ႏွစ္သစ္ကူးည အက်ဥ္းေထာင္အတြင္း ေပ်ာ္ပြဲ႐ႊင္ပြဲအက်ဥ္း႐ုံးသာျပဳလုပ္ေပး မည္

ႏွစ္သစ္ကူးညမွာ အရင္ႏွစ္ေတြက ျပင္ပကအႏုပညာရွင္ေတြနဲ႔ အက်ဥ္းေထာင္အတြင္းေဖ်ာ္ေျဖမႈ ေတြျပဳလုပ္ေပးခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ Covid-19 ကပ္ေရာဂါေၾကာင့္အက်ဥ္း႐ုံးသာျပဳလုပ္ေပးမယ္ လို႔ ရန္ကုန္တိုင္းအက်ဥ္းဦးစီးဌာနက ၫႊန္ၾကားေရးမႉးဦးေဇာ္ေဇာ္ကေျပာပါတယ္။

“အျပင္ကေတာ့ ဖိတ္ေခၚၿပီးေတာ့လုပ္လို႔ေတာ့မရဘူးေလဗ်ာ ကိုဗစ္လဲရွိတာကိုး။ အတြင္းမွာေတာ့ ကြၽန္ေတာ္တို႔က အက်ဥ္းသားအခ်င္းေဖ်ာ္ေျဖတာေတြ ဒါကေတာ့အေသးအဖြဲေပါ့ အႀကီးအက်ယ္ ႀကီးေတာ့မဟုတ္ပါဘူး။ သူတို႔အထဲမွာရွိတဲ့အႏုပညာရွင္တစ္ခ်ိဳ႕ရွိတယ္ေလ။

အဲဒါေလးေတြကအ ေဆာင္ေတြကိုလိုက္ေဖ်ာ္ေျဖတာေတြရွိပါတယ္။ ဒါေပမယ့္လက္ရွိက်န္းမာေရးအေျခအေနအရ ကြၽန္‌ ေတာ္တို႔က လူစုလူေဝးလဲအမ်ားႀကီးလုပ္လို႔မရေတာ့ေလ အနည္းအက်ဥ္းေလာက္ေဖ်ာ္ေျဖတာ ေလးေတြရွိပါတယ္ခင္ဗ်။ တျခားႀကီးႀကီးက်ယ္က်ယ္ေတာ့ကြၽန္ေတာ္တို႔မလုပ္ပါဘူး” လို႔ ဦးေဇာ္ေဇာ္က ေျပာပါတယ္။

အက်ဥ္းသားအခ်င္းခ်င္းျပန္လည္ေဖ်ာ္တာေတြျပဳလုပ္ေပးမွာျဖစ္ေပမယ့္ လက္ရွိက်န္းမာအေရးအ ေျခအေနအရ လူစုလူေဝးျပဳလုပ္ဖို႔အဆင္မေျပတဲ့အတြက္ အက်ဥ္းေထာင္ထဲမွာရွိေနတဲ့အေဆာင္ ေတြကို လိုက္လံေဖ်ာ္ေျဖတဲ့ပုံစံမ်ိဳးနဲ႔ျပဳလုပ္သြားမွာျဖစ္ပါတယ္။

အင္းစိန္အက်ဥ္းေထာင္မွာေတာ့ Covid-19 ကပ္ေရာဂါနဲ႔ပတ္သက္ၿပီး အက်ဥ္းသားေတြကိုကူးစက္မႈ မရွိေအာင္ စနစ္တက်ေဆာင္႐ြက္ေနၿပီး အက်ဥ္းသားေတြကို ပုံမွန္အပူခ်ိန္တိုင္းတာေတြ အေဆာင္ ေတြမွာ ေဆးျဖန္းတာေတြနဲ႔ တျခားႀကိဳတင္ျပင္ဆင္မႈေတြျပဳလုပ္ေပးေနတယ္လို႔ သိရပါတယ္။
သတင္း-ၿဖိဳးေဝလင္း

CRD – One News Myanmar

Unicode

နှစ်သစ်ကူးညမှာ အရင်နှစ်တွေက ပြင်ပကအနုပညာရှင်တွေနဲ့ အကျဉ်းထောင်အတွင်းဖျော်ဖြေမှု တွေပြုလုပ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ Covid-19 ကပ်ရောဂါကြောင့်အကျဉ်းရုံးသာပြုလုပ်ပေးမယ် လို့ ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးဦးဇော်ဇော်ကပြောပါတယ်။

“အပြင်ကတော့ ဖိတ်ခေါ်ပြီးတော့လုပ်လို့တော့မရဘူးလေဗျာ ကိုဗစ်လဲရှိတာကိုး။ အတွင်းမှာတော့ ကျွန်တော်တို့က အကျဉ်းသားအချင်းဖျော်ဖြေတာတွေ ဒါကတော့အသေးအဖွဲပေါ့ အကြီးအကျယ် ကြီးတော့မဟုတ်ပါဘူး။ သူတို့အထဲမှာရှိတဲ့အနုပညာရှင်တစ်ချို့ရှိတယ်လေ။ အဲဒါလေးတွေကအ ဆောင်တွေကိုလိုက်ဖျော်ဖြေတာတွေရှိပါတယ်။ ဒါပေမယ့်လက်ရှိကျန်းမာရေးအခြေအနေအရ ကျွန်‌ တော်တို့က လူစုလူဝေးလဲအများကြီးလုပ်လို့မရတော့လေ အနည်းအကျဉ်းလောက်ဖျော်ဖြေတာ လေးတွေရှိပါတယ်ခင်ဗျ။ တခြားကြီးကြီးကျယ်ကျယ်တော့ကျွန်တော်တို့မလုပ်ပါဘူး” လို့ ဦးဇော်ဇော်က ပြောပါတယ်။

အကျဉ်းသားအချင်းချင်းပြန်လည်ဖျော်တာတွေပြုလုပ်ပေးမှာဖြစ်ပေမယ့် လက်ရှိကျန်းမာအရေးအ ခြေအနေအရ လူစုလူဝေးပြုလုပ်ဖို့အဆင်မပြေတဲ့အတွက် အကျဉ်းထောင်ထဲမှာရှိနေတဲ့အဆောင် တွေကို လိုက်လံဖျော်ဖြေတဲ့ပုံစံမျိုးနဲ့ပြုလုပ်သွားမှာဖြစ်ပါတယ်။

အင်းစိန်အကျဉ်းထောင်မှာတော့ Covid-19 ကပ်ရောဂါနဲ့ပတ်သက်ပြီး အကျဉ်းသားတွေကိုကူးစက်မှု မရှိအောင် စနစ်တကျဆောင်ရွက်နေပြီး အကျဉ်းသားတွေကို ပုံမှန်အပူချိန်တိုင်းတာတွေ အဆောင် တွေမှာ ဆေးဖြန်းတာတွေနဲ့ တခြားကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
သတင်း-ဖြိုးဝေလင်း

Leave a Reply

Your email address will not be published. Required fields are marked *