အေမရိကန္ စစ္တပ္က ဘက္စုံ အသုံးျပဳႏိုင္မည့္ ေလဆာေရာင္ခ်ည္သုံး လက္နက္သစ္ဖန္တီးႏိုင္ရန္ စတင္ႀကိဳးပန္းလာ…

အေမရိကန္စစ္လက္နက္ထုတ္လုပ္ေရးပညာရွင္မ်ားသည္ ဘက္စုံ အသုံးျပဳႏိုင္မည့္ေလဆာေရာင္ခ်ည္သုံး လက္နက္သစ္ ဖန္တီးႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။

ဗားဂ်ီးနီးယားျပည္နယ္တြင္ အေျခစိုက္ထားေသာပါဆန္ေကာ္ပိုေရး ရွင္းအား ေလဆာေရာင္ခ်ည္သုံးလက္နက္သစ္ ဖန္တီးႏိုင္ရန္အတြက္ အေမရိကန္ေဒၚလာ သန္း ၄ဝ အေထာက္အပံ့ေပးခဲ့ေသာစာခ်ဳပ္ခ်ဳပ္ဆို ခဲ့ကာ လက္ရွိအခ်ိန္တြင္ စမ္းသပ္မႈမ်ား စတင္ျပဳလုပ္လ်က္ရွိသည္။

ထုတ္လုပ္မည့္လက္နက္အား သတ္မွတ္အကြာအေဝးအတြင္းသို႔ ေရာက္ ရွိလာေသာ ေလယာဥ္၊ ရဟတ္ယာဥ္မ်ားႏွင့္ ေမာင္းသူမဲ့ယာဥ္မ်ားအား ပစ္ခ်ဖ်က္ဆီးႏိုင္စြမ္းရွိရန္ႏွင့္ ေပါက္ကြဲေစတတ္ေသာပစၥည္းမ်ားကို ဖယ္ ရွားရွင္းလင္းရန္ဆိုေသာလုပ္ေဆာင္ခ်က္မ်ား လုပ္ေဆာင္ႏိုင္ေအာင္ ဖန္တီး ေပးရမည္ျဖစ္သည္။

အကြာအေဝး ေပ ၁ဝဝဝ အတြင္းရွိေသာ ေျမျမႇဳပ္ မိုင္းမ်ား၊ ဗုံးမ်ားႏွင့္ ေပါက္ကြဲေစတတ္ေသာအျခားပစၥည္းမ်ားအား စနက္တံျဖဳတ္ျခင္းႏွင့္ ဖ်က္ဆီးျခင္းကဲ့သို႔ လုပ္ေဆာင္ခ်က္မ်ား လုပ္ေဆာင္ ႏိုင္မည့္ ေလဆာေရာင္ခ်ည္သုံးလက္နက္သစ္အား ထုတ္လုပ္ေပးရမည္ဟု အတည္ျပဳထားသည္။

Unicode

အမေရိကန်စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များသည် ဘက်စုံ အသုံးပြုနိုင်မည့်လေဆာရောင်ချည်သုံး လက်နက်သစ် ဖန်တီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဗားဂျီးနီးယားပြည်နယ်တွင် အခြေစိုက်ထားသောပါဆန်ကော်ပိုရေး ရှင်းအား လေဆာရောင်ချည်သုံးလက်နက်သစ် ဖန်တီးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၄ဝ အထောက်အပံ့ပေးခဲ့သောစာချုပ်ချုပ်ဆို ခဲ့ကာ လက်ရှိအချိန်တွင် စမ်းသပ်မှုများ စတင်ပြုလုပ်လျက်ရှိသည်။

ထုတ်လုပ်မည့်လက်နက်အား သတ်မှတ်အကွာအဝေးအတွင်းသို့ ရောက် ရှိလာသော လေယာဉ်၊ ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့ယာဉ်များအား ပစ်ချဖျက်ဆီးနိုင်စွမ်းရှိရန်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကို ဖယ် ရှားရှင်းလင်းရန်ဆိုသောလုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်အောင် ဖန်တီး ပေးရမည်ဖြစ်သည်။

အကွာအဝေး ပေ ၁ဝဝဝ အတွင်းရှိသော မြေမြှုပ် မိုင်းများ၊ ဗုံးများနှင့် ပေါက်ကွဲစေတတ်သောအခြားပစ္စည်းများအား စနက်တံဖြုတ်ခြင်းနှင့် ဖျက်ဆီးခြင်းကဲ့သို့ လုပ်ဆောင်ချက်များ လုပ်ဆောင် နိုင်မည့် လေဆာရောင်ချည်သုံးလက်နက်သစ်အား ထုတ်လုပ်ပေးရမည်ဟု အတည်ပြုထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *