တူရကီကို F-35sတိုက္ေလယာဥ္ေရာင္းဝယ္ေရးမိတ္ဖက္ စာရင္းကေန အေမရီကန္ထုတ္ပယ္။ ( ရုရွား ဆီက S-400 စနစ္ေတြ ဝယ္ခဲ့တဲ့ အက်ဳိးအဆက္ေတြကို ခံစားေနရျပီလား တူရကီ….)

ယင္းအစား ပိုလန္ကိုအခြင့္အေရးေပးရန္ ရီပတ္ဘလီကန္အမတ္မ်ားလိုလား

F-35 Lightning II တိုက္ေလယာဥ္ေတြနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ႏွစ္အတြင္း စံခ်ိန္တင္အေနနဲ႔ အမွာစာ၁၂၃ခုကို လက္ခံရရွိခဲ့တယ္လို႔ ေလာ့ဟိမာတင္ကုမၸဏီရဲ႕ဥကၠဌျဖစ္သူ Bill Brothertonက ထုတ္ေဖာ္ေျပာဆိုခဲတယ္လို႔ Military.Comမွာ သတင္းေရးသားထားတာေတြ႕ရပါတယ္။

ဒါေပမယ့္လို႔ ကမာၻလုံးဆိုင္ရာ ကိုဗစ္ကပ္ေရာဂါေၾကာင့္ သူတို႔အေနနဲ႔ အမွာစာေတြကို ျပည့္မီေအာင္မလုပ္ႏိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။

အဲဒီအထဲမွာ အေမရီကန္ေလတပ္မေတာ္အတြက္ ၇၄စင္းနဲ႔ မိတ္ဖက္ႏိုင္ငံေတြအတြက္ ၃၁စင္း ပို႔ေပးႏိုင္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမယ့္လို႔ S-400ေတြကို ႐ုရွားဆီကေန ဝယ္ယူဘို႔ဆုံးျဖတ္ခဲ့တဲ့ တူရကီကိုေတာ့ အေမရီကန္ဘက္က F-35s မဟာမိတ္ဖက္စာရင္းထဲကေန ထုတ္ပယ္ပစ္ခဲ့ပါတယ္။ တူရကီကို မိတ္ဖက္စာရင္းထဲကေန ထုတ္ပစ္ၿပီး ၾသဂုတ္လထဲမွာေတာ့ အေမရီကန္ရီပတ္ဘလီကန္အထက္လႊတ္ေတာ္အမတ္ေတြက မဟာမိတ္ေတြရဲ႕ ေပါင္းစည္းမႈကို ခိုင္မာစာေရအတြက္ ပိုလန္ကို လမ္းဖြင့္ေပးဘို႔ တြန္းအားေပးေဆာင္႐ြတ္ေနတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္မို႔လို႔ အခုဆိုရင္ ပိုလန္ႏိုင္ငံဟာလည္း သူတို႔ရဲ႕ေလတပ္အတြက္ ေဒၚလာ၆.၅ဘီလီယံတန္ဘိုးရွိတဲ့ F-35A၃၂နဲ႔ ဆက္စပ္ပစၥည္းေတြကို ဝယ္ယူသြားေတာ့မွာျဖစ္ပါတယ္။ ပိုလန္ႏိုင္ငံဟာဆိုရင္ တစ္ခ်ိန္က ဝါေဆာစစ္စာခ်ဳပ္အဖြဲ႕ဝင္ႏိုင္ငံတစ္ခုျဖစ္ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ အေနာက္အုပ္စုနဲ႔ ခိုင္မာတဲ့ဆက္ဆံေရးကို တည္ေဆာက္ေနတာလည္းျဖစ္ပါတယ္။

CRD_ေမာင္ဉာဏ္မင္း (ဆားလင္းႀကီး)

Unicode

ဒါပေမယ့်လို့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကြောင့် သူတို့အနေနဲ့ အမှာစာတွေကို ပြည့်မီအောင်မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီအထဲမှာ အမေရီကန်လေတပ်မတော်အတွက် ၇၄စင်းနဲ့ မိတ်ဖက်နိုင်ငံတွေအတွက် ၃၁စင်း ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့်လို့ S-400တွေကို ရုရှားဆီကနေ ဝယ်ယူဘို့ဆုံးဖြတ်ခဲ့တဲ့ တူရကီကိုတော့ အမေရီကန်ဘက်က F-35s မဟာမိတ်ဖက်စာရင်းထဲကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။ တူရကီကို မိတ်ဖက်စာရင်းထဲကနေ ထုတ်ပစ်ပြီး သြဂုတ်လထဲမှာတော့ အမေရီကန်ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်တွေက မဟာမိတ်တွေရဲ့ ပေါင်းစည်းမှုကို ခိုင်မာစာရေအတွက် ပိုလန်ကို လမ်းဖွင့်ပေးဘို့ တွန်းအားပေးဆောင်ရွတ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့်မို့လို့ အခုဆိုရင် ပိုလန်နိုင်ငံဟာလည်း သူတို့ရဲ့လေတပ်အတွက် ဒေါ်လာ၆.၅ဘီလီယံတန်ဘိုးရှိတဲ့ F-35A၃၂နဲ့ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူသွားတော့မှာဖြစ်ပါတယ်။ ပိုလန်နိုင်ငံဟာဆိုရင် တစ်ချိန်က ဝါဆောစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အနောက်အုပ်စုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

CRD_မောင်ဉာဏ်မင်း (ဆားလင်းကြီး)

Leave a Reply

Your email address will not be published. Required fields are marked *