ဒီလို ေလးစားဖြယ္ ထိုင္းလူမ်ိဳးေတြရွိတာ ျမန္မာအလုပ္သမားေတြအတြက္ ဝမ္းသာစရာပါပဲ..

ထိုင္းႏိုင္ငံ မွ စားေသာက္ဆိုင္ ပိုင္ရွင္တစ္ဦးက ျမန္မ ာလုပ္သားမ်ား အစားအေသာက္ အခက္အခဲ ျဖစ္ပါက အခမဲ့ လာယူႏိုင္ေၾကာင္း ထိုင္း – ျမန္မာ ဘာသာႏွစ္မ်ိဳးျဖင့္ ေရးသားကာ ဖိတ္ေခၚထားေၾကာင္း ဘန္ေကာက္ပို႔စ္ သတင္းဌာနမွာ ေဖာ္ျပထားသည္။

အျခား စားေသာက္ဆိုင္မ်ားက ေ႐ြ႕ေျပာင္းလုပ္သားမ်ား ေပးသည့္ ေငြကိုပင္ ျငင္းဆန္ေနခ်ိန္တြင္ အဆိုပါ ဆိုင္က ေ႐ြ႕ေျပာင္း လုပ္သမားမ်ား၊ အထူးသျဖင့္ ျမန္မာႏိုင္ငံသားမ်ားကို အစားအစာ အခမဲ့ေပးရန္အတြက္ ကမ္းလွမ္းလိုက္ျခင္း ျဖစ္သည္။

ထိုသို႔ ကမ္းလွမ္းသည့္ ဆိုင္မွာ Nakhon Sawan ခ႐ိုင္ရွိ Uthayan Sawan ပန္းၿခံ အနီးက Apichai Chalanan ဆိုသူ ပိုင္ဆိုင္ေသာ Bon Bon Nakhon Sawan အမည္ ရွိ ဆိုင္ျဖစ္ကာ ျမန္မာ ဘာသာျဖင့္ “ျမန္မာ အလုပ္သမားမ်ား အစားအစာ အခက္အခဲ ျဖစ္ပါက Bon Bon ဆိုင္သို႔ လာယူႏိုင္ပါသည္။ အခမဲ့ ေပးသည္” ဟု ေရးသားထားျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံတြင္ ကိုဗစ္ဒုတိယလႈိင္း ျဖစ္ပြားေနၿပီး ျမန္မာေ႐ြ႕ေျပာင္းအလုပ္သမားမ်ားကို ဗိုင္းရပ္စ္ သယ္ေဆာင္သူမ်ားအျဖစ္ ေၾကာက္႐ြံသူမ်ားက ေရွာင္ဖယ္ေနၾကေၾကာင္း၊ အစားစာ ဝယ္ရန္ ႀကိဳးပမ္းေသာ္လည္း ျငင္းပယ္ခံခဲ့ၾကရေၾကာင္း သိရသည္။

ေ႐ြ႕ေျပာင္း အလုပ္သမားမ်ား၏ အခက္အခဲကို စာနာေသာအားျဖင့္ ထိုသို႔ ျပဳလုပ္ရန္အတြက္ ဆိုင္ပိုင္ရွင္က ဆုံးျဖတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာပါသည္။ ထို႔အျပင္ ျမန္မာသာမက ေ႐ြ႕ေျပာင္းအလုပ္သမားမ်ား အျခားစားေသာက္ဆိုင္မ်ားမွ ဝယ္မရပါက ၄င္းဆိုင္မွ အခမဲ့ ရယူႏိုင္ကာ ညေနပိုင္း ၅ နာရီမွ ညဥ့္နက္ပိုင္း အထိ ဖြင့္ေသာေၾကာင့္ အခက္အခဲ့ႀကဳံရသည့္ ေ႐ြ႕ေျပာင္း အလုပ္သမားအေနျဖင့္ ဆိုင္တြင္ အစားအစာ ဘူးတစ္ဘူးကို အခမဲ့ ရယူႏိုင္ေၾကာင္းလည္း ဆိုင္ရွင္က ဆိုသည္။

ထိုသို႔ အခမဲ့ ရယူႏိုင္ေၾကာင္း အသိေပးခ်က္ကိုလည္း ကိုဗစ္ကာလ အေျခအေန ေကာင္းမြန္သည့္တိုင္ ဆက္လက္ ထားရွိသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။လက္ရွိတြင္ ထိုင္းႏိုင္ငံေရာက္ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားသည္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ေနရၿပီး အလုပ္ျဖဳတ္ခံရျခင္း၊ အလုပ္ခ်ိန္ေလွ်ာ့ခ်ျခင္း၊ အေထာက္အထားမဲ့မ်ားျဖစ္သြားျခင္း၊ လစာမရွင္းသည့္ကိစၥမ်ား ႀကဳံေတြ႕ေနရသည့္အျပင္ အျခားေသာအခက္အခဲမ်ားစြာလည္း ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ တရားဝင္အလုပ္သြားေရာက္လုပ္ကိုင္ေသာ ျမန္မာလုပ္သားဦးေရ ၁ ဒသမ ၆ သန္းရွိၿပီး ၎က ထိုင္းတစ္ႏိုင္ငံလုံးတြင္ရွိသည့္ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား၏ သုံပုံႏွစ္ပုံ ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ကိုဗစ္ေၾကာင့္ ထိုင္းႏိုင္ငံတြင္ အလုပ္လက္မဲ့ျဖစ္သြားသူ ေ႐ႊ႕ေျပာင္းလုပ္သားဦးေရသည္ (၅) သိန္းေက်ာ္ရွိေၾကာင္း ထိုင္းအေျခစိုက္ေ႐ႊ႕ေျပာင္းအလုပ္သမား အဖြဲ႕အစည္းမ်ား၏ စာရင္းမ်ားအရ သိရသည္။

Unicode

ထိုင်းနိုင်ငံ မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက မြန်မာလုပ်သားများ အစားအသောက် အခက်အခဲ ဖြစ်ပါက အခမဲ့ လာယူနိုင်ကြောင်း ထိုင်း – မြန်မာ ဘာသာနှစ်မျိုးဖြင့် ရေးသားကာ ဖိတ်ခေါ်ထားကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနမှာ ဖော်ပြထားသည်။

အခြား စားသောက်ဆိုင်များက ရွေ့ပြောင်းလုပ်သားများ ပေးသည့် ငွေကိုပင် ငြင်းဆန်နေချိန်တွင် အဆိုပါ ဆိုင်က ရွေ့ပြောင်း လုပ်သမားများ၊ အထူးသဖြင့် မြန်မာနိုင်ငံသားများကို အစားအစာ အခမဲ့ပေးရန်အတွက် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ကမ်းလှမ်းသည့် ဆိုင်မှာ Nakhon Sawan ခရိုင်ရှိ Uthayan Sawan ပန်းခြံ အနီးက Apichai Chalanan ဆိုသူ ပိုင်ဆိုင်သော Bon Bon Nakhon Sawan အမည် ရှိ ဆိုင်ဖြစ်ကာ မြန်မာ ဘာသာဖြင့် “မြန်မာ အလုပ်သမားများ အစားအစာ အခက်အခဲ ဖြစ်ပါက Bon Bon ဆိုင်သို့ လာယူနိုင်ပါသည်။ အခမဲ့ ပေးသည်” ဟု ရေးသားထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်ပွားနေပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများကို ဗိုင်းရပ်စ် သယ်ဆောင်သူများအဖြစ် ကြောက်ရွံသူများက ရှောင်ဖယ်နေကြကြောင်း၊ အစားစာ ဝယ်ရန် ကြိုးပမ်းသော်လည်း ငြင်းပယ်ခံခဲ့ကြရကြောင်း သိရသည်။

ရွေ့ပြောင်း အလုပ်သမားများ၏ အခက်အခဲကို စာနာသောအားဖြင့် ထိုသို့ ပြုလုပ်ရန်အတွက် ဆိုင်ပိုင်ရှင်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပါသည်။ ထို့အပြင် မြန်မာသာမက ရွေ့ပြောင်းအလုပ်သမားများ အခြားစားသောက်ဆိုင်များမှ ဝယ်မရပါက ၄င်းဆိုင်မှ အခမဲ့ ရယူနိုင်ကာ ညနေပိုင်း ၅ နာရီမှ ညဉ့်နက်ပိုင်း အထိ ဖွင့်သောကြောင့် အခက်အခဲ့ကြုံရသည့် ရွေ့ပြောင်း အလုပ်သမားအနေဖြင့် ဆိုင်တွင် အစားအစာ ဘူးတစ်ဘူးကို အခမဲ့ ရယူနိုင်ကြောင်းလည်း ဆိုင်ရှင်က ဆိုသည်။

ထိုသို့ အခမဲ့ ရယူနိုင်ကြောင်း အသိပေးချက်ကိုလည်း ကိုဗစ်ကာလ အခြေအနေ ကောင်းမွန်သည့်တိုင် ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အခက်အခဲများစွာ ကြုံတွေ့နေရပြီး အလုပ်ဖြုတ်ခံရခြင်း၊ အလုပ်ချိန်လျှော့ချခြင်း၊ အထောက်အထားမဲ့များဖြစ်သွားခြင်း၊ လစာမရှင်းသည့်ကိစ္စများ ကြုံတွေ့နေရသည့်အပြင် အခြားသောအခက်အခဲများစွာလည်း ကြုံတွေ့နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်သွားရောက်လုပ်ကိုင်သော မြန်မာလုပ်သားဦးရေ ၁ ဒသမ ၆ သန်းရှိပြီး ၎င်းက ထိုင်းတစ်နိုင်ငံလုံးတွင်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ သုံပုံနှစ်ပုံ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ကိုဗစ်ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လက်မဲ့ဖြစ်သွားသူ ရွှေ့ပြောင်းလုပ်သားဦးရေသည် (၅) သိန်းကျော်ရှိကြောင်း ထိုင်းအခြေစိုက်ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *