ကိုဗစ္နဲ႔ ႏွစ္သစ္မွာ ဆရာႀကီး ေဒါက္တာေဇာ္ေဝစိုးရဲ႕ ရန္ကုန္ ကိုဗစ္ ပြဲသိမ္းတိုက္ပြဲ

ခရစ္စမတ္ ကာလ မတိုင္ခင္မွာ ရန္ကုန္ ကိုဗစ္ ကာကြယ္ေရး တပ္မႉးႀကီး ေဒါက္တာ ေဇာ္ေဝစိုး ထြက္ေျပာသြားတယ္ ။ ရန္ကုန္မွာ ကိုဗစ္ ပြဲသိမ္း တိုက္ပြဲ ဆင္ႏြဲရမယ္တဲ့ ။ ေခါင္းမေထာင္ႏိုင္ေအာင္ တိုက္ပစ္ရမယ္တဲ့ ။ ဒီ ဆရာေတာ့ လုပ္ျပန္ၿပီလို႔ က်ေနာ့္မွာ ရယ္မိတယ္ ။ ရန္ကုန္မွာ ကိုဗစ္ ဒုတိယလႈိင္း ဝင္အေဆာင့္ ၊ တပ္ပ်က္ေနတုန္း ကလည္း ေဖာက္ဖ်က္ တိုက္မယ္ ၊ ၂ ပါတ္အတြင္း အျပတ္ ရွင္းမယ္လို႔ ႀကဳံးဝါးပစ္တယ္ ။ အဲ့ဒီတုန္းက တႏိုင္ငံလုံး ဝိုင္းဟားၾကတာ ေတြ႕လိုက္ရေသးတယ္ ။

ရန္ကုန္သား အမ်ားစု ကေတာ့ မဟားၾကပါဘူး ။ အဲ့ဒီတုန္းက ရန္ကုန္ဟာ ကူကယ္ရာမဲ့ ဘဝ ေရာက္ေနတာကိုး ။ ေဆး႐ုံေတြမွာ လူနာေတြ ျပည့္လ်ံေနၿပီ ။ ICU ဆိုတာ လက္ခ်ိဳး ေရတြက္လို႔ရတဲ့ ပမာဏပဲ ရွိေသးတယ္ ။ လမ္းေပၚမွာ အေရးေပၚ လူနာတင္ ကားေတြ အသံကုန္ဟစ္ ၊ မီးေတြဖြင့္ၿပီး အစီးေပါင္းမ်ားစြာ ေျပးလႊား ေနတာကို ျမင္ေနရၿပီ ။ တခါမွ မျမင္ဘူး မေတြ႕ဘူးတဲ့ ျမင္ကြင္းေတြ ၊ အေတြ႕အႀကဳံေတြ ။ ရန္ကုန္သားေတြ ေသြးပ်က္ေနၿပီ ။

အဲ့ဒီအခ်ိန္မွာ ဆရာေဇာ္ေဝစိုးက ေရွ႕ထြက္ၿပီး ေခါင္းခံေအာ္ ပစ္လိုက္တာ။ ေဖာင္ဖ်က္ ေနာက္ဆုံး တိုက္ပြဲလို႔ ညာသံ ေပးၿပီး စိတ္ဓါတ္ေတြ ျမင့္ပစ္လိုက္တာ။ သူ႔ေနာက္မွာ ဦးၿဖိဳးမင္းသိန္း ရွိတယ္ ။ ပရဟိတ သူရဲေကာင္း ဦးေဇာ္ေဇာ္ ရွိတယ္ ။ သူတို႔ အင္အား ၊ သူတို႔ တြန္းအားနဲ႔ ေအာ္ပစ္လိုက္တာ ။ ဦးၿဖိဳးမင္းသိန္း တို႔က ေအာ္လို႔ မရဘူး ။ ေအာ္ခြင့္ မရွိဘူး ။ က်န္းမာေရး ၾသဇာေညာင္းတဲ့ သူက ေခါင္းထိုးခံ ေအာ္မွရမယ္ ။ သူ႔စကားကို သူကိုယ္တိုင္ မယုံပါဘူး ။ က်န္းမာေရး ပညာရွင္ေလ သိတာေပါ့ဗ်ာ ။ ဒါေပမယ့္ ဒီလိုမ်ိဳး စိတ္ဓါတ္မွ မျမႇင့္ရင္ ရန္ကုန္ က်မယ္ ၊ ေ႐ြးေကာက္ပြဲေတာင္ ပ်က္သြားႏိုင္တယ္ ။

သုံးလ အၾကာမွာ ရန္ကုန္ဟာ အေျခအေန ေကာင္းလာတယ္ ။ တေန႔လူနာ ေလးရာေအာက္ ေရာက္လာတယ္ ။ ကိုဗစ္စင္တာ သုံးခုေလာက္ကိုေတာင္ စတန္းဘိုင္ အေနအထား နဲ႔ ပိတ္ပစ္ ႏိုင္လာၿပီ ။ လူနာကုတင္ေပါင္း ေသာင္းနဲ႔ ခ်ီၿပီး အဆင္သင့္ ျပင္ဆင္ ထားႏိုင္လာတယ္ ။ ICU ယူနစ္ ေထာင္ခ်ီၿပီး အသင့္ျပင္ ထားႏိုင္တယ္ ။ အခုတခါ ထြက္ေျပာျပန္ၿပီ ။ ပြဲသိမ္း တိုက္ပြဲတဲ့ ။ ဘယ္ႏိုင္ငံက မွ မႀကဳံးဝါး ႏိုင္ေသးတာကို ထႀကဳံးဝါး ပစ္တာ ။ အေမ့သား ပီပီ ၊ အေမ့ကို ယုံလို႔ ေျပာလိုက္တာ ။ မျဖစ္ႏိုင္ေသးဘူး ဆိုတာ မူလတန္း ကေလးေတာင္ သိတယ္ ၊ ေျပာသင့္ ေျပာထိုက္လို႔ ေျပာလိုက္တာ ။

ဒါေပမယ့္ ဒီတခါေတာ့ ရန္ကုန္သားေတြ သူ႔ကို မဟားၾကေတာ့ဘူး ။ လက္ခုပ္တီး ေထာက္ခံ အားေပးေနၾကၿပီ ။ ဒီတခါ သူေျပာတာ စီးပြားေရး ခ်က္ႀကိဳး ျပတ္မွာ စိုးလို႔ စီးပြားေရး အသက္ဆက္ဖို႔ စိတ္ခြန္အားေပး ေျပာတာ ။ သူ႔ ေနာက္မွာ အေမ နဲ႔ ဦးၿဖိဳးမင္းသိန္း ရွိေနတယ္ ။ ရန္ကုန္ သားေတြ အသင့္ျပင္ ထားၾကပါ ။ စည္းလုံးၾကပါ ။ စည္းကမ္း လိုက္နာၾကပါ ။ စီးပြားေရး သမားေတြ ျပင္ဆင္ထားၾကပါ ။ ေက်ာင္းသား မိဘေတြ ျပင္ဆင္ထားၾကပါ ။ ႐ုံးသမား အလုပ္သမားကအစ ကားသမား ဆိုက္ကား ဆရာ အဆုံး ျပင္ဆင္ထားၾကပါ ။ ကိုဗစ္ စည္းကမ္းကို သိေအာင္ လုပ္ၾကပါ ။ လိုက္နာႏိုင္ေအာင္ ျပင္ဆင္ထားပါ ။

တစ္ေယာက္ ေဖာက္ရင္ တၿပဳံႀကီး ပါသြားႏိုင္ပါတယ္ ။ မူလီေလး တခု ေခ်ာင္တာနဲ႔ စက္႐ုံႀကီး တခုလုံး ရပ္သြားႏိုင္ပါတယ္ ။ ျမင္းခြာသံေလး တခု ျပဳတ္တာ နဲ႔ စစ္ပြဲႀကီး တခုလုံး ရႈံးသြားႏိုင္ပါတယ္ ။ မငတ္ခ်င္ရင္ ထြက္ အလုပ္လုပ္ၾကဖို႔ လိုပါတယ္ ။ mask ကို မျဖဳတ္တမ္း တပ္ႏိုင္ေအာင္ ေလ့က်င့္ထားၾကပါ ။ ​ဟိုကိုင္ ဒီကိုင္ အက်င့္ေတြ ေဖ်ာက္ ႏိုင္ေအာင္ က်င့္ထားၾကပါ ။ ကိုင္ၿပီး လက္ေဆး အသိ ေခါင္းထဲ သံမႈိစြဲသလို ႐ိုက္ထဲ့ထားပါ ။ စကားကို က်ယ္က်ယ္ ေျပာတတ္ေအာင္ အိမ္မွာ ေလ့က်င့္ထားပါ ။ စုစု စုစု နဲ႔ ေခါင္းခ်င္းဆိုင္ အတင္းေျပာတဲ့ အေလ့အက်င့္ေတြ ေဖ်ာက္ၾကပါ ။ ခ်စ္သူေတြ အၾကည့္ခ်င္းဆုံ လက္ခ်င္းဆုံ ထမင္းစားတဲ့ အက်င့္ေလး ခန သိမ္းထားၾကပါအုန္း ။

စည္းကမ္း ေဖာက္သူကို အစိုးရကလည္း ထိထိေရာက္ေရာက္ ျမန္ျမန္ ဆန္ဆန္ အေရးယူပါ ။ မၾကာခင္ ပညာေပး ကာလ ကုန္လို႔ ဒဏ္ေပးကာလ ေရာက္ေစ ခ်င္ပါၿပီ ။ အငတ္ ေဘးက ႐ုန္းထြက္ဖို႔ ရန္ကုန္ ပြဲသိမ္း တိုက္ပြဲ ဆင္ႏြဲစို႔ ။ ေက်ာင္းပညာ အဆက္ မျပတ္ေရး ကေလးမ်ားကို နယူးေနာ္မယ္ ဘဝ နဲ႔ ထိေတြ႕ေပး ။ ကိုဗစ္ စည္းကမ္း ေဖာက္သူ မ်ား ဝိုင္းဝန္း ေစာင့္ၾကည့္ ရႈံ႕ခ်ၾက ။ (zarni zeya)

Unicode

ခရစ်စမတ် ကာလ မတိုင်ခင်မှာ ရန်ကုန် ကိုဗစ် ကာကွယ်ရေး တပ်မှူးကြီး ဒေါက်တာ ဇော်ဝေစိုး ထွက်ပြောသွားတယ် ။ ရန်ကုန်မှာ ကိုဗစ် ပွဲသိမ်း တိုက်ပွဲ ဆင်နွဲရမယ်တဲ့ ။ ခေါင်းမထောင်နိုင်အောင် တိုက်ပစ်ရမယ်တဲ့ ။ ဒီ ဆရာတော့ လုပ်ပြန်ပြီလို့ ကျနော့်မှာ ရယ်မိတယ် ။ ရန်ကုန်မှာ ကိုဗစ် ဒုတိယလှိုင်း ဝင်အဆောင့် ၊ တပ်ပျက်နေတုန်း ကလည်း ဖောက်ဖျက် တိုက်မယ် ၊ ၂ ပါတ်အတွင်း အပြတ် ရှင်းမယ်လို့ ကြုံးဝါးပစ်တယ် ။ အဲ့ဒီတုန်းက တနိုင်ငံလုံး ဝိုင်းဟားကြတာ တွေ့လိုက်ရသေးတယ် ။

