တရားမ၀င္လုပ္သားမ်ားကိုမွတ္ပံုတင္ေရး အစိုးရအဖြဲ႕ခြင့္ျပဳခ်က္ရရန္ ထိုင္းျပည္ထဲေရး၀န္ႀကီးဌာန လုပ္ ေဆာင္ေန

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကိုထိန္းခ်ဳပ္ႏိုင္ရန္ ကေမာၻဒီးယား၊ လာအိုႏွင့္ ျမန္မာႏိုင္ငံတို႔မွ ေ႐ႊ႕ေျပာင္းလုပ္သား မ်ားကို တရား၀င္အလုပ္လုပ္ကိုင္မႈမွတ္ပံုတင္ေပးရန္ ထိုင္းျပည္ထဲေရး၀န္ႀကီးဌာနက အစိုးရအဖြဲ႔ခြင့္ျပဳခ်က္ရ ရန္ႀကိဳးစားေနသည္။

အဂၤါေန႔တြင္ျပဳလုပ္ရန္စီစဥ္ထားသည့္အပတ္စဥ္အစိုးရအဖြဲ႔အစည္းအေ၀းတြင္ ၀န္ႀကီးဌာနကတင္ျပေတာင္းခံ သြားရန္ေမွ်ာ္လင့္ရသည္ဟု ၀န္ႀကီးဌာနသတင္းရင္းျမစ္တေယာက္က ဘန္ေကာက္ပို႔စ္သတင္းစာကိုေျပာသည္။

အစိုးရအဖြဲ႔ကအတည္ျပဳပါက ေ႐ႊ႕ေျပာင္းလုပ္သားမ်ားဆိုင္ရာအက္ဥပေဒ၏ပုဒ္မ ၁၇ ကို႐ုတ္သိမ္းၿပီး တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားမွတ္ပံုတင္မည္ျဖစ္သည္။ တနလၤာေန႔မတိုင္မီ ကေမာၻဒီးယား၊ လာအိုႏွင့္ ျမန္မာတို႔မွထိုင္းသို႔၀င္ေရာက္လာသူမ်ားကို သက္ေရာက္မႈ႐ွိ မည္ျဖစ္ၿပီး တနလၤာေန႔ေနာက္ပိုင္းေရာက္လာသူမ်ားအက်ံဳးမ၀င္ေၾကာင္းလည္း သတင္းရင္းျမစ္ကျဖည့္ စြက္ေျပာဆိုသည္။

ထိုလုပ္ရပ္သည္ ႏိုင္ငံအတြင္းမွတရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို အစိုးရ၏ေရာဂါထိန္းခ်ဳပ္ေရးအစီ အစဥ္မ်ားတြင္ပါ၀င္ေစၿပီး ေျခရာခံႏိုင္ရန္ရည္႐ြယ္ထားသည္။ တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ျပည္တြင္းကူးစက္မႈမ်ားကိုေစာင့္ၾကည့္ရာတြင္ အခက္အခဲျဖစ္ေစသည္ဟု ကၽြမ္းက်င္သူမ်ားကေျပာသည္။

ထိုင္းတြင္တရား၀င္ေ႐ႊ႕ေျပာင္းလုပ္သား ၂.၃ သန္း႐ွိၿပီး ႏိုင္ငံအတြင္း တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သား ၁ သန္းအထိ အလုပ္လုပ္ေနထိုင္ေနေၾကသည္ဟု ကၽြမ္းက်င္သူမ်ားကခန္႔မွန္းသည္။
Ref : Ministry seeks cabinet nod for registration of illegal workers
CRD – PeopleMedia

Unicode

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရန် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သား များကို တရားဝင်အလုပ်လုပ်ကိုင်မှုမှတ်ပုံတင်ပေးရန် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ခွင့်ပြုချက်ရ ရန်ကြိုးစားနေသည်။

အင်္ဂါနေ့တွင်ပြုလုပ်ရန်စီစဉ်ထားသည့်အပတ်စဉ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဝန်ကြီးဌာနကတင်ပြတောင်းခံ သွားရန်မျှော်လင့်ရသည်ဟု ဝန်ကြီးဌာနသတင်းရင်းမြစ်တယောက်က ဘန်ကောက်ပို့စ်သတင်းစာကိုပြောသည်။

အစိုးရအဖွဲ့ကအတည်ပြုပါက ရွှေ့ပြောင်းလုပ်သားများဆိုင်ရာအက်ဥပဒေ၏ပုဒ်မ ၁၇ ကိုရုတ်သိမ်းပြီး တရားမဝင်ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်မည်ဖြစ်သည်။ တနင်္လာနေ့မတိုင်မီ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာတို့မှထိုင်းသို့ဝင်ရောက်လာသူများကို သက်ရောက်မှုရှိ မည်ဖြစ်ပြီး တနင်္လာနေ့နောက်ပိုင်းရောက်လာသူများအကျုံးမဝင်ကြောင်းလည်း သတင်းရင်းမြစ်ကဖြည့် စွက်ပြောဆိုသည်။

ထိုလုပ်ရပ်သည် နိုင်ငံအတွင်းမှတရားမဝင်ရွှေ့ပြောင်းလုပ်သားများကို အစိုးရ၏ရောဂါထိန်းချုပ်ရေးအစီ အစဉ်များတွင်ပါဝင်စေပြီး ခြေရာခံနိုင်ရန်ရည်ရွယ်ထားသည်။ တရားမဝင်ရွှေ့ပြောင်းလုပ်သားများသည် ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်းကူးစက်မှုများကိုစောင့်ကြည့်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ကျွမ်းကျင်သူများကပြောသည်။

ထိုင်းတွင်တရားဝင်ရွှေ့ပြောင်းလုပ်သား ၂.၃ သန်းရှိပြီး နိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သား ၁ သန်းအထိ အလုပ်လုပ်နေထိုင်နေကြေသည်ဟု ကျွမ်းကျင်သူများကခန့်မှန်းသည်။
Ref : Ministry seeks cabinet nod for registration of illegal workers
CRD – PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *