အသက္(၁၈)ႏွစ္ျပည့္ၿပီးသူတိုင္း မြန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တြင္ စစ္မႈထမ္းရန္ မြန္လူငယ္အဖြဲ႕ တိုက္တြန္း

အသက္(၁၈)ႏွစ္ျပည့္ၿပီးသူတိုင္း စစ္ပညာသင္ၾကားၿပီး မြန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တြင္ ဝင္ ေရာက္အမႈထမ္းၾကရန္ မြန္လူငယ္အဖြဲ႕မွ တိုက္တြန္းလိုက္သည္။ ယေန႔က်ေရာက္တဲ့ ကိုးႀကိမ္ေျမာက္ မြန္လူငယ္ေန႔ထုတ္ျပန္ခ်က္တြင္ အထက္ပါအတိုင္း ထည့္သြင္းေျပာ ဆိုထားျခင္းျဖစ္သည္။

၂၀၁၀ ခုႏွစ္မွစ၍ ႏိုင္ငံေရးအခင္းအက်င္း အေျပာင္းအလဲျဖစ္ေပၚလာသည့္အတြက္ တစ္ဖက္တြင္ ဝမ္း ေျမာက္ဝမ္းသာျဖစ္မိေသာ္လည္း အျခားတစ္ဖက္တြင္ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေၾကာင့္လည္းေကာင္း၊ ေ႐ြးေကာက္ပြဲဆိုင္ရာအေနအထားေၾကာင့္လည္းေကာင္း၊ အာဏာရပါတီ၏ သေဘာထားေၾကာင့္ ဖယ္ဒ ရယ္ျပည္ေထာင္စုတည္ေဆာက္ေရးမွာ စိန္ေခၚမႈမ်ားႏွင့္ တစ္ဆို႔ေနေၾကာင္း ထုတ္ျပန္ခဲ့သည္။

ကိုယ့္ကံၾကမၼာ ကိုယ္ဖန္တီးေရးအတြက္ တိုက္ပြဲဝင္ေနသည့္ မြန္ႏိုင္ငံေရးပါတီမ်ားကို ကြၽႏ္ုပ္တို႔လူငယ္မ်ားက ဝမ္းပန္းတသာ ႀကိဳဆို႐ုံမွ်မက မြန္လူငယ္တို႔ သမိုင္းေပးတာဝန္အရ မြန္ျပည္သစ္ပါတီႏွင့္ မြန္ညီၫြတ္ေရး ပါတီသို႔လည္း ဝင္ေရာက္ထမ္းေဆာင္ၾကရမည္ျဖစ္ေၾကာင္း၊ ပြင့္ပြင့္လင္းလင္းေျပာရလွ်င္ အသက္(၁၈)ႏွစ္ ျပည့္ၿပီးသူတိုင္း စစ္ပညာသင္ၾကားၿပီး မြန္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္တြင္ ဝင္ေရာက္အမႈထမ္းရန္ တိုက္တြန္းအပ္ေၾကာင္း ထုတ္ျပန္သည္။
MPI

Unicode

အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်ပညာသင်ကြားပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်တွင် ဝင် ရောက်အမှုထမ်းကြရန် မွန်လူငယ်အဖွဲ့မှ တိုက်တွန်းလိုက်သည်။ ယနေ့ကျရောက်တဲ့ ကိုးကြိမ်မြောက် မွန်လူငယ်နေ့ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ထည့်သွင်းပြော ဆိုထားခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်မှစ၍ နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲဖြစ်ပေါ်လာသည့်အတွက် တစ်ဖက်တွင် ဝမ်း မြောက်ဝမ်းသာဖြစ်မိသော်လည်း အခြားတစ်ဖက်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာအနေအထားကြောင့်လည်းကောင်း၊ အာဏာရပါတီ၏ သဘောထားကြောင့် ဖယ်ဒ ရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ စိန်ခေါ်မှုများနှင့် တစ်ဆို့နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေးအတွက် တိုက်ပွဲဝင်နေသည့် မွန်နိုင်ငံရေးပါတီများကို ကျွန်ုပ်တို့လူငယ်များက ဝမ်းပန်းတသာ ကြိုဆိုရုံမျှမက မွန်လူငယ်တို့ သမိုင်းပေးတာဝန်အရ မွန်ပြည်သစ်ပါတီနှင့် မွန်ညီညွတ်ရေး ပါတီသို့လည်း ဝင်ရောက်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောရလျှင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း စစ်ပညာသင်ကြားပြီး မွန်အမျိုးသားလွတ်မြောက်ရေးတပ်တွင် ဝင်ရောက်အမှုထမ်းရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်သည်။
MPI

Leave a Reply

Your email address will not be published. Required fields are marked *