾကာင္းလိုင္းေျပးဆြဲႏိုင္ဖို႔ ေဆာင္႐ြက္ေနေပမယ့္ ခရီးသည္နည္းႏိုင္တယ္လို႔ MNA ေလေၾကာင္းလိုင္း မေကြးကိုယ္စားလွယ္က ေျပာပါတယ္။

ရန္ကုန္-မေကြး-အမ္း-စစ္ေတြ ေလယာဥ္ ခရီးစဥ္ကို ကိုဗစ္-၁၉ ေရာဂါ ဒုတိယလႈိင္း အစမွာ ေျပးဆြဲမႈ ရပ္နားခဲ့တာျဖစ္ၿပီး အဲဒီလို ရပ္နားၿပီး ႏွစ္လခြဲအၾကာမွ အခုလို ျပန္လည္ ေျပးဆြဲမွာ ျဖစ္တယ္ပါတယ္။ ပုံမွန္ ေျပးဆြဲစဥ္က ရန္ကုန္-မေကြး-အမ္း-စစ္ေတြ ေလယာဥ္ခရီးစဥ္မွာ ခရီးသည္ (၁၅) ဦးကေန (၂၀) အထိ လိုက္စီးနင္း ၿပီး ၊ မေကြး-အမ္း-စစ္ေတြ ေလယာဥ္ခရီစဥ္မွာေတ့ ခရီးသည္ (၃၀)ဦး အထိလိုက္ၾကတယ္ လို႔သိရပါတယ္။
သတင္း-စိုးစိုးဦး၊သက္ခိုင္မိုး
CRD- One News Myanmar

Unicode

ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီစဉ်ကို လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်ပြေးဆွဲမှာ ဖြစ်တယ်လို့ MNA လေကြောင်းလိုင်း မကွေးကိုယ်စားလှယ် ဦးစံထွေး က ပြောပါတယ်။

အပတ်စဉ် တနင်္လာနေ့နဲ့ သောကြာနေ့တွေမှာ လေယာဉ်ပြေးဆွဲဖို့ စီစဉ်ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့ အညီ ပြေးဆွဲနိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လေယာဉ်စီးခရီးသည်တွေအနေနဲ့ နှစ်ရက် ကြိုတင်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်ခွဲနမူနာ ယူစစ်ဆေးတာတွေကို မန်ကြီးကန်စစ်ဆေးရေးဂိတ်မှာ သွားရောက် စစ်ဆေးရမှာလို့ သိရပါတယ်။ ကိုဗစ်ကာလ ခရီးသွားတာတွေဟာ ကျန်းမာရေးစစ်ဆေးမှုတွေ အသွား အလာကန့်သတ်နေထိုင်ရတာတွေရှိတဲ့ အတွက် လေကြောင်းလိုင်းပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေပေမယ့် ခရီးသည်နည်းနိုင်တယ်လို့ MNA လေကြောင်းလိုင်း မကွေးကိုယ်စားလှယ်က ပြောပါတယ်။

ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ် ခရီးစဉ်ကို ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်း အစမှာ ပြေးဆွဲမှု ရပ်နားခဲ့တာဖြစ်ပြီး အဲဒီလို ရပ်နားပြီး နှစ်လခွဲအကြာမှ အခုလို ပြန်လည် ပြေးဆွဲမှာ ဖြစ်တယ်ပါတယ်။ ပုံမှန် ပြေးဆွဲစဉ်က ရန်ကုန်-မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီးစဉ်မှာ ခရီးသည် (၁၅) ဦးကနေ (၂၀) အထိ လိုက်စီးနင်း ပြီး ၊ မကွေး-အမ်း-စစ်တွေ လေယာဉ်ခရီစဉ်မှာတေ့ ခရီးသည် (၃၀)ဦး အထိလိုက်ကြတယ် လို့သိရပါတယ်။
သတင်း-စိုးစိုးဦး၊သက်ခိုင်မိုး
CRD- One News Myanmar

Leave a Reply

Your email address will not be published. Required fields are marked *