ရန်ကုန်သား အများစု ကတော့ မဟားကြပါဘူး ။ အဲ့ဒီတုန်းက ရန်ကုန်ဟာ ကူကယ်ရာမဲ့ ဘဝ ရောက်နေတာကိုး ။ ဆေးရုံတွေမှာ လူနာတွေ ပြည့်လျံနေပြီ ။ ICU ဆိုတာ လက်ချိုး ရေတွက်လို့ရတဲ့ ပမာဏပဲ ရှိသေးတယ် ။ လမ်းပေါ်မှာ အရေးပေါ် လူနာတင် ကားတွေ အသံကုန်ဟစ် ၊ မီးတွေဖွင့်ပြီး အစီးပေါင်းများစွာ ပြေးလွှား နေတာကို မြင်နေရပြီ ။ တခါမှ မမြင်ဘူး မတွေ့ဘူးတဲ့ မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေ ။ ရန်ကုန်သားတွေ သွေးပျက်နေပြီ ။

အဲ့ဒီအချိန်မှာ ဆရာဇော်ဝေစိုးက ရှေ့ထွက်ပြီး ခေါင်းခံအော် ပစ်လိုက်တာ။ ဖောင်ဖျက် နောက်ဆုံး တိုက်ပွဲလို့ ညာသံ ပေးပြီး စိတ်ဓါတ်တွေ မြင့်ပစ်လိုက်တာ။ သူ့နောက်မှာ ဦးဖြိုးမင်းသိန်း ရှိတယ် ။ ပရဟိတ သူရဲကောင်း ဦးဇော်ဇော် ရှိတယ် ။ သူတို့ အင်အား ၊ သူတို့ တွန်းအားနဲ့ အော်ပစ်လိုက်တာ ။ ဦးဖြိုးမင်းသိန်း တို့က အော်လို့ မရဘူး ။ အော်ခွင့် မရှိဘူး ။ ကျန်းမာရေး သြဇာညောင်းတဲ့ သူက ခေါင်းထိုးခံ အော်မှရမယ် ။ သူ့စကားကို သူကိုယ်တိုင် မယုံပါဘူး ။ ကျန်းမာရေး ပညာရှင်လေ သိတာပေါ့ဗျာ ။ ဒါပေမယ့် ဒီလိုမျိုး စိတ်ဓါတ်မှ မမြှင့်ရင် ရန်ကုန် ကျမယ် ၊ ရွေးကောက်ပွဲတောင် ပျက်သွားနိုင်တယ် ။

သုံးလ အကြာမှာ ရန်ကုန်ဟာ အခြေအနေ ကောင်းလာတယ် ။ တနေ့လူနာ လေးရာအောက် ရောက်လာတယ် ။ ကိုဗစ်စင်တာ သုံးခုလောက်ကိုတောင် စတန်းဘိုင် အနေအထား နဲ့ ပိတ်ပစ် နိုင်လာပြီ ။ လူနာကုတင်ပေါင်း သောင်းနဲ့ ချီပြီး အဆင်သင့် ပြင်ဆင် ထားနိုင်လာတယ် ။ ICU ယူနစ် ထောင်ချီပြီး အသင့်ပြင် ထားနိုင်တယ် ။ အခုတခါ ထွက်ပြောပြန်ပြီ ။ ပွဲသိမ်း တိုက်ပွဲတဲ့ ။ ဘယ်နိုင်ငံက မှ မကြုံးဝါး နိုင်သေးတာကို ထကြုံးဝါး ပစ်တာ ။ အမေ့သား ပီပီ ၊ အမေ့ကို ယုံလို့ ပြောလိုက်တာ ။ မဖြစ်နိုင်သေးဘူး ဆိုတာ မူလတန်း ကလေးတောင် သိတယ် ၊ ပြောသင့် ပြောထိုက်လို့ ပြောလိုက်တာ ။

