COVID-19 ကူးစက္ခံထားရသည့္ ထိုင္းေရာက္ ျမန္မာလုပ္သား (၁၃၀၀) ေက်ာ္ ရွိလာ

ထိုင္းေရာက္ ျမန္မာလုပ္သားေတြ COVID-19 ကူးစက္ခံရမႈဟာ အေယာက္ (၁၃၀၀) ေက်ာ္ ရွိလာၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ဒီေန႔ ဒီဇင္ဘာ (၂၉) ရက္ ထိုင္းအစိုးရ ထုတ္ျပန္ခ်က္ေတြအရ ကူးစက္မႈ အသစ္ (၁၅၀) ေက်ာ္ ေတြ႕ရွိၿပီး အဲ့ဒီထဲမွာ ေ႐ႊ႕ေျပာင္းလုပ္သား (၁၀) ေယာက္ ပါဝင္ပါတယ္။

ထိုင္းႏိုင္ငံအတြင္း ေ႐ႊ႕ေျပာင္းလုပ္သား (၁၅၀၀) ခန႔္ ကူးစက္ခံထားရၿပီး အမ်ားဆုံးက ျမန္မာလုပ္သားေတြ ျဖစ္တယ္လို႔ ထိုင္းအေျခစိုက္ ပညာေရး ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) ၊ အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးက ေျပာပါတယ္။

စမြတ္ဆာခြန္ ပုစြန္ေစ်း အေရးေပၚယာယီေဆး႐ုံမွာေတာ့ ျမန္မာလုပ္သားေတြ အမ်ားဆုံး ကုသမႈ ခံယူေနတာ ျဖစ္ပါတယ္။ေနာက္ထပ္ စမြတ္ဆာခြန္ အားကစား႐ုံမွာ ကုတင္တစ္ေထာင္ဆံ့ ကိုဗစ္ကာကြယ္ကုသေရး ယာယီေဆး႐ုံ တည္ေဆာက္ေနတယ္လို႔ သိရပါတယ္။

ထိုင္းႏိုင္ငံ တစ္ဝန္းလုံးမွာေတာ့ ဒီေန႔ထိဆိုရင္ COVID-19 ပိုးေတြ႕လူနာဟာ အေယာက္ (၆၄၀၀) ေက်ာ္ ရွိပါတယ္။
သတင္း-ေဝယံထက္ဝင္း
ဓာတ္ပုံ-AP

Unicode

ထိုင်းရောက် မြန်မာလုပ်သားတွေ COVID-19 ကူးစက်ခံရမှုဟာ အယောက် (၁၃၀၀) ကျော် ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့ ဒီဇင်ဘာ (၂၉) ရက် ထိုင်းအစိုးရ ထုတ်ပြန်ချက်တွေအရ ကူးစက်မှု အသစ် (၁၅၀) ကျော် တွေ့ရှိပြီး အဲ့ဒီထဲမှာ ရွှေ့ပြောင်းလုပ်သား (၁၀) ယောက် ပါဝင်ပါတယ်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သား (၁၅၀၀) ခန့် ကူးစက်ခံထားရပြီး အများဆုံးက မြန်မာလုပ်သားတွေ ဖြစ်တယ်လို့ ထိုင်းအခြေစိုက် ပညာရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ၊ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

စမွတ်ဆာခွန် ပုစွန်ဈေး အရေးပေါ်ယာယီဆေးရုံမှာတော့ မြန်မာလုပ်သားတွေ အများဆုံး ကုသမှု ခံယူနေတာ ဖြစ်ပါတယ်။နောက်ထပ် စမွတ်ဆာခွန် အားကစားရုံမှာ ကုတင်တစ်ထောင်ဆံ့ ကိုဗစ်ကာကွယ်ကုသရေး ယာယီဆေးရုံ တည်ဆောက်နေတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံ တစ်ဝန်းလုံးမှာတော့ ဒီနေ့ထိဆိုရင် COVID-19 ပိုးတွေ့လူနာဟာ အယောက် (၆၄၀၀) ကျော် ရှိပါတယ်။
သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ-AP

Leave a Reply

Your email address will not be published. Required fields are marked *