ဒါပေမယ့် ဒီတခါတော့ ရန်ကုန်သားတွေ သူ့ကို မဟားကြတော့ဘူး ။ လက်ခုပ်တီး ထောက်ခံ အားပေးနေကြပြီ ။ ဒီတခါ သူပြောတာ စီးပွားရေး ချက်ကြိုး ပြတ်မှာ စိုးလို့ စီးပွားရေး အသက်ဆက်ဖို့ စိတ်ခွန်အားပေး ပြောတာ ။ သူ့ နောက်မှာ အမေ နဲ့ ဦးဖြိုးမင်းသိန်း ရှိနေတယ် ။ ရန်ကုန် သားတွေ အသင့်ပြင် ထားကြပါ ။ စည်းလုံးကြပါ ။ စည်းကမ်း လိုက်နာကြပါ ။ စီးပွားရေး သမားတွေ ပြင်ဆင်ထားကြပါ ။ ကျောင်းသား မိဘတွေ ပြင်ဆင်ထားကြပါ ။ ရုံးသမား အလုပ်သမားကအစ ကားသမား ဆိုက်ကား ဆရာ အဆုံး ပြင်ဆင်ထားကြပါ ။ ကိုဗစ် စည်းကမ်းကို သိအောင် လုပ်ကြပါ ။ လိုက်နာနိုင်အောင် ပြင်ဆင်ထားပါ ။

တစ်ယောက် ဖောက်ရင် တပြုံကြီး ပါသွားနိုင်ပါတယ် ။ မူလီလေး တခု ချောင်တာနဲ့ စက်ရုံကြီး တခုလုံး ရပ်သွားနိုင်ပါတယ် ။ မြင်းခွာသံလေး တခု ပြုတ်တာ နဲ့ စစ်ပွဲကြီး တခုလုံး ရှုံးသွားနိုင်ပါတယ် ။ မငတ်ချင်ရင် ထွက် အလုပ်လုပ်ကြဖို့ လိုပါတယ် ။ mask ကို မဖြုတ်တမ်း တပ်နိုင်အောင် လေ့ကျင့်ထားကြပါ ။ ​ဟိုကိုင် ဒီကိုင် အကျင့်တွေ ဖျောက် နိုင်အောင် ကျင့်ထားကြပါ ။ ကိုင်ပြီး လက်ဆေး အသိ ခေါင်းထဲ သံမှိုစွဲသလို ရိုက်ထဲ့ထားပါ ။ စကားကို ကျယ်ကျယ် ပြောတတ်အောင် အိမ်မှာ လေ့ကျင့်ထားပါ ။ စုစု စုစု နဲ့ ခေါင်းချင်းဆိုင် အတင်းပြောတဲ့ အလေ့အကျင့်တွေ ဖျောက်ကြပါ ။ ချစ်သူတွေ အကြည့်ချင်းဆုံ လက်ချင်းဆုံ ထမင်းစားတဲ့ အကျင့်လေး ခန သိမ်းထားကြပါအုန်း ။

စည်းကမ်း ဖောက်သူကို အစိုးရကလည်း ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် အရေးယူပါ ။ မကြာခင် ပညာပေး ကာလ ကုန်လို့ ဒဏ်ပေးကာလ ရောက်စေ ချင်ပါပြီ ။ အငတ် ဘေးက ရုန်းထွက်ဖို့ ရန်ကုန် ပွဲသိမ်း တိုက်ပွဲ ဆင်နွဲစို့ ။ ကျောင်းပညာ အဆက် မပြတ်ရေး ကလေးများကို နယူးနော်မယ် ဘဝ နဲ့ ထိတွေ့ပေး ။ ကိုဗစ် စည်းကမ်း ဖောက်သူ များ ဝိုင်းဝန်း စောင့်ကြည့် ရှုံ့ချကြ ။ (zarni zeya)

Leave a Reply

Your email address will not be published. Required fields are marked *